ယနေ့ အချိန်မှာဆိုရင် ကမ္ဘာ့တိုက်ကြီးတွေရဲ့နာမည်ကိုအားလုံးကို တိတိကျကျ သတ်မှတ်ပြီးပါပြီ။ ဒါပေမဲ့ယင်းအမည်တွေဟာတိုက်ကြီးတွေရဲ့မူလအမည်တွေတော့ မဟုတ်ကြပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့တိုက်ကြီး (၇) တိုက်ရဲ့မူလအမည်တွေနဲ့ဖြစ်ပေါ်လာရတဲ့ သမိုင်းကြောင်းတွေဖြစ်ပါတယ်။
အာဖရိကတိုက်
ပထမဆုံးဖော်ပြပေးချင်တာကတော့ အာဖရိကတိုက်ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ နာမည်နဲ့ ပတ်သက်ပြီးတော့ များစွာသောသီအိုရီနဲ့ဆိုရိုးစကားတွေရှိနေခဲ့တာကို တွေ့ရပါတယ်။ ရောမတွေဟာတတိယ မြောက် Punic စစ်ပွဲအတွင်းမှာပဲ အာဖရိကရဲ့ ကာသေ့ (ယခုအာဖရိကတိုက်မြောက်ဘက်စွန်းမှာပါဝင်နေတဲ့တူနီးရှားနိုင်ငံတည်ရှိရာနေရာ) ကို သိမ်းပိုက်ခဲ့ပြီး Africa ဆိုတဲ့ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ရာကနေ အာဖရိကတိုက်ဆိုတဲ့အမည် ဖြစ်လာတယ်လို့လည်းသိကြပါတယ်။
အခြားသောသမိုင်းတစ်ခုမှာတော့ အာဖရိကဆိုတဲ့အမည်ဟာ ယင်းတိုက်ရဲ့မူရင်းဒေသခံတွေဖြစ်တဲ့ Afri ( ယောင်္ကျား ဆိုရင် Africa နဲ့ မိန်းကလေးတွေကိုတော့ Africus ) လို့သုံးနှုန်းလေ့လူမျိုးကိုအစွဲပြု ခေါ် ဆိုတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ Afri မျိုးနွယ်တွေရဲ့နိုင်ငံလို့ဆိုပါတယ်။
အာဖရိကနဲ့ပတ်သက်ပြီးအခြားသီအိုရီတစ်ခုမှာတော့ Afri ဆိုတာဟာ ဖိုနီးရှား (Phoenician) တွေရဲ့ဘာသာကနေ လာတယ်လို့သိရပြီးအဓိပ္ပါယ်ကတော့ မြေမှုန့်ဆိုတာဖြစ်ပါတယ်။ Afri ကိုပဲ လက်တင်ဘာသာမှာ land ကိုရည်ညွှန်းတဲ့စကားလုံး ica နဲ့ပေါင်းပြီး Africa ဆိုပြီးဖြစ် လာတယ်လို့ဆိုပါတယ်။ ဒါကြောင့် Africa ဆိုတာ မြေမှုန်တွေ/သဲမှုန်တွေတည်ရှိရာအ ရပ်လို့ဆိုပါတယ်။
ရောမတွေရဲ့ မှတ်တမ်းမှာတော့ အာဖရိကကို ( မြောက်အာဖရိကပိုင်းကို) သဲကန္တာရအလွန်ပေါများပြီးအလွန်ပူပြင်းတဲ့ပြည်နယ် တစ်ခုအဖြစ်ဖော်ပြထားတာရှိပါတယ်။ ဖော်ပြခဲ့တဲ့ ဖိုနီးရှားတွေရဲ့အာဖရိကအမည်သမိုင်းဟာ Afriလူမျိုးသီအိုရီနဲ့ခပ်ဆင်ဆင်တူညီနေတာကို တွေ့ရပါတယ်။ ဘယ်လိုပဲအာဖရိကအမည်နဲ့ပတ်သတ်လို့ကွဲပြားမှုတွေရှိပါစေ အာဖရိကဟာ ဥရောပသားတွေရဲ့စိုးမိုးမှုကိုခံရချိန်ကစလို့ ပြည်နယ်တစ်ခုအမည်အဖြစ်ပဲသတ်မှတ်ထားတဲ့ Africa ဆိုတဲ့စကားက တိုက်ရဲ့အမည်ဖြစ်လာခဲ့ပါတယ်။
