Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ပထမဆုံး အရာများ

by Thutamm
June 29, 2020
Reading Time: 1min read
0
ကမ္ဘာ့ပထမဆုံး အရာများ
Share on FacebookShare on Twitter

အားလုံးပဲ မင်္ဂလာပါရှင်။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများအတွက် ကမ္ဘာ့ပထမဆုံးအရာတချို့ရဲ့ အချက်တချို့ကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

ကမ္ဘာ့ ပထမဆုံး အီလက်ထရောနစ် ကွန်ပျူတာ

ကမ္ဘာ့ပထမဆုံးအီလက်ထရောနစ် ကွန်ပျူတာကတော့ Atanasoff–Berry (အတန်နာဆော့ဖ်ဘယ်ရီ) ကွန်ပျူတာဖြစ်ပါတယ်။ အမေရိကန် Iowa (အိုင်အိုဝါ) တက္ကသိုလ်က ရူပဗေဒပါမောက္ခ John Vincent Atanasoff (ဂျွန်ဗင်းဆင့် အတန်နာဆော့ဖ်) က တပည့်ဖြစ်သူ Clifford Berry(ကလစ်ဖို့ဒ်ဘယ်ရီ) ရဲ့အကူအညီနဲ့အတူ ၁၉၃၇ခုနှစ်မှာ စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့နာမည်ကိုပေါင်းပြီး Atanasoff–Berry(အတန်နာဆော့ဖ် ဘယ်ရီ) လို့ပေးခဲ့တာပါ။ ဒီကွန်ပျူတာကို Linear equations(လီနီယာအီကွေးရှင်း) တွေကိုဖြေရှင်းဖို့ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး ၁၉၄၂ခုနှစ်မှာ စမ်းသပ်စစ်ဆေးမှုအောင်မြင်ခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံး စက်ဘီး


ပထမဆုံးစက်ဘီးကိုတော့ ဂျာမနီနိုင်ငံ Baden ( ဘေဒင်) မြို့စားရဲ့အမှုထမ်းတစ်ယောက်ဖြစ်တဲ့ Baron Karl von Drais (ဘာရွန် ကားလ် ဗွန် ဒရားစ်) က တီထွင်ခဲ့ပါတယ်။ ယနေ့ခေတ်စက်ဘီးတွေရဲ့အစပုံစံဖြစ်ပြီး အစိတ်အပိုင်းအားလုံးနီးပါးကို သစ်သားဖြင့် ပြုလုပ်ထားပါတယ်။

ဒီစက်ဘီးကို ဂျာမန်လို Laufmaschine ( လောက်ဖ်မက်ရှီး)၊ အင်္ဂလိပ်လို Draisine (ဒရေးဇင်း) နဲ့ ပြင်သစ်လို draisienne(ဒရေးဇီအန်း) လို့ခေါ်ကြပြီး အဓိပ္ပါယ်ကတော့ ပြေးနေတဲ့စက်(running machine) ဖြစ်ပါတယ်။ Karl von Drais (ကားလ်ဘွန်ဒရားစ်) ဟာ သူ့ရဲ့ဒီဇိုင်းအတွက် ၁၈၁၈ခုနှစ်မှာမှ မူပိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး မော်တော်ဆိုင်ကယ်

မော်တော်ဆိုင်ကယ်တွေဟာ စက်ဘီးတွေမှာ စက်တွေကို တပ်ဆင်တီထွင်ရာကနေ ဖြစ်လာခဲ့တာပါ။ ပထမဆုံးမော်တော်ဆိုင်ကယ်တွေကတော့ရေနွေးငွေ့ပါဝါသုံးမော်တော်ဆိုင်ကယ်တွေပါ။ Michaux-Perreaux steam velocipede (မစ်ရှဲပစ်ရော စတီးမ် ဗစ်လောဆဖီး) လို့ခေါ်ပြီး ပြင်သစ်နိုင်ငံမှာ ၁၈၆၇ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။

ပြင်သစ်ပန်းပဲဆရာ Pierre Michaux (ပီရားမစ်ရှဲ) ဆိုသူဖန်တီးထားတဲ့ စက်ဘီးကို ပြင်သစ်အင်ဂျင်နီယာ Louis-Guillaume Perreaux (လူးဝစ်ဂီရွန်းပစ်ရော) က ထပ်လောင်းတီထွင်ခဲ့တာပါ။ Single cylinder ရေနွေးငွေ့အင်ဂျင်သုံးထားတဲ့ ဒီဆိုင်ကယ်တွေရဲ့အမြန်နှုန်းကတော့ ၁နာရီကို ၉မိုင်ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး တီဗီ

