၁။ ဝါရင်း အသက် ၁၁ မှာ သူ့ရဲ့ပထမဆုံး ရှယ်ယာကိုဝယ်ခဲ့တယ် ။ အဲဒီအချိန်က သူဝယ်ခဲ့တာနောက်ကျတယ်ဆိုပြီး ဝမ်းနည်းခဲ့တယ်။
၂။ သူ ၁၄နှစ်သားမှာ မြေကွက်လေး တစ်ကွက်ကို သတင်းစာပို့တာကနေ ရတဲ့ပိုက်ဆံတွေနဲ့ ဝယ်ယူနိုင်ခဲ့တယ်။
၃။ သူလက်ထပ်ပြီး တဲ့အချိန်မှာ ဝယ်ခဲ့တဲ့ အိမ်က သေးငယ်တဲ့ သုံးခန်းတွဲအိမ်လေးသာ ဖြစ်တယ်။ မီးဖိုတောင်မပါတဲ့အိမ်ပါ။
၄။ သူဟာ သူ့ရဲ့ကားကို ကိုယ်တိုင်မောင်းတယ် ။ ဒရိုင်ဘာတွေ ၊ အစောင့်တွေ ထားလေ့မရှိဘူး။
၅။ သူဟာ ကမ္ဘာ့အကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ် ကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားပေမယ့် သူကိုယ်တိုင်တော့ ဘယ်တော့မှ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့မရှိဘူး။
၆။ သူ့ရဲ့ ကုမ္ပဏီလက်အောက်မှာ ကုမ္ပဏီခွဲပေါင်း ၃၆ခုရှိတယ်။ သူဟာ နှစ်တိုင်းမှာ အဲဒီကုမ္ပဏီအသီးသီးက စီအီးအိုတွေအတွက် သူ့ရဲ့မှာကြားချက်တွေကို စာတစ်စောင်သာ ရေးလေ့ရှိတယ်။ ကျန်တဲ့အချိန်တွေမှာ လူချင်းမတွေ့သလို ၊ ဖုန်းခေါ်လေ့မရှိပဲ ၊ သူတို့စိတ်တိုင်းကျလုပ်ခွင့်ပြုထားတယ်။
၇။ သူ့ရဲ့ စီအီးအိုတွေအတွက် စည်းမျဉ်းနှစ်ခု ချထားတယ်။
၁- ကိုယ့်ကုမ္ပဏီရဲ့ ရှယ်ယာတွေကို တစ်ခုမှ မဆုံးရှုံးပါစေနဲ့။
၂- နံပါတ် ၁ အချက်ကို ဘယ်တော့မှ မမေ့ပါနဲ့။
၈။ သူဟာ လူချမ်းသာတွေရဲ့ ဇိမ်ခံမှုနဲ့ အသားကျလေ့မရှိဘူး။ သူအိမ်ပြန်လာတဲ့အခါ ပြောင်းဖူးပေါက်ပေါက်ကို ကိုယ်တိုင်လုပ်ပြီး တီဗီထိုင်ကြည့်လေ့ရှိတယ်။
၉။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ် က ဝါရင်းနဲ့ လာတွေ့တယ်။ ဝါရင်းကို ပုံမှန်သူဌေးတစ်ယောက်လို့ပဲ ထင်တာကြောင့် တွေ့ဖို့အချိန်နာရီဝက်ပဲ ယူခဲ့တယ်။ ဒါပေမယ့် ဝါရင်းရဲ့ အတွေးအမြင် ၊ နေထိုင်ပုံတွေကို မြင်ရပြီးတဲ့နောက်မှာတော့ တွေ့ဆုံချိန်ဟာ ၁၀နာရီ ကြာခဲ့တယ်။ အဲဒီနောက်တော့ ဘီဂိတ်စ်ဟာလည်း ဝါရင်းကို ကြည်ညိုလေးစားခဲ့ရတယ်။
၁၀။ ချမ်းသာချင်တဲ့လူငယ်တွေကို သူပေးတဲ့အကြံက “ကြွေးတွေနဲ့ ကင်းအောင်နေပါ။ အနာဂါတ်အတွက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံပါ” ဆိုတာပဲ ဖြစ်တယ်။
၁၁။ သူဟာ ဒေါ်လာ ၃၁ဘီလီယံ ( ၃၁,၀၀၀ သန်း) ကို ကယ်ဆယ်စောင့်ရှောက်နေရး နဲ့ ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းခဲ့ပြီးဖြစ်တယ်။