Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့သမိုင်းထဲမှ နာမည်ကျော် အုပ်စိုးသူခေါင်းဆောင်ကြီး ၁၀ ယောက်

by Thutamm
August 17, 2019
Reading Time: 1min read
0
ကမ္ဘာ့သမိုင်းထဲမှ နာမည်ကျော် အုပ်စိုးသူခေါင်းဆောင်ကြီး ၁၀ ယောက်
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ

ကမ္ဘာ့သမိုင်းတစ်လျောက်တွင် နိုင်ငံဒေသအသီးသီးကို အုပ်စိုးခဲ့သူများသည် ဘုရင်များ၊ ဧကရာဇ်များ၊ စစ်သူရဲမျာ၊ သမ္မတများ စသည်ဖြင့် အမည်နာမအမျိုးမျိုးဖြင့် မိမိတို့နယ်မြေများက ိုဦးဆောင်ခဲ့ကြသည်။ အချို့သောအုပ်စိုးသူများသည် ကမ္ဘာကြီးကိုအောင်နိုင်ခဲ့ သကဲ့ သို့ အချို့ကစစ်ပွဲများ၊အကြမ်းဖက်မှုများ၊ အနိဋ္ဌာရုံများကိုအဆုံးသတ်စေနိုင်ခဲ့သည်။ အချို့ကလည်း မိမိတို့နိုင်ငံများကို အေးချမ်း တည်ငြိမ်အောင်ဆောင်ရွက်နိုင်ခဲ့ကြသကဲ့သို့ မိမိနိုင်ငံကိုသာမကကမ္ဘာကြီးကိုပါ ပြောင်းလဲခဲ့သူများလည်းပေါ်ထွန်းခဲ့သည်။ ထို့အတူပင် လူသားများအား ဒုက္ခဆင်းရဲများစွာ ဖြစ်စေခဲ့သော ခေါင်းဆောင်များလည်း ပေါ်ထွက်ခဲ့ပေသည်။

၁၀။ အော်ဒီစီးယပ်စ်(Odysseus)

ဂရိလူမျိုးများ၏ ဒဏ္ဍာရီတွင် အော်ဒီစီးယပ်စ်သည် အောင်မြင်မှုများစွာရရှိခဲ့သည့် အီသာကာ ဘုရင်ကြီးတစ်ပါးဖြစ်သည်။ ဘုရင်ကြီး၏ အောင်မြင်မှုများကြောင့် အော်ဒီစီးယပ်စ်သည် ဟိုးမား၏ ဂန္ထဝင်စာများတွင် အမြဲရှင်သန်နေသည့် ဘုရင်ကြီးတစ်ပါး အဖြစ်စာဖွဲ့ခြင်းခံခဲ့ရကာ ဉာဏ်ပညာထက် မြက်မှုနှင့်ပရိယာယ်ကြွယ်ဝမှုများက သူ၏ ထူးချွန်သော ကာကွယ်ရေးကျွမ်းကျင်မှုကို ပံ့ပိုးပေးခဲ့သည်။ အော်ဒီစီး ယပ်စ်သည် ကမ္ဘာကျော်ထရိုဂျန်စစ်ပွဲတွင် သစ်သားမြင်းရုပ်ကြီးတစ်ခုပြုလုပ်၍ အတွင်းတွင် စစ်သည်များ ကိုပုန်းခိုစေခဲ့ပြီး ရန်သူများကိုလှည့်စားအောင်နိုင်ခဲ့သည်။ အော်ဒီစီးယပ်စ်သည် ထရိုဂျန်စစ်ပွဲအတွင်း မြင်းရုပ်ကြီးကိုစစ်မြေပြင်သို့ ယူဆောင်ခဲ့ကာသူ၏ အီသာကာ ဘုရင့်နိုင်ငံ တော်ကြီးကို ပြန်လည်ထူထောင် နိုင်ခဲ့သည်။

၉။ ဒုတိယမြောက်ဂျိုးဇက်ဘုရင်(Joseph II)