တီဗီတွေကို ၁၉ရာစုဝန်းကျင်တည်းက စတင်တီထွင်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းကတီဗီတွေက စက်ပိုင်းဆိုင်ရာတီဗီ(Mechanical television) တွေသာဖြစ်ပါတယ်။

ယနေ့ခေတ် တီဗီတွေရဲ့အစဖြစ်လာမယ့် အီလက်ထရောနစ် တီဗီစမ်းသပ်မှုကို ၁၉၂၇ခုနှစ် စက်တင်ဘာ ၇ရက်နေ့က ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်ခဲ့ပြီး အောင်မြင်စွာသရုပ်ပြနိုင်ခဲ့ပါတယ်။ ဒီတီဗီကိုတီထွင်သူကတော့ အသက် ၂၁နှစ်သာရှိသေးတဲ့ Philo Taylor Farnsworth(ဖီလိုတေလာဖန်းဆွှ) ဆိုသူက တီထွင်ခဲ့တာပါ။

ကမ္ဘာ့ပထမဆုံး တယ်လီဖုန်း


တယ်လီဖုန်းတီထွင်မှုတွေကို ၁၇ရာစုလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်ပညာရှင် Robert Hooke(ရောဘတ်ဟွတ်ခ်) က ၁၆၆၇ခုနှစ်မှာ acoustic (အခူးစတစ်) ကြိုးတယ်လီဖုန်းတွေကို စတီထွင်ခဲ့ပါတယ်။ အီတလီလူမျိုးတီထွင်သူ Antonio Meucci(အင်တိုနီယိုမီယူချီ) ကလည်း ၁၈၄၉ခုနှစ်မှာ electromagnetic (အီလက်ထရိုမက်ဂနက်တစ်) တယ်လီဖုန်းကို ထွင်ခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ခေတ်တယ်လီဖုန်းတွေရဲ့ အစဖြစ်လာမယ့် ဖုန်းတီထွင်သူကိုတော့ Alexander Graham Bell(အလက်ဇန္ဒားဂရေဟမ်ဘဲလ်) လို့ အားလုံးသိကြပါတယ်။ ၁၈၇၆ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ Bell ဟာ သူ့ရဲ့ Boston(ဘော်စတွန်) အလုပ်ခန်းထဲကနေ အခြားအခန်းမှာရှိနေတဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူ Thomas A. Watson(သောမတ် အေ ဝက်ဆန်) ထံ ပထမဆုံး ဖုန်းခေါ်ဆိုမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ပထမဆုံး ကမ္ဘာ့အလှမယ်

ကမ္ဘာ့အလှမယ်ပြိုင်ပွဲကို ၁၉၅၁ခုနှစ်မှာ ပထမဆုံးအနေနဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်ပေါင်း ၂၆ယောက်ပါဝင်ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အလှမယ်ဆုကို ရရှိခဲ့သူကတော့ ဆွီဒင်နိုင်ငံသူ Kiki Håkansson(ခီးခီဟေးခန်ဆန်) ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံးမော်တော်ကား

ယနေ့ခေတ်မော်တော်ကားတွေရဲ့ အစဖြစ်တဲ့ ပထမဆုံးကားကတော့ ပြင်သစ်ပညာရှင် Nicolas-Joseph Cugnot (နီကိုလပ်စ် ဂျိုးဇက် ခွန်းညော့) က ၁၇၆၉ခုနှစ်မှာ တီထွင်ခဲ့တဲ့ ရေနွေးငွေ့အင်ဂျင်သုံးမော်တော်ကားဖြစ်ပါတယ်။

သုံးဘီးပါတဲ့ ဒီကားဟာ အလေးချိန် ၂တန်ခွဲခန့်လေးပါတယ်။ ရေနွေးငွေ့ဘွိုင်လာအိုး နဲ့ ထိန်းကျောင်းမောင်းနှင်ကိရိယာတပ်ဆင်ထားတဲ့ ဒီကားရဲ့အမြန်နှုန်းက ၁နာရီကို ၄.၈မိုင်ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး ဓာတ်ပုံ

