Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တခေတ်တခါက နာမည်ကြီးခဲ့သော BSA မော်တော်ဆိုင်ကယ်

by Thutamm
January 2, 2020
Reading Time: 1min read
0
တခေတ်တခါက နာမည်ကြီးခဲ့သော BSA မော်တော်ဆိုင်ကယ်
Share on FacebookShare on Twitter

BSA လို့ ဆိုလိုက်ရင် ဆိုင်ကယ်ချစ်သူတွေကတော့ ရင်းနှီးပြီးဖြစ်ပါလိမ့်မယ်။ တခေတ်တခါက အလွန်နာမည်ကြီးခဲ့တဲ့ မော်တော်ဆိုင်ကယ် အမျိုးအစားဖြစ်ပါတယ်။ အကြမ်းခံပြီး အင်မတန်စီးလို့ကောင်းတယ်ဆိုတဲ့ ဆိုင်ကယ်ဖြစ်ပြီး ယနေ့ထိလည်း ဒီရှေးဟောင်းဆိုင်ကယ်တွေကို တမြတ်တနိုးထိန်းသိမ်းထားသူတွေ မြန်မာမှာ ရှိနေပါသေးတယ်။

ကမ္ဘာပတ်ဒေါ်တင်တင်စိန် တို့ နိုင်ငံပေါင်း ၃၀ကျော်ကို ဖြတ်သန်းသွားခဲ့တာလည်း ဒီ BSA ဆိုင်ကယ်အမျိုးအစားဖြစ်ပြီး ၁၉၄၂ခုနှစ်ထုတ် BSA M20 ဆိုင်ကယ်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများကို ဒီ BSA မော်တော်ဆိုင်ကယ်ရဲ့ အကြောင်းကို ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။

BSA လို့ခေါ်ကြပေမယ့် သူ့ရဲ့အရှည်ကောက်က Birmingham Small Arms ကုမ္ပဏီဖြစ်ပါတယ်။ ဗြိတိသျှစက်မှုကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး လက်နက်ခဲယမ်း ၊ စက်ဘီး ၊ ဆိုင်ကယ် ၊ ကား ၊ ဘတ်စ်ကား နဲ့ စက်မှုပစ္စည်းအမျိုးမျိုးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ Birmingham Small Arms ကုမ္ပဏီကိုတော့ ၁၈၆၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ ၁၈၈၀ ခုနှစ်လောက် ရောက်တဲ့အချိန်မှာတော့ စက်ဘီးတွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။

၁၉၀၅ ခုနှစ်မှာတော့ စက်ဘီးတွေကို Minerva အင်ဂျင်တွေတပ်ပြီး ပါဝါစက်ဘီးတွေအဖြစ် ရောင်းချခဲ့တာဟာ BSA မော်တော်ဆိုင်ကယ်တွေရဲ့ အစဖြစ်ပါတယ်။ ၁၉၁၀ ခုနှစ် လန်ဒန်အိုလံပစ်ပွဲမှာတော့ မြင်းကောင်ရေ ၃ကောင်ခွဲအားသာရှိတဲ့ BSA အင်ဂျင်တပ်စက်ဘီးကို ပြသနိုင်ခဲ့ပါတယ်။ လူကြိုက်အလွန်များခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ စက်ဘီးတွေကို အဆင့်မြှင့်တင်ပြီး ဆိုင်ကယ်သီးသန့်ရောင်းချဖို့အတွက် ၁၉၁၉ ခုနှစ်မှာတော့ BSA Motorcycles ကုမ္ပဏီကို ခွဲထွက်တည်ထောင်ခဲ့ပါတယ်။

သီးသန့်မော်တော်ဆိုင်ကယ်ကုမ္ပဏီ တည်ထောင်ပြီး ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ဆိုင်ကယ်အမျိုးအစားကတော့ Model E ဆိုင်ကယ်ပါ။  50 degree V2 အင်ဂျင် 770cc ရှိတဲ့ ဒီဆိုင်ကယ်ကို ၁၉၂၀ ခုနှစ်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီဆိုင်ကယ်တစ်စီးကို ပေါင် ၁၃၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ 7-plate clutch, 3 speed gear box တို့နဲ့အတူ kickstarter ကို အသုံးပြုထားပါတယ်။ လူကြိုက်များခဲ့ပြီး Blue Star ၊ Empire Star ၊ Silver Star ၊ Gold Star နဲ့ Sloper စတဲ့ မော်ဒယ်အမျိုးမျိုးကို အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့ပြီး လူကြိုက်အများဆုံးဖြစ်ခဲ့တာကတော့ S27 ခေါ် Sloper မော်ဒယ်ပါ။