ဒုတိယမြောက်ဂျိုးဇက်ဘုရင်သည် ရောမ အင်ပါယာကို ခရစ်နှစ် ၁၇၆၅ ခုနှစ်မှ ၁၇၉၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သည်။ဂျိုးဇက် ကို မြင့်မြတ်သော ဘုရင်တစ်ပါးဟု အသိအမှတ်ပြုကြပြီး သမိုင်းတစ်လျောက်တွင် ကိုယ်ကျိုးအတ္တမရှိဆုံးသော ဘုရင်တစ်ပါးဖြစ်ခဲ့ သည်။ဂျိုးဇက်သည် မိမိပြည်သူများအကောင်းဆုံး အကျိုးစီပွားရရှိရေးကိုသာလိုလားခဲ့သည်။ ပြည်သူများအကျိုးအတွက် ကျွန်စနစ် ကို အပြီးတိုင်ဖျက်သိမ်းခဲ့သည်။ ၁၇၉၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၂၀ ရက်တွင်ကွယ်လွန်ခဲ့သည်။

၈။ ပထမ အဲလိဇဘက် ဘုရင်မ (Queen Elizabeth I)

ပထမ အဲလိဇဘက် ဘုရင်မကြီးသည် အင်္ဂလန်နှင့် အိုင်ယာလန်တို့အား ၁၅၅၈ ခုနှစ်မှ ကွယ်လွန်ချိန်အထိ အုပ်စိုးခဲ့သည်။ ဘုရင်မကြီးတွင် အခြားနာမည် များရှိသော်လည်း အပျိုစင် ဘုရင်မကြီးဟုသည့် အမည်က အထင်ရှားဆုံးဖြစ်သည်။ဘုရင်မကြီးသည် အမည်နှင့်လိုက်ဖက်စွာ မည်သည့် အမျိုးသားတစ်ဦးတစ်ယောက်ပိုမှ မှီခိုခြင်းမပြုဘဲ နိုင်ငံကို ကောင်းမွန်စွာ အုပ်ချုပ်သွားခဲ့သည်။ ဘုရင်မကြီးသည် ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုကို အောင်မြင်စွာ အုပ်ချုပ်မင်းလုပ်ခဲ့သည့် စံပြအမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။

ဘုရင်မကြီး နန်းမစံမီ အချိန်များက အမျိုးသမီးအများစုသည် ထီးနန်းစံကာ ဘုရင်မ လုပ်ရမည့်အလုပ်ကိုမစဉ်းစားရဲခဲ့ကြပါချေ။ အင်္ဂလန်နိုင်ငံတွင် နေရာ အမြင့်ဆုံးရရှိသူ အမျိုးသမီးများသည် ဘုရင်ကြီးများ၏ မိဖုရားများအဖြစ်ဖြင့်သာရပ်တည်ခဲ့ကြရသည်။ ပထမ အဲလိဇဘက် ဘုရင်မသည် နန်းတက်လာချိန်တွင် ဘုရင်များထက်ပိုမိုကောင်းမွန်စွာ နိုင်ငံကို အုပ်ချုပ်နိုင်ကြောင်း သက်သေပြခဲ့သည်။ အမျိုးသမီးပင်ဖြစ်လင့်ကစား အမျိုးသားများနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သက်သေပြနိုင်ရန် စီမံအုပ်ချုပ်နိုင်ခဲ့သည်။

၇။ ချယ်လင်မိန်း(Charlemange)

ချယ်လင်မိန်းသည် ဖရန့်(Franks)ဘုရင်အဖြစ်သက္ကရာဇ် ၇၆၈ ခုနှစ်မှကွယ်လွန်ချိန်အထိဖရန့်အင်ပါယာကိုအုပ်ချုပ်ခဲ့သည်။ (ဖရန့်နိုင်ငံသည် ယခုပြင်သစ်နိုင်ငံ အရှေ့မြောက်ဖက် အစွန်နှင့် ရိုင်းမြစ်၏ လက်ယာဘက်ကမ်း တစ်လျောက်ရှိ နေရာတွင်တည်ရှိခဲ့သည်)။ သူသည်ရှည်လျားသော အောင်မြင်မှုများကို ရယူပိုင်ဆိုင်ခဲ့ကာ ကမ္ဘာ့ ထင်ရှားသော အုပ်စိုးသူ တစ်ဦးဖြစ်လာခဲ့သည်။ ချယ်လင်မိန်း သည် ပြန့်ကြဲနေသည့် ဖရန့်အင်ပါယာကြီးကို တစ်စုတည်းဖြစ်စေရန် စည်းလုံးနိုင်ခဲ့ပြီး ဖရန့်အင်ပါယာကို တိုးချဲ့နိုင်ခဲ့ပြီး အင်အားကြီး မားစေခဲ့သည်။သူ အုပ်ချုပ်ခဲ့ချိန်သည် ဥရောပတွင် ယဉ်ကျေးမှုနှင့် အနုပညာများ ထွန်းကားခဲ့သည့် ခေတ်ဆန်းချိန်ဖြစ်ခဲ့သည်။ ထိုဘုရင်ကြီးသည် ဘုန်းတန်ခိုး ကြီးမား၍ ထင်ရှား သလောက် အရပ်အမောင်း မြင့်မားပြီးလျှင် ကြံ့ခိုင်သန်စွမ်း ဖျတ်လတ်သည်။