အာန္တာတိကတိုက်
အာန္တာတိကတိုက်ရဲ့မူလအမည်ကတော့ဂရိဘာသာစကား antarktike ကနေလာပြီး အဓိပ္ပါယ်ကတော့ မြောက်ဘက်ရဲ့ဆန့်ကျင်ရာလို့အဓိပ္ပါယ်ရပါတယ်။ အမှန်လည်း Antarctica တိုက်ဟာ ကမ္ဘာတောင်ဘက်စွန်းအရပ်မှာတည်ရှိနေတာဖြစ်ပါတယ်။ Antarctica ဆိုတဲ့အမည်ကို ပထမဆုံး စတင်သုံးစွဲခဲ့တဲ့ စကော့တလန်လူမျိုး မြေပုံပညာရှင်တစ်ယောက်ဖြစ်တဲ့ John George Bartholomew ရဲ့အဆိုအရတော့ ယင်းနာမည်ဟာ ပြင်သစ်နယ်မြေသစ်ရှာဖွေရေးသမားတွေပေးထားတဲ့အမည်လို့ဆိုပါ တယ်။
(၁၅၀၀) ပြည့်နှစ်မှာ ပြင်သစ်တွေဟာ တောင်အမေရိကတိုက်က ယခု ဘရာဇီး နိုင်ငံနေရာကို ကိုလိုနီပြုခဲ့ပြီးနောက်အီကွေတာအောက်ပိုင်းအထိဆင်းကာ Antarctica အထိရောက်လာပြီး ပြင်သစ်လို Antartique လို့အမည်ပေးရာကနေနောက်ပိုင်းမှာ Antarctica ဆိုပြီးဖြစ်လာတာဖြစ်ပါတယ်။ Antarctica တိုက်ရဲ့တစိတ်တပိုင်းကိုပဲဗြိတိသျှတို့က သူတို့ရဲ့ဘုရင်မ အယ်လိဇဘတ်ကိုဂုဏ်ပြုပြီး Queen Elizabeth Land အဖြစ်ဂုဏ်ပြုခေါ်ဆိုစေခဲ့တဲ့ သမိုင်းလည်းရှိပါတယ်။ အဲဒီတစိတ်တပိုင်းဒေသ ဟာဗြိတိန်နိုင်ငံအရွယ်အစားရဲ့ (၂)ဆပမာဏရှိပါတယ်။
အာရှတိုက်
အာရှ ( Asia) တိုက်ရဲ့မူရင်းအမည်ဖြစ်ပေါ်ပုံကတော့ Asia ဆိုတဲ့စကားဟာ ရှေးဂရိတွေ ရဲ့ဘာသာစကား Ἀσία ကနေလာပြီး ဘီစီ (၄၄၀)အစောပိုင်းကာလကတည်းကခေါ်ဆို ခဲ့ကြတယ်လို့ Herodotus ရဲ့သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ သို့သော်ယင်းအချိန် ကသူပေးခဲ့တာဟာ အာရှတိုက်တစ်တိုက်လုံးကိုမရည်ရွယ်ပဲ Aegean ပင်လယ်အနောက်ဘက်ကမ်းရိုးတန်းနဲ့ Anatolia (ယနေ့တူရကီနိုင်ငံတွင်းပါဝင်နေတဲ့နယ်မြေ) တွေဖြစ်တယ်လို့သိရပါတယ်။
ရောမသမိုင်းတွေမှာတော့ ရောမတွေဟာ အာရှနဲ့ပတ်သက်ရင်တော့ အာရှမိုင်းနား ဒေသနဲ့ အာရှကုန်းမကြီးဆိုပြီး ပြည်နယ်ပိုင်း (၂) ခုအဖြစ်ခွဲခြားသတ်မှတ်ခဲ့ကြတယ်လို့သိရပါတယ်။ ဖိုးနီးရှားဘာသာစကားကနေအခြေခံတယ်လို့ယူဆထားတဲ့ ဂရိလိုဆိုရင်တော့ asu ဆိုတာဟာ အရှေ့ဘက်ကိုရည်ညွှန်းပြီး Akkadian ဘာသာမှာတော့ asu ဆိုတာဟာ နေထွက်လာတာကိုကြည့်ရန် အပြင်ထွက်ရန်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့်အာရှတိုက်ဟာနေကိုရည်ညွန်းပြီး နေထွက်ရာအရပ် အဖြစ်အမည်တွင်ခဲ့တာဖြစ်ပါတယ်။