BSA ကုမ္ပဏီဟာ ဒုတိယကမ္ဘာစစ်မှာလည်း ပါဝင်ပတ်သတ်ခဲ့ရပါတယ်။ နိုင်ငံစစ်တပ်အတွက် လိုအပ်တဲ့ လက်နက် နဲ့ ခဲယမ်း တွေကို စက်ရုံပေါင်း ၆၇ ခုလောက်တည်ဆောက်ပြီး ထုတ်လုပ်ပေးခဲ့ပါတယ်။ Lee-Enfield rifles နဲ့ Sten machine guns ပေါင်း ၁သန်းခန့် ၊ စပင်ဖိုင်းယားလေယာဉ်တွေမှာ တပ်ဆင်အသုံးပြုတဲ့ Browning machine gun ပေါင်း ၅သိန်းခန့်ကို BSA ကနေ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်မှာ အသုံးပြုဖို့အတွက် စစ်သုံးမော်တော်ဆိုင်ကယ်ပေါင်း ၁၂၆၀၀၀ ခန့်ကို ၁၉၃၇ခုနှစ်ကနေ ၁၉၅၀ ခုနှစ်အတွင်း ထုတ်လုပ်ပေးခဲ့ပါတယ်။ စစ်သုံးမော်တော်ဆိုင်ကယ်တွေကတော့ 500cc ရှိတဲ့ M20 နဲ့ 600cc ရှိတဲ့ M21 မော်ဒယ်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲဒီခေတ်က BSA M20 မော်တော်ဆိုင်ကယ်ကို တော်တော်လေးအသုံးပြုခဲ့ကြပါတယ်။ 4 stroke အင်ဂျင် ၊ ဂီယာ ၄ ချက် ၊  ၈ လက်မအချင်းရှိပြီး လိုအပ်ရင် အဝေးကမမြင်ရအောင် ကာထားနိုင်တဲ့ black out mask ပါတဲ့ မီးလုံးကြီး ၊ ခရီးဝေးသွားနိုင်တဲ့  ၃ ဂါလံဆန့်တဲ့ ဆီတိုင်ကီ စတာတွေက BSA M20 ရဲ့ ထူးခြားချက်တွေပါ။

ဒါကြောင့်လည်း စစ်ကြီးပြီးတဲ့အခါ တတ်နိုင်သူတွေက ဒီဆိုင်ကယ်တွေကို လိုက်လံဝယ်ယူပြီး နှစ်ပေါင်းများစွာ စီးနင်းခဲ့ကြတာ ယခုထိတိုင် ဒီဆိုင်ကယ်တွေကို အမြတ်တနိုး ထိန်းသိမ်းထားသူတွေ ရှိနေပါသေးတယ်။ အဲဒီအချိန်က BSA ရဲ့ အအောင်မြင်ဆုံးအချိန်တွေဖြစ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မော်တော်ဆိုင်ကယ် ကုမ္ပဏီအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်အောင်မြင်နေသလို တဖက်မှာလည်း စက်ဘီး ၊ မော်တော်ကား နဲ့ လက်နက်ခဲယမ်းတွေကို ဌာနခွဲတွေ အနေနဲ့ ထုတ်လုပ်နေတာကြောင့် BSA ကုမ္ပဏီရဲ့ အင်ပါယာဟာ ကြီးသထက်ကြီးလာပါတယ်။ စစ်ပြီးတဲ့အခါမှာတော့ အများပြည်သူ အသုံးပြုနိုင်ဖို့ ဒီဇိုင်းပြောင်းလဲကာ ထုတ်လုပ်ခဲ့ပါတယ်။

ဒါအပြင် တခြားနာမည်ရှိတဲ့ ဆိုင်ကယ်ကုမ္ပဏီတွေဖြစ်တဲ့ Triumph ၊ Ariel ၊ Sunbeam နဲ့ New Hudson တို့ကို ဝယ်ယူခဲ့တာကြောင့် BSA ဟာ တကမ္ဘာလုံးရဲ့ မော်တော်ဆိုင်ကယ်ဈေးကွက် အများစုကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ BSA Bantam ၊ A10 Super Rocket နဲ့ A65 Thunderbolt/Lightning/Spitfire စတဲ့ ဆိုင်ကယ်အမျိုးအစားတွေဟာ လူကြိုက်အလွန်များခဲ့ပါတယ်။

၁၉၆၄ ခုနှစ် နဲ့ ၁၉၆၅ခုနှစ်တွေမှာ ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွေကို ဝင်ရောက်ခဲ့ပြီး ဗြိတိသျှဆိုင်ကယ်မောင်းသမား Jeff Smith က B40 မော်ဒယ်ကို စီးရင်း အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ ၁၉၆၅ ခုနှစ်မှာတော့ BSA ရဲ့ မော်တော်ဆိုင်ကယ်ဈေးကွက်ကို အခြားကုမ္ပဏီတွေက လုယူဖို့ ဝင်ရောက်လာခဲ့ပါတယ်။

