Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကြီးကျယ်ထင်ရှားတဲ့ ကမ္ဘာကျော် လောင်းကစားရုံကြီး (၁၀)ခု

by Thutamm
November 17, 2020
Reading Time: 3min read
0
ကြီးကျယ်ထင်ရှားတဲ့ ကမ္ဘာကျော် လောင်းကစားရုံကြီး (၁၀)ခု
Share on FacebookShare on Twitter

ကမ္ဘာ့ထိပ်တန်းလောင်းကစားရုံတွေလို့ဆိုလိုက်တာနဲ့ အများစုက အမေရိကန်ပြည်ထောင်စု လတ်စ်ဗီးဂတ်က လောင်းကစားရုံတွေကိုသာသိထားပါတယ်။ အမှန်လည်း မဟာဗီသဲကန္တာရရဲ့အလယ်ပိုင်းမှာ တည်ရှိနေတဲ့ ယင်းလောင်းကစားမြို့တော်ကြီးဟာ ကမ္ဘာတန်ဖိုးအကြီးဆုံးသော ဇိမ်ခံဟိုတယ်ကြီးတွေနဲ့ လောင်းကစားရုံတွေဆက်စပ်တည်ရှိနေတာဖြစ်ပြီး အမေရိကန်မီဒီယာတွေရဲ့ဆက်တိုက်ဖော်ပြနေခဲ့မှုတွေနဲ့ နာမည်ကျော်လူသိများနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ထိပ်တန်းလောင်းကစားရုံကြီးတွေဟာ လက်စ်ဗီးဂတ်တစ်မြို့တည်းမှာပဲ တည်ရှိနေတာမျိုးတော့မဟုတ်ပါဘူး။ ဒီနေရာမှာမျှဝေပေးသွားမှာကတော့ ကမ္ဘာ့ထိပ်တန်းလောင်းကစားရုံ(၁၀)ခုရဲ့အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။

(၁၀) ပါ့ခ်ဟာရက် မန်ဒိုဇာ ၊ အာဂျင်တီးနား

တောင်အမေရိကတိုက် အာဂျင်တီးနားနိုင်ငံ မန်ဒိုဇာ မှာတည်ရှိနေတဲ့ ပါ့ခ်ဟာရက် မန်ဒိုဇာ Park Hyatt Mendoza ဟာဆိုရင် တောင်အမေရိကတိုက်ရဲ့ ကြီးကျယ်တဲ့လောင်းကစားရုံကြီးဖြစ်ပြီး အထက်တန်းစားလောင်းကစားမားတွေ၊ သန်းကြွယ်သူဌေးတွေ လာရောက်ကစားရာနေရာဖြစ်ပါတယ်။ ပါ့ခ်ဟာရက် မန်ဒိုဇာ ရဲ့နာမည်ကျော်လောင်းကစားဂိမ်းကတော့ punto y blanca ဆိုတဲ့ကဒ်ဂိမ်းဖြစ်ပြီး လာရောက်ကစားသူတွေအကြား အလွန်ကိုရေပန်းစားလှပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ ကာစီနိုရုံနဲ့ကပ်လျက်တည်ရှိနေတဲ့ ပါ့ခ်ဟာရက် မန်ဒိုဇာ အမည်ရဟိုတယ်ကြီးဖြစ်ပါတယ်။ မူလက စပိန်ကိုလိုနီခေတ်ဟောင်း အဆောက်အအုံကြီးဖြစ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံဗိသုကာဒီဇိုင်းတွေကြောင့် အတော်ကိုလှပတဲ့ အဆင့်မြင့်လှပတဲ့ ဟိုတယ်တစ်ခုအဖြစ်ရှိနေပါတယ်။