သြစတြေးလျတိုက်
Terra Australis Incognita ဆိုတာကတော့လက်တင်လိုဆိုရင် တောင်ဘက်အရပ်မှာရှိ တဲ့အမျိုးအမည်မသိတဲ့ပြည်ကြီးဖြစ်တယ်လို့ ရှေးရောမတွေရဲ့မှတ်တမ်းမှာရှိနေပါတယ်။ ယင်းမှတ်တမ်းတင်စဉ်က ရောမတွေဟာရေလမ်းကိုအသုံးပြုပင်လယ်ရပ်ခြားခရီးထွက် တာမျိုးတွေမရှိသေးတာကြောင့် (မကျယ်ပြန့်သေးတာလည်းဖြစ်နိုင်ပါတယ်) သြစတေးလျတိုက်ဆိုတာသူတို့ရဲ့ပါးစပ်ရာဇဝင်တွေထဲမှာသာရှိနေခဲ့တဲ့ပုံပါ။
နောက်ဆုံးမှာတော့ ဥရောပသားတွေကပဲ ပင်လယ်ထဲက သြစတေးလျတိုက်ကြီးကိုရှာတွေ့ခဲ့ပြီး Terra Australis ဆိုတဲ့အမည်ကိုပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Terra ဆိုတဲ့စကားလုံးပြုတ်ကာ Australis ဆိုတဲ့အမည်သာအသုံးပြုခဲ့ကြောင်းကို (၁၈၀၄)ခုနှစ်ကလူစွန့်စား Matthew Flinders ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ သြစတေးလျဘုရင်ခံ Lachlan Macquarie လက်ထက်ကာလ (၁၈၁၇)ကာလအထိ Australia ဆိုတဲ့အမည်ဟာတရားဝင်မဖြစ်သေးပဲ (၁၈၂၄)ခုနှစ်ရောက်မှသာ Australia ဆိုတဲ့အမည်ကတရားဝင်ပေါ် ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဥရောပတိုက်
Europe လို့သိကြတဲ့ ဥရောပတိုက်ရဲ့အမည်ဟာ ဂရိနတ်ဖုရား ဇုနတ်မင်းရဲ့ ချစ်သူတွေ အများကြီးအနက်ကတစ်ဦး(Europa)ရဲ့အမည်ကနေ ဆင်းသက်လာတယ်လို့ သိရပါတယ်။ ဒဏ္ဍာရီမှတ်တမ်းတွေထဲမှာတော့ ဇုဟာနွားဖြူတစ်ကောင်အဖြစ်ဖန်ဆင်းပြီး Europe အမည်ရမိန်းကလေးကို ခရိကျွန်းကို ပြန်ပေးဆွဲခေါ်ဆောင်သွားရာကနေ Europe ဆိုတဲ့အမည်ပေါ်ပေါက်လာတာလို့လည်း ဆိုကြပါတယ်။
သမိုင်းဒဏ္ဍာရီဖြစ်တာကြောင့် အတိအကျကြီးမှန်တယ်လို့ယူဆလို့မရပေမဲ့ သီအိုရီတစ်ခုမှာတော့ Europe ဆိုတာ Akkadian ဘာသာစကားဖြစ်တဲ့ erebu ကနေလာပြီး နေဝင်ရာအရပ်လို့မည်ပါတယ်။ နောက်ထပ်မှတ်တမ်းတစ်ခုမှာတော့ Europe ဆိုတာဟာ ဖိုနီးရှန်း( Phoenician) ဘာသာစကား ereb ကနေလာပြီး အနောက်ဘက်အရပ်ကညနေခင်းချိန်ခါလို့ဆိုပါတယ်။ အချို့ကလည်း Europe ဆိုတာ ဂရိဘာသာစကား eurys ကနေလာပြီး ကျယ်ပြန်တဲ့မျက်နှာပြင်လို့အဓိပ္ပါယ်ရပါတယ်။
