ရေးသားသူ : Academy
မဂိုအင်ပါယာသည် အာရှသမိုင်းတွင်ထင်ရှားပြီး အိန္ဒိယတွင် ၁၅၂၆ မှ ၁၈၅၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀၀ ကျော်ကြာခဲ့သည့် အင်ပါယာကြီးဖြစ်သည်။ သို့သော် ၁၅၄၀ မှ ၁၅၅၅ – အချိန်မှာ ဆူလတန် ဘုရင်များလက်အောက်သို့ရောက်ရှိသွားသော အချိန်ဖြစ်သည် ။ ထို့ကြောင့်ထိုအချိန်ကို နှုတ်လိုက်မည် ဆိုပါက – ၁၅၅၆ မှ ၁၇၀၇ အထိ ဘုရင် Akbar နှင့် သူ့အရိုက်အရာကို ဆက်ခံကြသည့် သူ့ သား Jahangir, Shah Jahan နှင့် Aurangzeb တို့မှ အိန္ဒိယ ဒေသ ကို အုပ်ချုပ်ခဲ့သည့်အတွက် မဂိုအင်ပါယာ၏ သက်တမ်းအမှန်မှာ နှစ်ပေါင်း ၁၅၀သာ ဖြစ်သည်ဟု ပညာရှင်များက ဆိုကြသည်။
မဂိုအင်ပါယာ ဖြစ်တည်တိုးတက်လာပုံ
မဂိုအင်ပါယာ၏ ပထမဆုံးဘုရင်မှာ မွန်ဂိုအနွယ်ဝင် အာရှအလယ်ပိုင်းမှ Turk လူမျိုးမူစလင်တဦးဖြစ် သည့် Babur ( သူတို့၏ ဘာသာဖြင့် Tiger ) ဖြစ်သည် ။သူသည် အာရှတိုက်အလယ်ပိုင်းရှိ Delhi, Ibrahim ဒေသမှ အုပ်ချုပ် သည့်ဘုရင်များကို အောင် နိုင်ပြီး အင်ပါယာ ကိုစတင်ထူထောင်ခဲ့ခြင်းဖြစ်သည် ။ မဂိုအင်ပါယာ၏ ပထမဆုံးမြို့တော်မှာအိန္ဒိယမြောက်ပိုင်းရှိ Āgra မြို့ဖြစ်သည် ။ Babur သည် အန္ဒိယမြောက်ဖက်ဒေသများကို သိမ်းယူနိုင်ခဲ့ပြီးနောက် ၁၅၃၀ – အချိန်တွင် ကွယ်လွန်သွားခဲ့သည် ။
သူ၏ သား Humayun လက်ထက်တွင် အာဖဂန်များ နှင့် ဆူလတန် ဘုရင် Gujarāt တို့၏ရန်အား ခက်ခက်ခဲခဲ ရင်ဆိုင်လာရသည် ။ Humayun သည် အာဖဂန် ဒေသကို အောင်နိုင်ပြီးနောက် ကဘူးမြို့ကိုသိမ်းယူကာ အခိုင်အမာ စခန်းများ တည်ဆောက်ခဲ့ကြသည် ။ ၁၅၅၆ – ခုနှစ်တွင်Humayun သေဆုံးပြီးနောက် Babur ၏သားငယ် Akbar မှ ဘုရင်နေရာကို ဆက်ခံခဲ့သည် ။ သူ့လက်ထက်တွင်Humayun အချိန်က ဆုံးရှုံးခဲ့သည့် အိန္ဒိယ မြောက်ဖက်မှ ဟိန္ဒူနယ်မြေများကို ပြန်လည် သိမ်းယူ နိုင်ခဲ့ပြီးနောက် အင်ပါယာသည်ကျယ်ပြန့်လာခဲ့သည် ။
သမိုင်းပညာရှင်အများစုမှ မဂိုအင်ပါယာကို စတင်ထူထောင်သူအား Akbar အဖြစ် သာမှတ်ယူကြသည် ။ သူ့လက်ထက်တွင်အိန္ဒိယတောင်ဖက် ဒေသများကိုအောင်နိုင်ပြီး မဂိုအင်ပါယာ သည် အာဖကန်နစ္စတန်မှသည် ဘင်္ဂလားပင်လယ်အထိကျယ်ပြန့်ခဲ့သည် ။ အသက် ၁၄နှစ်မှ စတင်ကာ စစ်ပွဲများကို ဆင်နွဲခဲ့သော ဘုရင် Akbar အား အိန္ဒိယနိုင်ငံဟ အကြီးမြတ်ဆုံး ဘုရင်အဖြစ်သတ်မှတ်ထားကြသည်။