(၉) အစ်ဘီဇာဂရန်ဟိုတယ်ကာစီနို ၊ စပိန်

စပိန်နိုင်ငံ ဘယ်လာရစ်ကျွန်းမှာတည်ရှိတဲ့ အစ်ဘီဇာဂရန်ဟိုတယ်ကာစီနို ကိုတော့ လှပတဲ့ကမ်းခြေတွေနဲ့သဘာဝတောရိုင်းနယ်မြေတွေတည်ရှိခြင်းနဲ့ပတ်သက်ပြီးလူသိများထင်ရှားပါတယ်။ အထူးသဖြင့် ညလုံးပေါက်ဝန်ဆောင်မှုပေးတဲ့ အစ်ဘီဇာဂရန်ဟိုတယ်နဲ့အတူ ယင်းကျွန်းမှာတည်ရှိတဲ့ သင်္ဘောဆိပ်နဲ့ မြို့တော်ဟောင်းကိုအပေါ်စီးကနေ မြင်နိုင်တဲ့ဟိုတယ်ရဲ့တည်နေရာကြောင့်လည်း လာရောက်သူတွေအဖို့ သဘာဝပတ်ဝန်းကျင်အလှအပကို တဝကြီးခံစားရမှာဖြစ်ပါတယ်။ လောင်းကစားရုံကြီးဟာဆိုရင် အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်တွင်ကျင်းပလေ့ရှိတဲ့ em tournaments ပွဲတွေကို ကျင်းပပြီး ဒေသတွင်းက လောင်းကစားပြုသူဝါသနာအိုးတွေကို အဓိက ဆွဲဆောင်လျက်ရှိပါတယ်။

(၈) ရစ်ဇ်ကာလ်တန် ၊ ပေါ်တိုရီကို

ပေါ်တိုရီကိုနိုင်ငံ မြို့တော် ဆန်ဝှမ်မှာတည်ရှိတဲ့ ရစ်ဇ်ကာလ်တန် ဟိုတယ်ဟာဆိုရင်လည်း (၈)ဧကကျယ်ဝန်းတဲ့ မြေပေါ်မှာတည်ဆောက်တားတဲ့ အဆောက်အအုံတစ်ခုဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာရဲ့ရှုခင်းအလှအပတွေကိုအကောင်းဆုံးခံစားနိုင်တဲ့နေရာမှာတည်ရှိနေပါတယ်။ ရစ်ဇ်ကာလ်တန် ဟိုတယ်ဟာဆိုရင် ကမ္ဘာကျော် ဇိမ်ခံဟိုတယ်တွေအနက်က တစ်ခုဖြစ်ပြီး လာရောက်လည်ပတ်သူတွေအနေနဲ့လည်း ကမ္ဘာကျော်လောင်းကစားရုံကြီးအတွင်း ကံစမ်းခွင့်ရှိနေပါတယ်။ ရစ်ဇ်ကာလ်တန် လောင်းကစားရုံအတွင်းမှာတော့ ရိုလက်(၃၆- ကိန်းဂဏန်းလောင်းကစားနည်း)၊ ဘလက်ဂျက် ၊ လက်အစ်ရိုက် ဂိမ်းကစားနည်းများ၊ အကြွေစေ့ဂိမ်းစက်(၃၀၀)အပြင် အခြားသောဖျော်ဖြေရေးဆိုင်ရာ အစီစဉ်များစွာပါဝင်နေပါတယ်။ ဒီနေရာမှာပဲ စားသောက်ဆိုင်တွေတည်ရှိနေပြီး ပေါ်တိုရီကို နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုဆိုင်ရာဓလေ့တွေကိုလည်း တပါတည်းလေ့လာခွင့်ရှိပါတယ်။