အထက်မှာဖော်ပြခဲ့ပြီးတဲ့ပြီးတဲ့စက်ကြီးတွေလိုပဲ Europe ဆိုတာအစောပိုင်းကတော့ ဥရောပတိုက်တစ်ခုလုံးကိုမရည်ညွှန်းပဲ မျက်မှောက်ခေတ် တူရကီနိုင်ငံတွင်းရှိနေတဲ့ Thrace ဒေသအပိုင်းကိုပဲရည်ညွှန်းပါတယ်။ အခြားထူးခြားချက်တစ်ခုကတော့ Europa ဆိုတာဟာ ဂျူပီတာရဲ့ဂြိုလ်ရံလတစ်ခုအဖြစ်လည်းလူသိများပါတယ်။
မြောက်အမေရိက နဲ့ တောင်အမေရိကတိုက်
လူသိများတာကတော့ အမေရိကတိုက် ( တောင်အမေရိကရောမြောက်အမေရိကတိုက်) ဟာ အီတလီလူမျိုးပင်လယ်ရေကြောင်းကျွမ်းကျင်သူ Amerigo Vespucci ကိုဂုဏ်ပြု ခေါ်ဆိုခဲ့တာဆိုပြီးဖြစ်ပါတယ်။ အမေရီဂိုဗက်(စ်)ပုချီ( ၁၄၅၄-၁၅၁၂)ဟာ ကိုလံဘတ်ရဲ့ ဘရာဇီးနဲ့အနောက်အိန္ဒိယကျွန်းစုတွေဟာ အာရှတိုက်ရဲ့အရှေဘက်စွန်းနယ်မြေဖြစ် တယ်ဆိုတဲ့အယူအဆကိုမမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာသစ်လို့ ညွှန်းဆိုတဲ့ အမေရိကတိုက်ရှိနေကြောင်းကိုဖော်ထုတ်ပေးခဲ့သူဖြစ်ပါတယ်။
(၁၅၀၇)ခုနှစ် မှာဆိုရင် ဂျာမန်မြေပုံရေးဆွဲပညာရှင်တစ်ယောက်ဖြစ်တဲ့ Martin Waldseemuller ဟာ အမေရီဂိုဗက်(စ်)ပုချီရဲ့မှတ်တမ်းတွေနဲ့ အမေရိကတိုက်ကိုအရင်ဆုံးစတွေ့သူ ကိုလံဘတ် ရဲ့ ပင်လယ်ရေကြောင်းလေ့လာရေးမှတ်တမ်းတွေကိုအခြေခံပြီး အမေရိကတိုက်မြေပုံကို ရေးဆွဲခဲ့ပါတယ်။ သူရေးဆွဲခဲ့တဲ့မြေပုံကြီးဟာ အလျားလိုက် (၈) ပေ၊ဒေါင်လိုက် (၄) ပေ အထိကြီးမားခဲ့ပြီးမျက်မှောက်ခေတ်ဘရာဇီးနိုင်ငံမှာ အမေရိကဆိုတဲ့အမည်နဲ့ပြသခဲ့ပါတယ်။
Waldseemuller ဟာ ဟာအမေရီဂိုဂက်ပုချီရဲ့ travelogues (ခရီးသွားမှတ်တမ်းတွေ)ကို သူရဲ့မြေပုံအညွှန်းထဲမှာထည့်သွင်းရေးဆွဲခဲ့ပြီးသူရဲ့မြေပုံဟာ တောင်အမေရိကတိုက်ဘက်ခြမ်းဒေသတစ်ခုလုံးအတွက်သာပြည့်စုံခဲ့ပါတယ်။ နောက်ပိုင်းရောက်မှသာ မြေပုံရေးဆွဲမှုပညာရှင်တွေက မြောက်အမေရိကဘက်ခြမ်းကို ထည့်ပေါင်းရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ (၁၅၃၈)ခုနှစ်ရောက်ချိန်မှတော့ နာမည်ကျော် ပထဝီဝင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Gerrard Marcator ကမြောက်အမေရိကရော တောင်အမေရိကတိုက်ခြမ်းကိုရောစုပေါင်းပြီး အနောက်ကမ္ဘာခြမ်းဒေသရဲ့အမေရိက တိုက်ဆိုပြီးသတ်မှတ်ပေးခဲ့ပါတော့တယ်။