ထိုခေတ်အခါက ဘုရင်များနည်းတူ စာရေး စာဖတ်ခြင်းကို ထိရောက်စွာ သင်ကြားဆည်းပူးခြင်း မပြုခဲ့ သော်လည်း လက်တင်ဘာသာကို ဖတ်နိုင်သည်။ ဂရိဘာသာ စကားကို နားလည်သည်။ ရှေးက ရောမနိုင်ငံတော်အား ဖျက် ဆီးခဲ့သော ဂျာမန်အရိုင်းလူမျိုးများ၏ အဆက်အနွယ်ဖြစ်သော် လည်း အနောက်ရောမ နိုင်ငံတော်ကို ပြန်လည်ထူထောင်သူ၊ ခရစ်ယာန်သာသနာစောင့်ဧကရာဇ်တစ်ပါး ဖြစ်ပေသည်။ ချယ် လင်မိန်းလက်ထက်တွင် ကက်သလစ် ဘုရားကျောင်းများမှတစ်ဆင့် ယဉ်ကျေးမှုအနုလက်ရာများသည် အထွတ်အထိပ် နေရာ သို့ ရောက်ရှိခဲ့သည်။ အရှေ့ ရောမနိုင်ငံတော်ဖြစ်သော ဗိုင်ဇင်းတိုင်နိုင်ငံ၏ ဧကရာဇ်ကလည်း ရှားလမိန်းအား (အနောက်) ရောမနိုင်ငံတော်၏ ဧကရာဇ်အဖြစ် အသိအမှတ်ပြုလေသည်။

၆။ ဂျင်ဂျစ်ခန်(Genghis Khan)

ဂျာဂျစ်ခန်(၁၁၆၂-၁၂၂၇) သည် ကမ္ဘာကြီး၏ နေရာအများစုကို အုပ်စိုးနိုင်ခဲ့ကာ အာရှတိုက်တွင်နေထိုင်ကြသည့် မျိုးနွယ်စုများကို စည်းလုံး ပေးနိုင်ခဲ့သလို မွန်ဂိုအင်ပါယာသည်လည်း နယ်မြေတစ်ဆက်တည်းက သမိုင်းတလျှောက် ကမ္ဘာ့အကြီးဆုံးအင်ပါယာဖြစ်ခဲ့သည်။ သူသည် မြင်းကုန်းနှီးပေါ်မှနေ၍ ဓားလွတ်ဖြင့် နိုင်ငံထူထောင်ခဲ့သူ ဖြစ် သည်။ သူ့အတွက် အားထားရဆုံး ရဲမက်တို့ကား နာမည်ကျော် မွန်ဂိုမြင်းစီးသူရဲများ ဖြစ်လေသည်။ ဂျင်ဂစ်ခန်သည် သက်တမ်း တစ်လျှောက် စစ်မက်ဖြင့်သာ ရင်းနှီးခဲ့ရကား စစ်ရေးစစ်ရာတွင် ကျွမ်းကျင်လှသည်။ သူ၏တပ်မတော်ကြီးမှာ စည်းကမ်းကောင်း ၍ ဖွဲ့စည်းပုံစနစ် ကျနသဖြင့် အထူးချီးကျူးဖွယ် ဖြစ်သည်။