(၇) ဝင်းန်ဟိုတယ်ကာစီနို ၊ လတ်စ်ဗီးဂတ်

ကမ္ဘာထိပ်တန်းလောင်းကစားရုံစာရင်းကိုဖော်ပြမှာဆိုရင်တော့ လတ်စ်ဗီးဂတ်မြို့တော်ကိုချန်ထားမယ်ဆိုရင်တော့ မပြည့်စုံနိုင်ပါဘူး။ အဲဒီမြို့တော်မှာတည်ရှိနေတဲ့ ဝင်းန်ဟိုတယ်ဟာဆိုရင်ယခုလက်ရှိ တည်ဆောက်ပြီးသမျှ ကမ္ဘာဈေးအကြီးဆုံးဟိုတယ်စာရင်းမှာ ထိပ်တန်းနေရာကနေပါဝင်နေခဲ့ပြီး ယင်းနဲ့ပူးတွဲပါဝင်နေတဲ့ လောင်းကစားရုံကြီးဟာလည်း စွဲမက်ဖွယ်အခင်းအကျင်း၊လူသိများထင်ရှားတဲ့လောင်းကစားနည်းတွေနဲ့အတူ အနောက်ကမ္ဘာမှာ ကျော်ကြားပါတယ်။ အထူးသဖြင့် ဝင်းန်ဟိုတယ်ကာစီနို ရဲ့အတွင်းပိုင်းအပြင်၊အဆင်တွေဟာဆိုရင်လာရောက်လည်ပတ်သူတွေအတွက် အခြားနေရာတစ်ခုကိုရောက်ရှိသွားသလိုခံစားရမှာဖြစ်ပြီးယင်းဟိုတယ်အတွင်းမှာပဲ
ကမ္ဘာအဆင့်မီစားသောက်ဆိုင်ကြီးတွေ၊ ဈေးဝယ်စင်တာကြီးတွေပူးတွဲတည်ရှိနေပါတယ်။

(၆) ဆန်းစီးတီး အပန်းဖြေစခန်း နဲ့ ကာစီနို၊ တောင်အာဖရိက

ဆန်းစီးတီးကာစီနိုကတော့ အာဖရိကတိုက်၊ တောင်အာဖရိကနိုင်ငံအနောက်မြောက်ပိုင်းက ဆန်းစီးတီး အပန်းဖြေစခန်း မှာ တည်ရှိနေပါတယ်။ ဂျိုဟန်နက်စ်ဘတ် နဲ့(၂)နာရီသာကွာဝေးပြီး ရူတင်ဘော့ဂ်မြို့အနီးမှာ တည်ရှိတဲ့ ဆမ်စီးတီးအပန်းဖြေစခန်းနဲ့ လောင်းကစားရုံဟာဆိုရင် အာဖရိကန်တွေရဲ့ပုံရိပ်တွေ၊ အလေ့အထတွေနဲ့သာပြည့်နှက်နေပါတယ်။ ကမ္ဘာအဆင့်မီလောင်းကစားရုံကြီးတွေနည်းတူ ဒင်္ဂါးစက်ကြီးတွေ၊ ဘလက်ဂျက် ၊ ရိုလက် နဲ့အခြားသောလောင်းကစားနည်းနဲ့ဖျော်ဖြေရေးအစီစဉ်များစွာဟာလည်း တည်ရှိလို့နေပြန်ပါတယ်။ အချို့သောလာရောက်ကစားသူတွေအတွက်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးကို အကောင်းဆုံးထောက်ပံ့ပေးထားတဲ့ သီးသန့်လောင်းကစားရပ်ဝန်းတွေကိုလည်းဖန်တီးပေးထားတာကိုတွေ့ရပါတယ်။

(၅) ပါရီ မွန်တီကာရို ကာစီနို ၊ မိုနာကို

ဒီကာစီနိုကတော့ ကမ္ဘာပေါ်မှာ ဒုတိယဧရိယာအသေးဆုံးနိုင်ငံဖြစ်တဲ့ မိုနာကိုမှာ တည်ရှိပါတယ်။ နာမည်ကျော် ဟိုတယ်နှစ်ခုကိုဆက်စပ်တည်ရှိနေတာဖြစ်တဲ့ ပါရီ မွန်တီကာရို ကာစီနို ဟာဆိုရင်လာရောက်တည်းခိုသူတွေအတွက်အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုပေးအပ်နေတဲ့အပြင် အချိန်အနည်းငယ်တွင်းမှာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်သွားလောက်တဲ့ ဒါမှမဟုတ် တက်တက်ပြောင်အောင်ရှုံးသွားနိုင်တဲ့ လောင်းကစားရုံကြီးကို ပူးတွဲပိုင်ဆိုင်ပါတယ်။ အဲဒီလောင်းကစားခန်းမတွေဟာဆိုရင် ပါဝင်နေတဲ့ ဇိမ်ခံပစ္စည်းတွေနဲ့အပြင်အဆင်တွေကြောင့် ထင်ရှားပါတယ်။ Casino de Monte-Carlo ကို လူသိများထင်ရှားစေတဲ့အချက်ကတော့ နာမည်ကျော် ဂျိမ်းစ်ဘွန်းဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Casino Royale ဟာ ယင်းနေရာကို နောက်ခံထားရေးသားခဲ့လို့ဖြစ်ပါတယ်။