———- —– ———
(Zawgyi)
ကမာၻ႔တိိုက္ၾကီးေတြရဲ့မူလအမည္ေတြ
ယေန႔ အခ်ိန္မွာဆိုရင္ ကမာၻ႔တိုက္ၾကီးေတြရဲ့နာမည္ကိုအားလံုးကို တိတိက်က် သတ္မွတ္ျပီးပါျပီ။ ဒါေပမဲ့ယင္းအမည္ေတြဟာတိုက္ၾကီးေတြရဲ့မူလအမည္ေတြေတာ့ မဟုတ္ၾကပါဘူး။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ ကမာၻေပၚမွာရွိတဲ့တိုက္ၾကီး (၇) တိုက္ရဲ့မူလအမည္ေတြနဲ႔ျဖစ္ေပၚလာရတဲ့ သမိုင္းေၾကာင္းေတြျဖစ္ပါတယ္။
အာဖရိကတုိက္
ပထမဆံုးေဖာ္ျပေပးခ်င္တာကေတာ့ အာဖရိကတိုက္ျဖစ္ပါတယ္။ အာဖရိကတိုက္ရဲ့ နာမည္နဲ႔ ပတ္သက္ျပီးေတာ့ မ်ားစြာေသာသီအိုရီနဲ ႔ဆိုရိုးစကားေတြရိွေနခဲ့တာကို ေတြ႔ရပါတယ္။ ေရာမေတြဟာတတိယ ေျမာက္ Punic စစ္ပြဲအတြင္းမွာပဲ အာဖရိကရဲ့ ကာေသ့ (ယခုအာဖရိကတိုက္ေျမာက္ဘက္စြန္းမွာပါဝင္ေနတဲ့တူနီးရွားနိုင္ငံတည္ရွိရာေနရာ) ကို သိမ္းပိုက္ခဲ့ျပီး Africa ဆိုတဲ့ျပည္နယ္တစ္ခုအျဖစ္သတ္မွတ္ခဲ့ရာကေန အာဖရိကတိုက္ဆိုတဲ့အမည္ ျဖစ္လာတယ္လို႕လည္းသိၾကပါတယ္။
အျခားေသာသမိုင္းတစ္ခုမွာေတာ့ အာဖရိကဆိုတဲ့အမည္ဟာ ယင္းတိုက္ရဲ့မူရင္းေဒသခံေတြျဖစ္တဲ့ Afri ( ေယာက်ၤား ဆိုရင္ Africa နဲ႔ မိန္းကေလးေတြကိုေတာ့ Africus ) လို႔သံုးႏႈန္းေလ့လူမ်ိဳးကိုအစြဲဲျပဳ ေခၚ ဆိုတာျဖစ္ျပီး အဓိပၸါယ္ကေတာ့ Afri မ်ိဳးႏြယ္ေတြရဲ့နိုင္ငံလို႔ဆိုပါတယ္။
အာဖရိကနဲ႔ပတ္သက္ျပီးအျခားသီအိုရီတစ္ခုမွာေတာ့ Afri ဆိုတာဟာ ဖိုနီးရွား (Phoenician) ေတြရဲ့ဘာသာကေန လာတယ္လို႕သိရျပီးအဓိပၸါယ္ကေတာ့ ေျမမႈန္႔ဆိုတာျဖစ္ပါတယ္။ Afri ကိုပဲ လက္တင္ဘာသာမွာ land ကိုရည္ညႊန္းတဲ့စကားလံုး ica နဲ႔ေပါင္းျပီး Africa ဆိုျပီးျဖစ္ လာတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ Africa ဆိုတာ ေျမမႈန္ေတြ/သဲမႈန္ေတြတည္ရွိရာအ ရပ္လို႔ဆိုပါတယ္။
ေရာမေတြရဲ့ မွတ္တမ္းမွာေတာ့ အာဖရိကကို ( ေျမာက္အာဖရိကပိုင္းကို) သဲကႏၱာရအလြန္ေပါမ်ားျပီးအလြန္ပူျပင္းတဲ့ျပည္နယ္ တစ္ခုအျဖစ္ေဖာ္ျပထားတာရွိပါတယ္။ ေဖာ္ျပခဲ့တဲ့ ဖိုနီးရွားေတြရဲ့အာဖရိကအမည္သမိုင္းဟာ Afriလူမ်ိဳးသီအိုရီနဲ႔ခပ္ဆင္ဆင္တူညီေနတာကို ေတြ႔ရပါတယ္။ ဘယ္လိုပဲအာဖရိကအမည္နဲ႔ပတ္သတ္လို႔ကြဲျပားမႈေတြရွိပါေစ အာဖရိကဟာ ဥေရာပသားေတြရဲ့စိုးမိုးမႈကိုခံရခ်ိန္ကစလုိ႔ ျပည္နယ္တစ္ခုအမည္အျဖစ္ပဲသတ္မွတ္ထားတဲ့ Africa ဆိုတဲ့စကားက တိုက္ရဲ့အမည္ျဖစ္လာခဲ့ပါတယ္။