မိမိအောင်မြင်ခဲ့သော နိုင်ငံများမှ ကျွမ်းကျင်သူများစွာကို မိမိထံတွင် အမှုထမ်းစေခြင်းဖြင့် စစ်ပညာများ ဖွံ့ဖြိုးစေကာ စစ်အောင်နိုင်ရေးအတွက် အကူအပံ့များစွာ ရခဲ့သည်။ သူ ကိုယ်တိုင် ပညာခေါင်းပါးခဲ့သော်လည်း ပညာရေးကို အားပေး သူ ဖြစ်သည်။ ဂျင်ဂစ်ခန်မင်းကြီးသည် ကြမ်းတမ်းသော စစ်သားကြီးတစ်ဦးဖြစ်သော်လည်း နိုင်ငံတစ်ဝန်းလုံးက လက်ခံ ယုံကြည်ကြသော အယူဝါဒအသီးသီးကို လေးစားသည်။ ကိုးကွယ်ဆည်းကပ်ခွင့်နှင့်ဆိုင်သော အခွင့်အရေးများကိုလည်း ပေးခဲ့သည်။  သူကွယ်လွန်သောအခါ မွန်ဂိုလူမျိုးတို့တွင် နိုင်ငံခြား ယဉ်ကျေးမှုအစုစုကို လက်ခံသိမ်းသွင်းပြီးလျှင် ယဉ်ကျေးစွာ တိုးတက်ကြီးပွားရေးအတွက်၌လည်း အခြေတည်မိခြင်း ဖြစ် လေသည်။ သူ၏ လက်ငုတ်လက်ရင်းဖြစ်သော နိုင်ငံတော်ကြီး ကို သားတော် ၃ ဦးက ခွဲခြမ်း၍ တာဝန်ယူ အုပ်ချုပ်ကြသည်။ ကွယ်လွန်ခါနီးတွင် တရုတ်နိုင်ငံတောင်ပိုင်းကိုပါ သိမ်းယူရန် သူ့အား ဆက်ခံမည့်သူများကို မှာကြားခဲ့သေးသည်။
ဂျင်ဂစ်ခန်၏ နိုင်ငံတော်ကြီးကို အအောင်မြင်ဆုံး ပြန်လည် အုပ်ချုပ်နိုင်သူကား သူ၏မြေး ကူဗလိုင်ခန်မင်းကြီးပေတည်း။

၅။ ဟစ်တလာ(Hitler)(၁၈၈၉-၁၉၄၅)

နိုင်ငံ့ခေါင်းဆောင်များအကြောင်းပြောကြလျှင်ဟစ်တလာဟူသည့်အမည်ကိုမသိသူအလွန်နည်းပါးပေလိမ့်မည်။ ဟစ်တလာ သည်ဂျာမနီနိုင်ငံတွင် နာဇီပါတီကို ထူထောင်ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင် နာမည်ဆိုးဖြင့်ထင်ရှားသောအုပ်စိုးသူတစ်ဦးဖြစ်ခဲ့သည်။ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက လူအမြောက်အများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင်တာဝန်ရှိသူတစ်ဦးဖြစ်ခဲ့သောဟစ်တလာသည် သြဇာအာဏာကြီးမားသောအုပ်စိုးသူတစ်ဦးလည်းဖြစ်ခဲ့သည်။ဂျာမနီနိုင်ငံတွင်ဟစ်တလာအာဏာရရှိလာချိန်တွင်နိုင်ငံ၏အခြေအနေအရပ်ရပ်သည်ဆိုးရွားသော အနေအထားတွင်ရှိနေခဲ့သည်။ဟစ်တလာသည် ဂျာမနီနိုင်ငံတွင်ကြုံတွေ့နေရသည့် ပြဿနာ အရပ်ရပ် ကို ဓားစာခံတစ်ခုတည်း အပေါ်ပုံချခဲ့သည်။

ယင်းဓားစာခံသည် ထိုအချိန်က ဂျာမနီနိုင်ငံတွင်နေထိုင်လျက်ရှိသည့် ဂျူးလူမျိုးများဖြစ်သည်။ ဟစ်တလာသည် ဂျာမနီနိုင်ငံ တွင်ကြုံတွေ့နေရသည့်အခက်အခဲပြဿနာအားလုံးသည် ဂျူးလူမျိုးများ၏အပြစ်ကြောင့်ဖြစ်ရသည် ဟု ဂျာမနီပြည် သူများ ယုံကြည် လာစေရန်ဆောင်ရွက်ခဲ့သည်။ ဂျူးလူမျိုးများအား အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည့်အမြစ်ပြတ်သုတ်သင်သည့် ရက်စက်လွန်း သည့် လုပ်ငန်းကြီးကို ဆောင်ရွက်ခဲ့သည့်တိုင် ဟစ်တလာသည် အောင်မြင်မှုရရှိခဲ့သည်။ ဆိုးရွားလှသည့် စီမံချက်ကို ဆောင်ရွက်ခဲ့သော်လည်း ဟစ်တလာသည် ကျွမ်းကျင်ပြောင်မြောက် စွမ်းရည်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။