(၄) ဘလာဂျီယို ဟိုတယ် ကာစီနို ၊ လတ်စ်ဗီးဂတ်

အမေရိကန်ပြည်ထောင်စု လတ်စ်ဗီးဂတ်မှာတည်ရှိနေတဲ့ ဘလာဂျီယို ဟိုတယ် ကာစီနို ဟာဆိုရင် ကမ္ဘာပေါ်က ဇိမ်ခံဟိုတယ်တွေအနက်က ထိပ်တန်းနေရာမှာ တည်ရှိနေပါတယ်။ ယင်းဟိုတယ်နဲ့လောင်းကစားရုံကြီး တရှိန်ထိုးနာမည်ကြီးလာတဲ့အချက်တစ်ခုကတော့ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Ocean’s Eleven ဇာတ်ကားလာရောက်ရိုက်ကူးရာနေရာဖြစ်ခဲ့လို့ဖြစ်ပါတယ်။ အဆောက်အအုံအတွင်းပိုင်းမှာတော့ လောင်းကစားစက်တွေ၊ကစားဝိုင်းတွေတည်ရှိနေတဲ့အပြင် လက်ဗီးဂက်မြို့ရဲ့အမှတ်အသားလို့ပြောရမဲ့ Bellagio ရေပန်းအလှတင်ဆက်ပုံတွေကြောင့်လည်း နာမည်ကျော်ကြားပါတယ်။ ဟိုတယ်ကြီးမှာတော့ အခန်းပေါင်း ၄၀၀၀ နီးပါးရှိတဲ့အပြင် လောင်းကစားဧရိယာအနေနဲ့လည်း စတုရန်းပေ ၁၁၀,၀၀၀ ကျော် တောင် ရှိနေပါတယ်။

(၃) မာရီနာဘေးဆန့်ကာစီနို ၊ စင်ကာပူ

အရှေ့တောင်အာရှက စင်ကာပူနိုင်ငံမှာတည်ရှိနေတဲ့ သင်္ဘောအဆောက်အဦးနဲ့အတူ လူသိများတဲ့ မာရီနာဘေးဆန့်ကာစီနိုဟာ ခမ်နားထည်ဝါတဲ့ဒီဇိုင်းလက်ရာ၊ များပြားလွန်းလှတဲ့တည်ဆောက်မှုကုန်ကျစရိတ်တွေနဲ့အတူ နိုင်ငံရဲ့အမှတ်၏အသားနေရာတစ်ခုအဖြစ် အလျှင်အမြန်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီလောင်းကစားရုံတွင်းမှာတော့ slot ထိုင်ခုံပေါင်း (၁၆၀၀)နဲ့ လောင်းကစားဝိုင်းခုံပေါင်း(၅၀၀)အပြင် အခြားသောဖျော်ဖြေရေးပစ္စည်းပေါင်းများစွာ တည်ရှိလို့နေပါတယ်။ ကမ္ဘာ့အကြီးဆုံး atrium လောင်းကစားရုံကြီးနဲ့ ကပ်လျက်မှာတင် ဇာတ်ရုံ ၊ ပြတိုက် ၊ အခန်းပေါင်းထောင်ချီရှိတဲ့ဟိုတယ် အပန်းဖြေစခန်း နဲ့အတူ ဈေးဝယ်စင်တာတွေလည်း တည်ရှိလို့နေပါတယ်။