အာႏာၱတိကတိုက္
အာႏာၱတိကတိုက္ရဲ့မူလအမည္ကေတာ့ဂရိဘာသာစကား antarktike ကေနလာျပီး အဓိပၸါယ္ကေတာ့ ေျမာက္ဘက္ရဲ့ဆန္႔က်င္ရာလို႔အဓိပၸါယ္ရပါတယ္။ အမွန္လည္း Antarctica တိုက္ဟာ ကမာၻေတာင္ဘက္စြန္းအရပ္မွာတည္ရွိေနတာျဖစ္ပါတယ္။ Antarctica ဆိုတဲ့အမည္ကို ပထမဆံုး စတင္သံုးစြဲခဲ့တဲ့ စေကာ့တလန္လူမ်ိဳး ေျမပံုပညာရွင္တစ္ေယာက္ျဖစ္တဲ့ John George Bartholomew ရဲ့အဆိုအရေတာ့ ယင္းနာမည္ဟာ ျပင္သစ္နယ္ေျမသစ္ရွာေဖြေရးသမားေတြေပးထားတဲ့အမည္လို႔ဆိုပါ တယ္။
(၁၅၀၀) ျပည့္နွစ္မွာ ျပင္သစ္ေတြဟာ ေတာင္အေမရိကတိုက္က ယခု ဘရာဇီး နိုင္ငံေနရာကို ကိုလိုနီျပဳခဲ့ျပီးေနာက္အီေကြတာေအာက္ပိုင္းအထိဆင္းကာ Antarctica အထိေရာက္လာျပီး ျပင္သစ္လို Antartique လို႔အမည္ေပးရာကေနေနာက္ပိုင္းမွာ Antarctica ဆိုျပီးျဖစ္လာတာျဖစ္ပါတယ္။ Antarctica တုိက္ရဲ႕တစိတ္တပုိင္းကိုပဲျဗိတိသ်ွတို႔က သူတို႕ရဲ့ဘုရင္မ အယ္လိဇဘတ္ကိုဂုဏ္ျပဳျပီး Queen Elizabeth Land အျဖစ္ဂုဏ္ျပဳေခၚဆိုေစခဲ့တဲ့ သမိုင္းလည္းရွိပါတယ္။ အဲဒီတစိတ္တပုိင္းေဒသ ဟာၿဗိတိန္နိုင္ငံအရြယ္အစားရဲ့ (၂)ဆပမာဏရွိပါတယ္။
အာရွတုိက္
အာရွ ( Asia) တိုက္ရဲ့မူရင္းအမည္ျဖစ္ေပၚပံုကေတာ့ Asia ဆိုတဲ့စကားဟာ ေရွးဂရိေတြ ရဲ့ဘာသာစကား Ἀσία ကေနလာျပီး ဘီစီ (၄၄၀)အေစာပိုင္းကာလကတည္းကေခၚဆို ခဲ့ၾကတယ္လို႕ Herodotus ရဲ့သမိုင္းမွတ္တမ္းေတြအရသိရပါတယ္။ သို႔ေသာ္ယင္းအခ်ိန္ ကသူေပးခဲ့တာဟာ အာရွတိုက္တစ္တိုက္လံုးကိုမရည္ရြယ္ပဲ Aegean ပင္လယ္အေနာက္ဘက္ကမ္းရိုးတန္းနဲ႔ Anatolia (ယေန႔တူရကီနိုင္ငံတြင္းပါဝင္ေနတဲ့နယ္ေျမ) ေတြျဖစ္တယ္လို႔သိရပါတယ္။
ေရာမသမိုင္းေတြမွာေတာ့ ေရာမေတြဟာ အာရွနဲ႔ပတ္သက္ရင္ေတာ့ အာရွမိုင္းနား ေဒသနဲ႔ အာရွကုန္းမၾကီးဆိုျပီး ျပည္နယ္ပိုင္း (၂) ခုအျဖစ္ခြဲျခားသတ္မွတ္ခဲ့ၾကတယ္လို႔သိရပါတယ္။ ဖိုးနီးရွားဘာသာစကားကေနအေျခခံတယ္လို႔ယူဆထားတဲ့ ဂရိလိုဆိုရင္ေတာ့ asu ဆိုတာဟာ အေရွ႕ဘက္ကိုရည္ညႊန္းျပီး Akkadian ဘာသာမွာေတာ့ asu ဆိုတာဟာ ေနထြက္လာတာကိုၾကည့္ရန္ အျပင္ထြက္ရန္ဆိုတာျဖစ္ပါတယ္။ ဒါေၾကာင့္အာရွတိုက္ဟာေနကိုရည္ညြန္းျပီး ေနထြက္ရာအရပ္ အျဖစ္အမည္တြင္ခဲ့တာျဖစ္ပါတယ္။