၄။ နပိုလီယံ(Napoleon)

ပြင်သစ်နိုင်ငံကို အုပ်ချုပ်ခဲ့သော ပထမ နပိုလီယံသည် နပိုလီယံဧကရာဇ်ဟု ထင်ရှားလာခဲ့ပြီး ပြင်သစ်နိုင်ငံ၏ထင်ရှားသော စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ နပိုလီယံသည် ၁၉ ရာစု အစောပိုင်းတွင် ဥရောပတိုက်၏ နိုင်ငံရေးကိုကြီးမား စွာ သြဇာလွှမ်းမိုးခဲ့သည်။ သူသည်စစ်ရေးစွမ်းရည်နှင့် ထောက်လှမ်းရေးနည်းဗျူဟာများကြောင့် ဥရောပတိုက်ကို စိုးမိုးနိုင်ခဲ့ သည်။ အာဏာရပြီးနောက်တွင် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ တရစပ်ဆောင်ရွက်သည်။ဗဟိုဘဏ်နှင့် တက္ကသိုလ် ကိုတည်ထောင်ပေးသည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယန်ဥပဒေ (Code Napoleon) ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများတွင် ထိုဥပဒေကို မှီငြမ်းနေစဲဖြစ်သည်။

ပြင်သစ်နယ်နိမိတ်ကို ကျော်ကာ ဥရောပ နိုင်ငံများကို သိမ်းယူသည်။ တိုက်တိုင်းနိုင်သဖြင့် ပြင်သစ်တပ်ကို ယှဉ်နိုင်သူမရှိတော့ပေ။ ထိုကြောင့် နှစ်အနည်းငယ်အတွင်း ဥရောပ မြေပုံတွင် ပြင်သစ်ပိုင်နယ်ကျယ်ပြန့်လာသည်။၁၈၁၂ ခုနှစ်တွင် နပိုလီယံသည် ရုရှနိုင်ငံကိုကျူးကျော်တိုက်ခိုက်ခဲ့ချိန်အထိ နယ်မြေနှင့်ဥစ္စာကြွယ်ဝသော ဧကရာဇ်တစ်ပါးဖြစ်ခဲ့သော်လည်း သူ၏ အောင်မြင်မှုများသည် နောက်ပိုင်းတွင် တစ်ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ နပိုလီယံထူထောင်ခဲ့သော ဥပဒေ ကျင့် ထုံးများသည် ဥရောပနိုင်ငံအများအပြား၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမူများ၏ အခြခံဖြစ်လာခဲ့သည်။

၃။ အလက်စ်ဇန္ဒား (Alexander the Great)

သူ၏အောင်မြင်မှုများနှင့် စစ်ရေးဗျူဟာ ကျွမ်းကျင်မှုများကြောင့် အလက်စ်ဇန္ဒား(ဘီစီ ၃၅၆-ဘီစီ ၃၂၃)သည် အသက် ၂၀ အရွယ်(ဘီစီ ၃၃၅) တွင် မက်ဆီဒိုးနီးရားဘုရင်ဖြစ်လာခဲ့ကာသမိုင်း တစ်လျောက် အတော်ဆုံး စစ်ခေါင်းဆောင်တစ်ဦးအဖြစ်ထင် ရှားခဲ့သည်။ အလက်စ်ဇန္ဒားသည် မိမိအုပ်စိုးနေခဲ့စဉ်ကာလများအတွင်း ဂရိ မြို့ပြနိုင်ငံများကို စုစည်းနိုင်ခဲ့ကာ အောင်မြင်မှုအရှိဆုံး အုပ်စိုးသူ ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ ဘီစီ ၃၃၄ မှစကာ အလက်ဇန္ဒား၏ နယ်ပယ်ချဲ့ထွင်မှုကို မရပ်မနား စတင်တော့သည်။ ရှေးဦးစွာ တပ်အနည်းငယ်ကိုသာ ဂရိတွင် အစောင့်အနေဖြင့် ချန်ထားပြီး စစ်သည် ၃၅၀၀၀ ဖြင့် ပါရှန်းအင်ပါယာကို ထိုးစစ်ဆင်သည်။ သို့ဖြင့် ပါရှန်းအင်ပါယာ၏ အနောက်ဖက်မျက်နှာစာ အာရှမိုင်းနားဒေသများဖြစ်သည့် ယနေ့ ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂါဇာ၊ အီဂျစ်တို့မှာ အလက်ဇန္ဒား၏ လက်အောက်ကို အချိန်တိုအတွင်း ကျရောက်ပြီးနောက် အီဂျစ်မှ ရဟန်းများက သူ့အား ဖာရိုဘွဲ့ဖြင့် ပူဇော်ကာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကြေညာပေးသည်။