၁၆၀၅ တွင် Akbar သေဆုံးပြီးနောက် သူ၏သားအကြီးဆုံး Jahangir မှ ၁၆၂၇ အထိ၎င်း ၊ Jahangir ၏ တတိယသား Shah Jahan မှ ( ၁၆၂၈ – မှ ၁၆၅၈ ) ခုနှစ်အထိ၎င်း မဂို ဘုရင် အဖြစ် အုပ်ချုပ်ခဲ့သည် ။ တပ်ချ်မဟာကို တည်ဆောက်စေခဲ့သည့် မင်းအဖြစ်လူသိများသော ဘုရင်ဖြစ်သည်။ ဘုရင် Shah Jahan လက်ထက်တွင် ပါရှန်များကိုရှုံးနိမ့်ပြီး အာရှ အလယ်ပိုင်းဒေသများကို လက်လွှတ်လာခဲ့ရကာ ၁၆၄၈ တွင် မဂို၏မြို့တော်အား Āgra မှ Delhi သို့ပြောင်းရွှေ့ခဲ့သည် ။
မဂိုအင်ပါယာ သည် ၁၆၅၈ မှ ၁၇၀၇ အထိအုပ်ချုပ်ခဲ့သည့် Aurangzeb လက်ထက်အထိတည်တံနေခဲ့သေးသော်လည်း သူ သေဆုံးပြီးနောက် အုပ်စုငယ်များကွဲကာ မဂိုအင်ပါယာသည်လည်း ပြိုကွဲခဲ့ရသည်။ ပြိုကွဲလျှက်ရှိသော မဂိုမင်းဆက်ကို နောက်ဆုံးဆက်ခံခဲ့သည်မင်းမှာ Aurangzeb သားဖြစ်သူ ဇဖားရှားဘုရင်ဖြစ်သည်။ ဘုရင်ဟု ဆိုသော်လည်း နန်းတော်တစ်ဝိုက်တွင်သာ အာဏာရှိပြီး တစ်နိုင်ငံလုံးမှာ မှုအင်္ဂလိပ်နယ်ချဲ့တို့၏ ဝင်ရောက်စွက်ဖက်ခြင်းကို ခံနေရပြီဖြစ်သည်။ ပုန်ကန်မှုများမဖြစ်ပွားစေဖို့အတွက် အင်္ဂလိပ်တို့က ဇဖားရှားဘုရင်အား ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီးသည့်နောက် မဂိုမင်းဆက်လည်း ပျက်သုဉ်းသွားရလေသည်။
အုပ်ချုပ်ရေးပုံစံ
မဂိုဘုရင်သည် အာရှ အနောက်ပိုင်းနှင့် အာရှ အလယ်ပိုင်းရှိ Turko-Mongol ကူးသန်းရောင်းဝယ် ရေးမှ သမိုင်းဆင့်ကဲဖြစ်စဉ်များကို အန္ဒိယသို့ယူဆောင်လာခဲ့ခြင်းဖြစ်သည် ။ ပထမဆုံးမဂို Babur ဘုရင်သည် အိန္ဒိယအား ထိုအချိန်က တိုးတက်မှုရှိသည့် အာရှ အလယ်ပိုင်း ပုံစံအုပ်ချုပ်ခဲ့ သည် ။ မဂိုဘုရင်တို့ အုပ်ချုပ်စဉ်ကအိန္ဒိယနိုင်ငံသည် တိုးတက်မှုရှိခဲ့ပြီး အုပ်ချုပ်ရေးစနစ်သည်လည်း ခေတ်မီတိုးတက်သည့် ဥပဒေများကို ကျင့်သုံးခဲ့သည် ။
မဂိုခေတ် အိန္ဒိယအုပ်ချုပ်ရေး အတန်းတစားမှာ ရှုပ်ထွေးပြီး ၊ အပြောင်းအလဲအလွန်များပြားကာ လူမျိုးရေး ၊ ဘာသာရေး အုပ်စုများ၏ စိန်ခေါ်မှုများမှာလည်း နည်းပါးသည် ။ ဒေသခံခေါင်းဆောင်များကိုလုပ်ပိုင်ခွင့် အာဏာပိုပေးခဲ့သည် ။ အုပ်ချုပ်ရေးအတန်းအစားများကို အဆင့်ခွဲခြားထားပြီး ၊ အင်အားကြီးမားသည့် ဟိန္ဒူကုန်သည်များ ကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခဲ့သည် ။ မြေယာများကိုပိုင်ဆိုင်ခွင့်ပေးပြီး အခွန်ကောက်ခံသည့် စနစ်ကို ကျင့်သုံးခဲ့သဖြင့် အင်ပါယာအနှံ့တွင် ဟိန္ဒူ ကုန်သည်များမှာ ဦးစားပေး လူတန်းဖြစ်ခဲ့သည် ။
ဘာသာရေး