ၾသစေၾတးလ်တုိက္
Terra Australis Incognita ဆိုတာကေတာ့လက္တင္လိုဆိုရင္ ေတာင္ဘက္အရပ္မွာရွိ တဲ့အမ်ိဳးအမည္မသိတဲ့ျပည္ၾကီးျဖစ္တယ္လို႔ ေရွးေရာမေတြရဲ့မွတ္တမ္းမွာရွိေနပါတယ္။ ယင္းမွတ္တမ္းတင္စဥ္က ေရာမေတြဟာေရလမ္းကိုအသံုးျပဳပင္လယ္ရပ္ျခားခရီးထြက္ တာမ်ိဳးေတြမရွိေသးတာေၾကာင့္ (မက်ယ္ျပန္႔ေသးတာလည္းျဖစ္နိုင္ပါတယ္) ၾသစေတးလ်တိုက္ဆိုတာသူတို႕ရဲ့ပါးစပ္ရာဇဝင္ေတြထဲမွာသာရွိေနခဲ့တဲ့ပံုပါ။
ေနာက္ဆံုးမွာေတာ့ ဥေရာပသားေတြကပဲ ပင္လယ္ထဲက ၾသစေတးလ်တိုက္ၾကီးကိုရွာေတြ႔ခဲ့ျပီး Terra Australis ဆိုတဲ့အမည္ကိုေပးခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Terra ဆိုတဲ့စကားလံုးျပဳတ္ကာ Australis ဆိုတဲ့အမည္သာအသံုးျပဳခဲ့ေၾကာင္းကို (၁၈၀၄)ခုနွစ္ကလူစြန္႔စား Matthew Flinders ရဲ့မွတ္တမ္းေတြအရသိရပါတယ္။ ၾသစေတးလ်ဘုရင္ခံ Lachlan Macquarie လက္ထက္ကာလ (၁၈၁၇)ကာလအထိ Australia ဆိုတဲ့အမည္ဟာတရားဝင္မျဖစ္ေသးပဲ (၁၈၂၄)ခုနွစ္ေရာက္မွသာ Australia ဆိုတဲ့အမည္ကတရားဝင္ေပၚ ေပါက္လာခဲ့တာျဖစ္ပါတယ္။
ဥေရာပတုိက္
Europe လို႔သိၾကတဲ့ ဥေရာပတိုက္ရဲ့အမည္ဟာ ဂရိနတ္ဖုရား ဇုနတ္မင္းရဲ့ ခ်စ္သူေတြ အမ်ားၾကီးအနက္ကတစ္ဦး(Europa)ရဲ့အမည္ကေန ဆင္းသက္လာတယ္လုိ႔ သိရပါတယ္။ ဒ႑ာရီမွတ္တမ္းေတြထဲမွာေတာ့ ဇုဟာႏြားျဖဴတစ္ေကာင္အျဖစ္ဖန္ဆင္းျပီး Europe အမည္ရမိန္းကေလးကို ခရိကြ်န္းကို ျပန္ေပးဆြဲေခၚေဆာင္သြားရာကေန Europe ဆိုတဲ့အမည္ေပၚေပါက္လာတာလို႔လည္း ဆိုၾကပါတယ္။
သမိုင္းဒ႑ာရီျဖစ္တာေၾကာင့္ အတိအက်ၾကီးမွန္တယ္လို႔ယူဆလို႔မရေပမဲ့ သီအိုရီတစ္ခုမွာေတာ့ Europe ဆိုတာ Akkadian ဘာသာစကားျဖစ္တဲ့ erebu ကေနလာျပီး ေနဝင္ရာအရပ္လို႔မည္ပါတယ္။ ေနာက္ထပ္မွတ္တမ္းတစ္ခုမွာေတာ့ Europe ဆိုတာဟာ ဖိုနီးရွန္း( Phoenician) ဘာသာစကား ereb ကေနလာျပီး အေနာက္ဘက္အရပ္ကညေနခင္းခ်ိန္ခါလို႔ဆိုပါတယ္။ အခ်ိဳ႕ကလည္း Europe ဆိုတာ ဂရိဘာသာစကား eurys ကေနလာျပီး က်ယ္ျပန္တဲ့မ်က္နွာျပင္လို႔အဓိပၸါယ္ရပါတယ္။