မဟာအလက်ဇန္ဒား၏ အလွန်ရဲရင့်သည့် ပင်ကိုယ်စိတ်ဖြစ်သည်။ အနိုင်တိုက်ရန် ဆုံးဖြတ်သည်နှင့် မိမိကိုယ်တိုင် မြင်းတပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှတိုက်လေ့ရှိသည်။ ထို့ကြောင့် စစ်သည်တို့လည်း “မိမိတို့ဘုရင်သည် သူမလုပ်ဝံ့ဘဲ ငါတို့ကို မခိုင်း။” ဟုနားလည်ပြီး ၎င်းနှင့်အတူ တိုက်ပွဲဝင်သည်။ စစ်ပွဲကို ကိုယ်တိုင် ဦးဆောင်တိုက်သဖြင့် မကြာခဏဆိုသလို သေဘေးနှင့် ကြုံလေ့ရှိသည်။ သို့သော် စစ်ပွဲတိုင်းကို ကိုယ်တိုင်ဦးဆောင်မြဲဖြစ်သည်။ (စစ်တိုက်ရာတွင် သူမတူအောင် အလွန်အမင်း ရဲရင့်ခက်ထန်သော်လည်း၊ စစ်ပွဲကာလမဟုတ်လျှင် ရန်သူနှင့်ပင်ဖြစ်စေ မိမိကိုယ်နှင့်မခြား ကြင်နာစွာဖြင့်၊ လေးစားသမှုပေးကာ ဆက်ဆံတတ်သည်။ အလွန်ဆက်ဆံရေးပြေပြစ်သူအဖြစ် ရန်သူများကပင် ချီးကျူးကြသည်။) သူအုပ်စိုးသည့် အချိန်များ၌ အလက်စ်ဇန္ဒား သည် ကမ္ဘာကြီး၏ နေရာ အများအပြားကို အောင် နိုင်ခဲ့သကဲ့သို့ အချို့သော မြို့တော်များကို လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ဖြတ်ရဘဲ သူ့ထံအညံ့ခံစေနိုင်ခဲ့သည်။ မက်စ်ဆီဒိုးနီးရား ဘုရင်ဖြစ်သူ အလက်စ်ဇန္ဒားသည် ပါရှန်ဒေသတစ်ခုလုံးကို အောင်နိုင်ခဲ့သည်။ အသက် ၃၃ နှစ်အရွယ် တွင် ဘေဘီလုံ(ယခုအီရတ်နိုင်ငံ) တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

၂။ အေဗရာဟင် လင်ကွန်း(Abraham Lincoln)

အေဗရာဟင် လင်ကွန်းသည် အမေရိကန်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတဖြစ်သည်။လင်ကွန်းသမ္မတဖြစ်ချိန်သည် အမေ ရိကန် ပြည်ထောင်စုအတွင်း ပြည်တွင်းစစ်ဖြစ်ပွားကာ အခက်အခဲများစွာကို ရုန်းကန်နေရချိန်ဖြစ်သည်။ လင်ကွန်းသည် သမ္မတ ရာထူးကို လက်ခံသောအခါ ကျွန်ပိုင်ထားလိုသော ပြည်နယ်ခုနစ်နယ်သည် ပြည်ထောင်စုကြီးမှထွက်ကာ သီးခြားပြည်ထောင်စုအဖြစ် ဖွဲ့စည်းကြ၏။ များမကြာမီ နောက်ထပ်ပြည်နယ်လေးခု ခွဲထွက်ပြန်လေသည်။ တစ်လခန့်မျှ ကြာသော် အေဗရာဟမ်လင်ကွန်းသည် တပ်ပျက်တွင် ဗိုလ်ခန့်ခြင်း ခံရဘိ သကဲ့သို့ ကျွန်ပိုင်ပြဿနာများနှင့် ရင်ဆိုင်ရတော့၏။