(၂) ခူဟတ်စ်အော့ဖ် ဘေဒင် ဘေဒင် ကာစီနို ၊ ဂျာမနီ

(၁၈၂၄) ခုနှစ်ကတည်းကတည်ဆောက်ခဲ့တဲ့ The Kurhaus of Baden-Baden Casino ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းဟိုတယ်နဲ့ အပန်းဖြေရုံတစ်ခုအဖြစ်သာမက ဂျာမနီနိုင်ငံအတွက်တော့ ရှေးအမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ်နဲ့ပါ ထင်ရှားပါတယ်။ ယင်းကိုကံစမ်းဖို့သွားရောက်သူတွေအနေနဲ့ ထိပ်တန်းဝန်ဆောင်မှုတွေကိုခံစားရမှာဖြစ်ပြီး လူအုပ်ကြီးနဲ့မဟုတ်ပဲ သီးသန့်လောင်းကစားချင်သူတွေအတွက်ပါ ဖန်တီးပေးထားပါတယ်။ လောင်းကစားပြုနေစဉ်အချိန်တွင်းမှာဟိုတယ်ရဲ့ဝန်ဆောင်မှုတွေကိုရယူအပန်းဖြေနိုင်မှာဖြစ်ပြီး ဘေဒင် ဘေဒင် မှာပဲတည်ရှိနေတဲ့ ဘလက်ဖောရက် လို နာမည်ကျော် အပန်းဖြေစခန်းနေရာတွေကိုလည်း သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

(၁) ဗင်နီးရှန်း မကာအို အပန်းဖြေဟိုတယ် ကာစီနို ၊ မကာအို

အရှေ့တိုင်းရဲ့လောင်းကစားမြို့တော်လို့ နာမည်ကျော်တဲ့ မကာအိုမှာတည်ရှိနေတဲ့ ဗင်နီးရှန်း မကာအို အပန်းဖြေဟိုတယ် ကာစီနို ဟာလည်း ကမ္ဘာ့ထိပ်တန်းလောင်းကစားရုံစာရင်းမှာပါဝင်နေခဲ့ပြီး (၂၀၀၇)ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ ဗင်နီးရှန်း မကာအို အပန်းဖြေဟိုတယ် နဲ့အတူ တပါတည်း ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ လတ်စ်ဗီးဂတ်မှာတည်ရှိတဲ့ ဗင်နီးရှန်း လောင်းကစားရုံကိုတုပတည်ဆောက်ထားတာဖြစ်ပြီး တရုတ်ရိုးရာယာဉ်ကျေးမှုလက်ရာများစွာကို ထပ်မံပေါင်းထည့်ခဲ့တာကြောင့် မူလ ဗင်နီးရှန်း အဆောက်အအုံနဲ့ကွဲပြားမှုများစွာရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ လောင်းကစားထိုင်ခုံဝိုင်းပေါင်း (၅၀၀) ၊ လောင်းကစားစက်ပေါင်း (ဒင်္ဂါးထည့်စက်) ၂၀၀၀လောက်နဲ့ လာရောက်သူတွေ အချိန်ဘယ်လောက်ကြာကြာငြီးငွေ့မှုမဖြစ်စေတဲ့ ဖျော်ဖြေတင်ဆက်မှုများစွာကိုထည့်သွင်းထားပါတယ်။ဒါအပြင်ကမ္ဘာအဆင့်ဈေးဝယ်စင်တာကြီးတွေ၊ စားသောက်ဆိုင်တွေအပြင် ဇိမ်ခံဟိုတယ်ခန်းများစွာပါဝင်နေတဲ့ ဟိုတယ်လောင်းကစားရုံကြီးလည်းဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာကတော့ ကမ္ဘာတဝှမ်းက နာမည်ကျော် ကာစီနိုတချို့သာဖြစ်ပြီး လတ်စ်ဗီးဂတ်စ်က MGM Grand ၊ လစ္စဘွန်းက လစ်ဘိုအာကာစီနို ၊ တောင်အာဖရိက က ရီယိုကာစီနို ၊ အမေရိကန် ကွန်နက်တီကတ် က ဖောက်စ်ဝုဒ် ၊ မကာအိုက City of Dreams ၊ ဥက္ကလာဟိုးမားက WinStar World ကာစီနိုတွေဟာလည်း ထင်ရှားတဲ့ ကာစီနိုတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!