ချက်ကုမ္ပဏီ  Jawa ၊ စပိန်ကုမ္ပဏီ Bultaco နဲ့ ဆွီဒင်ကုမ္ပဏီ Husqvarna တို့အပြင် ဂျပန်နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ ဟွန်ဒါ ၊ တိုရိုတာ ၊ ယာမဟာ စတာတွေ သူ့ထက်ငါ ကောင်းတဲ့ဆိုင်ကယ်မျိုးစုံကို အပြိုင်အဆိုင်ထုတ်လုပ်လာတာကြောင့် BSA ဟာ သူ့ရဲ့ဆိုင်ကယ်ဈေးကွက်တော်တော်များများကို လက်လွှတ်ပေးခဲ့ရပါတယ်။ လူတွေကလည်း ခန့်ခန့်ထည်ထည်နဲ့ ရိုးရိုးပုံစံ BSA ဆိုင်ကယ်တွေထက် ဒီဇိုင်းဆန်းဆန်း ဈေးသက်သာတဲ့ ဆိုင်ကယ်တွေကို ပိုမိုနှစ်သက်လာတာကြောင့် BSA ကို ဝယ်ယူသူနည်းပါးလာခဲ့ပါတယ်။

၁၉၆၈ ခုနှစ်မှာတော့ အရည်အသွေးမြှင့်တင်ပြီး ဒီဇိုင်းဆန်းတဲ့ BSA Rocket 3 ကို ထုတ်လုပ်ပြီး ဝယ်ယူသူတွေ ကို ဆွဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်။  လူတွေက နှစ်သက်ပေမယ့် တန်ဖိုးကြီးမြင့်တာကြောင့် စီးရေအနည်းငယ်သာရောင်းချခဲ့ရပါတယ်။ ဒါပေမယ့် ဘုရင်မကြီးက ပေးအပ်တဲ့ စက်မှုထုတ်ကုန်ဆုကိုတော့ ရခဲ့ပါသေးတယ်။ ၁၉၇၁ခုနှစ်မှာတော့ Triumph ဆိုဒ်မှာ ထုတ်ကုန်အားလုံးကို ဒီဇိုင်းအသစ်နဲ့ ထုတ်လုပ်ခဲ့ပေမယ့် ဂျပန်ထုတ်ဆိုင်ကယ်တွေကို မယှဉ်နိုင်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်းမှာလည်း ဆိုင်ကယ်တွေကို ဆက်လက်ထုတ်လုပ်နေပေမယ့် ငွေရေးကြေးရေး အခက်အခဲတွေကြုံလာတာကြောင့်  Small Heath က စက်ရုံကို ပိတ်သိမ်းပစ်ခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာ  Norton-Villiers ကုမ္ပဏီနဲ့ ပူးပေါင်းကာ BSA နာမည်မပါဝင်တော့ပဲ Norton-Villiers-Triumph နာမည်နဲ့ ဆိုင်ကယ်တွေထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် Gold Star 500 (B50), 650 Thunderbolt/Lightning နဲ့ 750 cc Rocket Three စတဲ့ မော်ဒယ် ၄မျိုးသာ ထုတ်လုပ်ခဲ့ပြီးနောက် အောင်မြင်မှုပြန်မရတော့ပဲ ၄နှစ်အကြာမှာ စက်ရုံတွေကို အပြီးတိုင်ပိတ်သိမ်းပစ်ခဲ့ရပါတော့တယ်။

Norton Villiers Triumph ကုမ္ပဏီကို ၁၉၇၈ခုနှစ်မှာ ဖျက်သိမ်းလိုက်ပြီးတဲ့နောက် BSA ကို ဗြိတိသျှလုပ်ငန်းရှင် Dennis Poore ရဲ့  Manganese Bronze Holdings လုပ်ငန်းစုက ပြန်လည်ဝယ်ယူခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ Blockley မှာ စက်ရုံတည်ဆောက်ပြီး စစ်ဘက်ဆိုင်ရာ နဲ့ off-road မော်တော်ဆိုင်ကယ်တွေကို ဆက်လက်ထုတ်လုပ်ခဲ့ပြီး အာဖရိကနိုင်ငံအချို့ကို ရောင်းချပေးခဲ့ပေမယ့် ကမ္ဘာ့မော်တော်ဆိုင်ကယ်ဈေးကွက်ကိုတော့ ပြန်လည်ဝင်ရောက်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၆ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းအခြေစိုက် စက်မှုကုမ္ပဏီလုပ်ငန်းစုကြီး Mahindra Group က BSA ကို ပေါင် ၃.၄သန်း တန်ဖိုးနဲ့ ပြန်လည်ဝယ်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ မော်တော်ဆိုင်ကယ် နဲ့ စကူတာ အရေအတွက်အနည်းငယ်ကို လက်အောက်ခံကုမ္ပဏီခွဲဖြစ်တဲ့ Mahindra Two Wheelers ကနေ ထုတ်လုပ်လျှက်ရှိပါတယ်။

လက်ရှိအချိန်မှာ မူလလက်ဟောင်း BSA ဆိုင်ကယ်တွေဟာ ရှားပါးနေပါပြီ။ သူ့ခေတ်သူ့အခါက နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ အကြမ်းခံတဲ့ ၊ စီးလို့ကောင်းတဲ့ BSA ဆိုင်ကယ်ကြီးတွေကို မီခဲ့တဲ့ ဆိုင်ကယ်ချစ်သူတွေကတော့ ယခုထိတိုင်အောင် BSA မှ BSA ဖြစ်နေကြတုန်းပါပဲ…..

Tags: knowledgetech

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!