သို့ဖြင့် စစ်သားစု ဆောင်းခြင်းကို ပြုလုပ်ရလေ၏။ ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တို့သည် တစ်ဖက်စီ ကွဲသွားပြီးလျှင် ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားတိုက်ခိုက်ကြလေ သည်။ ပထမနှစ်နှစ်တွင် လင်ကွန်းသည် ပြည်ထောင်စုအား မယိမ်း မယိုင်အောင် ထိန်းသိမ်း၍သာနေရ၏။ ထိုအခါကား လင်ကွန်းသည် လှိုင်းကြမ်း လေကြမ်းကိုခံနိုင်အောင် ပဲ့ကိုင်၍နေရသော သင်္ဘောသူကြီးနှင့် တူနေ၏။ နောက်နှစ်နှစ်တွင်မူကား ပြည်ထောင်အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေရာ လူသူအမြောက်အမြား ကျဆုံးရလေသည်။

သို့သော်လည်း လင်ကွန်း သည် ပြည်ထောင်စု စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ခဲ့ကာ အမေရိကန်ပြည်ထောင်စုကြီး တောင်နှင့်မြောက် နှစ်ပိုင်းကွဲမည့် အန္တရာယ်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးခဲ့သည့် ကျွန်စနစ်ကို ဖျက် သိမ်းခဲ့ကာ ကျွန်စနစ်မှ လွတ်မြောက်မှု ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်နိုင်ငံကို အုပ်ချုပ်ခဲ့သည့် သမ္မတများတွင် အေဗရာဟင်လင်ကွန်းကို အကြီးမြတ်ဆုံး သမ္မတကြီးအဖြစ် ပြည်သူ အများစုက သတ်မှတ်ထားကြသည်။ ထို့အတူပင် အေဗရာဟင် လင်ကွန်းသည် ကမ္ဘာ့သမိုင်းတွင် စွမ်းရည်ကြီးမားသော နိုင်ငံ ခေါင်း ဆောင်တစ်ဦး ဖြစ်ခဲ့ပေသည်။

၁။ သြဂတ်စ်တတ်စ်ဆီဇာ( Augustus Caesar)

သြဂတ်စ်တတ်စ်ဟု လူသိများသည့် သြဂတ်စ်တတ်စ်ဆီဇာသည် ရောမအင်ပါယာ၏ ပထမဆုံးဘုရင်ဖြစ်ခဲ့ကာ ဘီစီ ၂၇ ခုနှစ်မှ အေဒီ ၁၄ ခုနှစ်အထိ ရောမကိုအုပ်ချုပ်ခဲ့သည်။ သြဂတ်စ်တတ်စ်ဘုရင်သည် ရောမသားတို့မရရှိခဲ့ဖူးသည့်ငြိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိသည့် ပက်စ် ရိုမန်နာ ဟုခေါ်သော ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သည်။ သြဂတ်စ်တတ်စ်သည် ယခင်ရောမဘုရင်အဆက် အဆက် မရရှိခဲ့သည့် အောင်မြင် မှုကို ရရှိခဲ့ကာ အင်အားကြီးမားသော ရောမအင်ပါယာကြီးကို ထူထောင်နိုင်ခဲ့သည်။ သြဂတ်စ်တတ်စ်သည် ရောမ၏ အကြွင်းမဲ့ အာဏာကိုရရှိ စေရန် စီမံဆောင်ရွက်နိုင်ခဲ့သည်။သို့သော်လည်း သြဂတ်စ်တတ်စ်သည် မိမိအရင်ရောမကို အုပ်စိုးခဲ့သူများကဲ့သို့ မိမိမဖြည့် ဆည်းနိုင်သော ကတိကဝတ်များကို အသုံးပြု ခဲ့ခြင်းမရှိပါချေ။ သမိုင်းတွင် ဩဂတ်စတက်ဆီဇာ ကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အာဏာရှင်မှာ ရှာမှရှားသည်ဟုဆိုရမည်။