အထက္မွာေဖာ္ျပခဲ့ျပီးတဲ့ျပီးတဲ့စက္ၾကီးေတြလိုပဲ Europe ဆိုတာအေစာပိုင္းကေတာ့ ဥေရာပတိုက္တစ္ခုလံုးကိုမရည္ညႊန္းပဲ မ်က္ေမွာက္ေခတ္ တူရကီနိုင္ငံတြင္းရွိေနတဲ့ Thrace ေဒသအပိုင္းကိုပဲရည္ညႊန္းပါတယ္။ အျခားထူးျခားခ်က္တစ္ခုကေတာ့ Europa ဆိုတာဟာ ဂ်ဴပီတာရဲ့ျဂိဳလ္ရံလတစ္ခုအျဖစ္လည္းလူသိမ်ားပါတယ္။
ေျမာက္အေမရိက နဲ႔ ေတာင္အေမရိကတုိက္
လူသိမ်ားတာကေတာ့ အေမရိကတိုက္ ( ေတာင္အေမရိကေရာေျမာက္အေမရိကတိုက္) ဟာ အီတလီလူမ်ိဳးပင္လယ္ေရေၾကာင္းကြ်မ္းက်င္သူ Amerigo Vespucci ကိုဂုဏ္ျပဳ ေခၚဆိုခဲ့တာဆိုျပီးျဖစ္ပါတယ္။ အေမရီဂိုဗက္(စ္)ပုခ်ီ( ၁၄၅၄-၁၅၁၂)ဟာ ကိုလံဘတ္ရဲ့ ဘရာဇီးနဲ႔အေနာက္အိႏၵိယကြ်န္းစုေတြဟာ အာရွတိုက္ရဲ့အေရွဘက္စြန္းနယ္ေျမျဖစ္ တယ္ဆိုတဲ့အယူအဆကိုမမွန္ကန္ေၾကာင္း သက္ေသျပနိုင္ခဲ့သူျဖစ္ျပီး ကမာၻသစ္လို႔ ညႊန္းဆိုတဲ့ အေမရိကတိုက္ရွိေနေၾကာင္းကိုေဖာ္ထုတ္ေပးခဲ့သူျဖစ္ပါတယ္။
(၁၅၀၇)ခုနွစ္ မွာဆိုရင္ ဂ်ာမန္ေျမပံုေရးဆြဲပညာရွင္တစ္ေယာက္ျဖစ္တဲ့ Martin Waldseemuller ဟာ အေမရီဂိုဗက္(စ္)ပုခ်ီရဲ့မွတ္တမ္းေတြနဲ႔ အေမရိကတိုက္ကိုအရင္ဆံုးစေတြ႔သူ ကိုလံဘတ္ ရဲ့ ပင္လယ္ေရေၾကာင္းေလ့လာေရးမွတ္တမ္းေတြကိုအေျခခံျပီး အေမရိကတိုက္ေျမပံုကို ေရးဆြဲခဲ့ပါတယ္။ သူေရးဆြဲခဲ့တဲ့ေျမပံုၾကီးဟာ အလ်ားလိုက္ (၈) ေပ၊ေဒါင္လိုက္ (၄) ေပ အထိၾကီးမားခဲ့ျပီးမ်က္ေမွာက္ေခတ္ဘရာဇီးနိုင္ငံမွာ အေမရိကဆိုတဲ့အမည္နဲ ႔ျပသခဲ့ပါတယ္။
Waldseemuller ဟာ ဟာအေမရီဂိုဂက္ပုခ်ီရဲ့ travelogues (ခရီးသြားမွတ္တမ္းေတြ)ကို သူရဲ့ေျမပံုအညႊန္းထဲမွာထည့္သြင္းေရးဆြဲခဲ့ျပီးသူရဲ့ေျမပံုဟာ ေတာင္အေမရိကတိုက္ဘက္ျခမ္းေဒသတစ္ခုလံုးအတြက္သာျပည့္စံုခဲ့ပါတယ္။ ေနာက္ပိုင္းေရာက္မွသာ ေျမပံုေရးဆြဲမႈပညာရွင္ေတြက ေျမာက္အေမရိကဘက္ျခမ္းကို ထည့္ေပါင္းေရးဆြဲခဲ့ၾကတာျဖစ္ပါတယ္။ (၁၅၃၈)ခုနွစ္ေရာက္ခ်ိန္မွေတာ့ နာမည္ေက်ာ္ ပထဝီဝင္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ Gerrard Marcator ကေျမာက္အေမရိကေရာ ေတာင္အေမရိကတိုက္ျခမ္းကိုေရာစုေပါင္းျပီး အေနာက္ကမာၻျခမ္းေဒသရဲ့အေမရိက တိုက္ဆိုျပီးသတ္မွတ္ေပးခဲ့ပါေတာ့တယ္။