မဂိုခေတ် တွင် အိန္ဒိယ သည် ဟိန္ဒူ လူ့အဖွဲ့အစည်း ၊ ဓလေ့ ထုံးစံနှင့် နိုင်ငံရေးကိုအခြေခံ တည်ဆောက် ခဲ့ကြသည် ။ Akbar လက်ထက်တွင် အိန္ဒိယ၌ Islam, Brahmanism, Christianity, နှင့် Zoroastrianism စသည့် ဘာသာများကိုပေါင်းစည်းပြီး Dini-Ilahi (Divine Faith) အမည်ရ ဘာသာကို ထူထောင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ ။
မဂိုအနုပညာ ၊ ဗိသုကာ
မဂိုခေတ် အိန္ဒိယ ဗိသုကာ၊ အနုပညာများမှာများစွာတိုးတက်မှုရှိခဲ့ပြီး အများစုမှာပါရှန်စတိုင်ဖြစ်သည်။ မဂိုပန်းချီ ၊ ဂီတများမှာလည်း ပါရှန် အငွေ့အသက်ပါသည့် သဘာ၀ ပန်းချီကား များနှင့် ကျေးလက်ဂီတ များ လွှမ်းမိုးခဲ့သည် ။ Taj Mahal သည် အထူးခြားဆုံး ဗိသုကာလက်ရာဖြစ်ပြီး ဘုရင် Shah Jahan လက်ထက် တွင် တည်ဆောက်ခဲ့ကြသည် ။ အခြားထင်ရှားသည့် ဗိသုကာလက်ရာများမှာ အိန္ဒိယမြောက်ပိုင်းမှ Jami Masjid (Great Mosque) နှင့် tombs of Akbar တို့မှာလဲ မဂိုခေတ်ထင်ရှားသည့် ဗိသုကာ လက်ရာများဖြစ်ကြသည် ။
အင်ပါယာကျရှုံးခြင်း
Aurangzeb လက်ထက်တွင်မဂိုစစ်တပ်၏ အင်အားကျဆင်းလာခဲ့သည် ။ သူမသေဆုံးမီ နှစ် ၄၀ – အချိန်ခန့်မှစ၍ မဂို လူ့အဖွဲ့အစည်းအတွင်းပြသနာ စတင်ခဲ့သည် ။ အိန္ဒိယ တောင်ဖက်ဒေသမှ Marathas လူမျိုးများ အင်အားကြီးထွားလာကာ မဂိုများနယ်မြေများ စတင်ဆုံးရှုံးလာခဲ့သည် ။ ထို့အတူ အိန္ဒိယ မြောက်ဖက် နှင့်ပန်ဂျပ်ပြည်နယ်များတွင်လည်း တော်လှန်ပုံကန်သည့် သူပုန်အဖွဲ့ များပေါ ်လာခဲ့သည် ။
အစ္စလမ် အယူဝါဒ သည် မဂိုအင်ပါယာ ကိုခြိမ်းခြောက်လာခဲ့သည် ။ မြေပိုင်ရှင်များကို အလုပ်သမားများမှ ခြိမ်းခြောက်လာခဲ့သည် ။ ထိုအခါ မြေပိုင်ရှင်များအခွန်မပေးဆောင် နိုင်တော့ပေ ။ မဂိုစစ်တပ်မှ နယ်မြေများကို အကာအကွယ်မပေးနိုင်ဖြစ် လာသောအခါ ဒေသ ခံအစုအဖွဲ့များပေါ်လာခဲ့သည် ။ Aurangzeb သေဆုံးပြီး နောက်တွင် အုပ်စုအဖွဲ့များစွာ အိန္ဒိယ နယ်မြေကိုခွဲခြားရယူ သွားခဲ့ကြသည် ။ သူ၏သား ဇဖားရှားဘုရင်လက်ထက် ၁၈၅၈ ခုနှစ်တွင် အိန္ဒိယ တိုက်နယ်တခုလုံး သည်လည်း ဗြိတိသျှလက်အောက်သို့ကျရောက်ခဲ့ရလေတော့သည် ။
မဖတ်ရသေးတဲ့ အခြားအင်ပါယာတွေအကြောင်း အောက်ကခေါင်းစဉ်တွေကို နှိပ်ကာ ဆက်ဖတ်နိုင်ပါတယ်။
၁။ ရောမအင်ပါယာ
၂။ အီဂျစ်အင်ပါယာ
၃။ ပါရှားအင်ပါယာကို တည်ထောင်သူ မဟာဆိုင်းရပ်စ်
၄။ အော်တိုမင်အင်ပါယာ
၅။ သမိုင်းတလျှောက် ကမ္ဘာ့အကြီးဆုံး အင်ပါယာကြီး ၁၀ ခု
၆။ ကမ္ဘာ့အကြီးဆုံးအင်ပါယာ (သို့) နေမဝင်အင်ပါယာ
၇။ အကြီးဆုံးနယ်မြေတစ်ဆက်တည်း အင်ပါယာဖြစ်တဲ့ မွန်ဂိုအင်ပါယာ
၈။ ရှေးအီဂျစ်တို့နဲ့ ခေတ်ပြိုင် အဆီးရီးယန်း အင်ပါယာ
၉။ အင်ကာအင်ပါယာ
၁၀။ စပိန်အင်ပါယာ