အောင်နိုင်သူ စစ်ဗိုလ်ချုပ်အဖြစ်သာမက နိုင်ငံရေးတွင်လည်း ဂုရုတစ်ဆူဖြစ်သည်။ လိုက်လျောမှုဖြင့် ပြည်တွင်းမှ မညီညွတ်မှုများကို ပြီးပျောက်စေခဲ့သည်။  အလွန်အမျှော်အမြင်ရှိ အုပ်ချုပ်ရေး ပညာရှင်လည်းဖြစ်သည်။ သူ့လက်ထက်တွင် ကွန်ယက်များသဖွယ် လမ်းမကြီးများကို ဖောက်လုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် လမ်းအားလုံးသည် ရောမသို့ဦးတည်သည် ဟူသောဆိုရိုးပင် ဖြစ်ပေါ်လာခဲ့သည်။ ရောမမြို့ကိုလည်း ပြည်သူ့အဆောက်အဦးများ၊ ဘာသာရေး ဝတ်ကျောင်းများ တည်ဆောက်ပေးခြင်းဖြင့် သာယာစည်ပင်စေသည်။ နိုင်ငံတွင်း၌ လမ်းမကြီးများ၊ ရေသွယ်ပြွန်များ၊ တံတားများကို ဆောက်လုပ် ခဲ့သည်။ ငွေကြေးစနစ်၊ စာပို့စနစ်၊ ပြည်နယ်အချင်းချင်း လွတ် လပ်စွာ ကုန်သွယ်မှုစနစ်တို့ကိုလည်း ပြုပြင်တီထွင်ခဲ့ ပေသည်။

သို့သော် ၎င်းတို့နောက်ဆက်ခံသည့် မင်းများတွင် မင်းဆိုးမင်းညစ်များ ပါဝင်လာသဖြင့် အချိန်တိုအတွင်း မင်းဆက်ပြတ်ခဲ့သော်လည်း ရောမအင်ပါယာမှာ နှစ် ၂၀၀ နီးပါးထိ မပြိုကွဲသည့်အတွက် ဩဂတ်စတက်ဆီဇာ၏ ကျေးဇူးကြီးသည်ဟုဆိုနိုင်သည်။ ဆိုရလျှင် ဩဂတ်စတက်ဆီဇာကို မဟာအလက်ဇန္ဒား၊ ဂျင်ဂစ်ခန်၊ နပိုလီယန်နှင့် ဂျော့ခ်ျ ဝါရှင်တန် အစရှိသည့် တိုင်းပြည်ထူထောင်သူ၊ နယ်ပယ်သိမ်းသွင်းရေးသမား၊ စစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြသော်လည်း အားလုံးထက် ဩဂတ်စတက်ဆီဇာ၏ ဩဇာနှင့် အကျိုးပြုမှုက ပိုရှည်ကြာသည်၊ ပိုကြီးကျယ် ခမ်းနားသည်ဟု ဆိုနိုင်သည်။

ပြည်သူပြည်သားများအား အုပ်ချုပ်သူတို့သည် သမိုင်းစဉ်ဆက်တစ်လျောက် ပေါ်ထွက်မြဲဖြစ်ပေရာ အလွန်များပြားသည့် အုပ်ချုပ်သူများသည် ကမ္ဘာသမိုင်းတွင်ပေါ်ထွက်ခဲ့ပြီးဖြစ်သကဲ့သို့ နောက်တဆွင်လည်းူ ဆက်လက် ရှိနေဦးမည်သာဖြစ် သည်။ ကမ္ဘာ့သမိုင်းတွင် စွမ်းရည်ထက်မြက် ထူးချွန်သော အုပ်စိုးသူ များပေါ်ထွန်းခဲ့သကဲ့သို့ ညံ့ဖျင်းသော အုပ်စိုးသူများလည်း ပေါ်ထွက် လာမြဲဖြစ်ပေသည်။ မိမိနိုင်ငံနှင့်လူမျိုးအကျိုးစီးပွားကို ရှေ့တန်းတင်သည့် ခေါင်းဆောင်များပေါ်ထွက်ခဲ့သည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုး တက်လာမြဲဖြစ်ကြောင်းသမိုင်းက သက်သေပြလျက် ရှိပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ် ဇွန်လထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!