ကမ္ဘာ့အစောဆုံးဓာတ်ပုံကို ပြင်သစ်တီထွင်သူ Nicéphore Niépce(နီးဆိုဖော်နီရပ်စ်) က ပြင်သစ်နိုင်ငံအရှေ့ပိုင်း Saint-Loup-de-Varennes (စိန့်လူဒန်ဗိုးနန့်စ်) တွင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံရဲ့အမည်ကတော့ View from the Window at Le Gras(လီဂရာစ်) ဖြစ်ပြီး ၁၈၂၆ ခုနှစ်နဲ့၁၈၂၇ ခုနှစ်အတွင်း ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဖလင်မပါတဲ့ စက် ကင်မရာအော့ဘ်စကူရာ (Camera obscura) ဖြင့်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

ပထမဆုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဘောလုံး

ဒီဘောလုံးကတော့ ၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ အသုံးပြုခဲ့သော သားရေဘောလုံးဖြစ်ပါတယ်။ဒီဗိုလ်လုပွဲမှာ ဥရုဂွေး နှင့် အာဂျင်တီးနားအသင်းတို့ ဆုံတွေ့ခဲ့ပြီး ဘောလုံးနှစ်လုံးကို အသုံးပြုခဲ့ပါတယ်။ ဥရုဂွေးတို့ဘောလုံးကို အသုံးပြုရန် အာဂျင်တီးနားတို့က သဘောမတူသည့်အတွက် ညီတူညီမျှဖြစ်စေရန် ပထမပိုင်းကို အာဂျင်တီးနားဘောလုံး နှင့် ဒုတိယပိုင်းကို ဥရုဂွေးဘောလုံးကို အသုံးပြုခဲ့ကြပါတယ်။

ပထမပိုင်းမှာ အာဂျင်တီးနားတို့က ၂ဂိုး-၁ဂိုး နဲ့ အနိုင်ရနေသော်လည်း ဒုတိယပိုင်း ဥရုဂွေးဘောလုံးကို သုံးသည့်အခါမှာတော့ ဥရုဂွေးတို့က ၄-၂ဖြင့်ပြန်အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဥရုဂွေးအသင်းသားတစ်ယောက်က ဒီဘောလုံးကို သိမ်းဆည်းထားခဲ့ပြီး ယခုအခါမှာတော့ ဒီဘောလုံးဟာ ကမ္ဘာ့ဖလားရဲ့ သမိုင်းတစိတ်တပိုင်းဖြစ်နေခဲ့ပါပြီ။

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဗိုင်းရပ်စ်


ယနေ့ခေတ်မှာတော့ ကွန်ပျူတာဗိုင်းရပ်စ်ပေါင်းများစွာ ထွက်ရှိနေပြီဖြစ်ပြီး ပထမဆုံးကွန်ပျူတာဗိုင်းရပ်စ်ကတော့ Brain (ဘရိန်း) ဟုခေါ်သောဗိုင်းရပ်စ်ဖြစ်ပါတယ်။ MS-DOC (အမ်အပ်စ်ဒေါ့) ကွန်ပျူတာများကို ဒုက္ခပေးတဲ့ ဒီဗိုင်းရပ်စ်ကို ပါကစ္စတန်ညီအစ်ကိုနှစ်ဦးဖြစ်သူ Basit Farooq Alvi(ဘက်ဆစ်ဖရုအန်းလ်ဗီ) နဲ့ Amjad Farooq Alvi(အမ်းဂျက်ဒ် ဖရုအန်းလ်ဗီ ) တို့ကရေးသားခဲ့ပြီး ၁၉၈၆ခုနှစ်က ပါကစ္စတန်ရှိ ကွန်ပျူတာအရောင်းဆိုင်တစ်ခုမှာ စတင်အသုံးပြုခဲ့ပါတယ်။ သူတို့ရေးသားထားတဲ့ ဆော့ဝဲတွေကို တရားမဝင် ခိုးကူးခြင်းမှ တားမြစ်ရန်အတွက် ဒီဗိုင်းရပ်စ်ကို ရေးသားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သုတဇုန်က တင်ဆက်တဲ့ ဒီလိုဗဟုသုတ ဗီဒီယိုလေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် ပြန်လည်မျှဝေပေးသွားကြပါဦးနော်။

Tags: inventionsworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!