Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး တည်ဆောက်မှု ၁၀ ခု

by Thutamm
March 3, 2020
Reading Time: 1min read
0
ကမ္ဘာ့ကုန်ကျစရိတ် အများဆုံး တည်ဆောက်မှု ၁၀ ခု
Share on FacebookShare on Twitter

ရေးသားသူ – ချစ်ဖေ(တောင်တွင်းမြေ)
Irrawaddy Burmese

ဒီနေ့ခေတ် ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာခေတ်မှာ လူသားတို့ လိုအပ်ချက်တွေ အရ တည်ဆောက် ဖန်တီးမှုများစွာ လုပ်ဆောင်ခဲ့တာတွေထဲက ကုန်ကျစရိတ် အများဆုံးအသုံးပြု ဖန်တီးခဲ့တဲ့ တည်ဆောက်မှုတွေအကြောင်း ပြောပြပါမယ်။

(၁၀) The Channel Tunnel

ဒီ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်တည်ဆောက်တာက ကမ္ဘာပေါ်ရှိ ကုန်ကျစရိတ် အများဆုံး ပရောဂျက်ထဲက တခုအပါအဝင်ပါ။ အဆိုပါ ပရောဂျက်ကို Chunnel လို့လည်း လူသိများပါတယ်။ ပြင်သစ်တွေရဲ့ဖန်တီးမှုလို့ ဆိုရမှာဖြစ်ပြီး အင်္ဂလန်တောင်ပိုင်းကမ်းခြေနဲ့ ပြင်သစ်မြောက်ပိုင်းကမ်းခြေ နှစ်ခုအကြား ချိတ်ဆက် ဖောက်လုပ်ထားတဲ့ ဥမင်လှိုဏ်ခေါင်း ဖြစ်ပါတယ်။

၃၁ ကီလိုမီတာ ရှည်လျားတဲ့ အခု ဥမင်က ပြင်သစ်နဲ့ အင်္ဂလန် နှစ်နိုင်ငံအကြား ကုန်စည်ရော ခရီးသည် သွားလာမှုပါ သိသိသာသာ လွယ်ကူသွားစေခဲ့ပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်အခြေစိုက် ကုမ္ပဏီ ၁၅ ခု ပူးပေါင်း တည်ဆောက်ခဲ့တာဖြစ်ပြီး ကုန်ကျစရိတ် ဒေါ်လာ ၂၂ ဒသမ ၄ ဘီလီယံ ရှိပါတယ်။ တည်ဆောက်မှု ကုန်ကျစရိတ်က ဒီလောက် မကုန်ခဲ့ပေမယ့် အာမခံကြေး၊ လုံခြုံရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အသုံးစရိတ်တွေကြောင့် အခုလောက် များသွားခဲ့တာပါ။ ၁၉၈၈ ခုနှစ်မှာ လုပ်ငန်းစတင်ခဲ့ပြီး ၁၉၉၄ မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

(ချန်နယ်ဥမင်လိုဏ်ခေါင်း အကြောင်း အရှည်ဖတ်ချင်ရင် ဒီမှာ https://wp.me/p92H0W-4Ga သွားဖတ်နိုင်ပါတယ် )

(၉) The Big Dig

အမေရိကန်ရဲ့ဖန်တီးမှုဖြစ်ပြီး ကုန်ကျစရိတ် ဒေါ်လာ ၂၃ ဒသမ ၁ ဘီလီယံ ကုန်ကျပါတယ်။ ဘော်စတွန်နယ်အတွင်း ကားလမ်း မပိတ်အောင် စီမံမှုနဲ့ အဝေးပြေးလမ်းတွေ သီးသန့်ခွဲထုတ်ခြင်း လုပ်ငန်းစဉ် ဖြစ်ပါတယ်။ I-93 ဆိုတဲ့ လမ်းမကြီးကို မြို့လယ်မှာ အဓိက သွားလာရေး အတွက် ဖောက်လုပ်တယ်။

အပြီးသတ် လမ်း ဖောက်လုပ်မှုက ခန့်မှန်းကာလထက် ၁၀ နှစ်လောက် နောက်ကျပြီးမှ ပြီးစီးခဲ့ပါတယ်။ ဒီဇိုင်းပိုင်းနဲ့ မြေနေရာ လျော်ကြေးတွေ အတွက် သန်း ၄၀၀ လောက် သုံးခဲ့ရတယ်လို့ ဆိုပါတယ်။

(၈) Kansai International Airport

ဂျပန်နိုင်ငံ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်မှုက ဒေါ်လာ ၂၉ ဘီလီယံလောက်ထိ ကုန်ကျခဲ့ပါတယ်။ ကျွန်းတုပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး ငလျင်ကြောင့် ကျွန်းပုံစံ ကျန်ရစ်တဲ့ နေရာကို လေဆိပ် အဖြစ် ဖန်တီးခဲ့တာပါ။ တိုကျိုအပြင် အိုဆာကာနဲ့ ကိုဘီနယ်တွေကိုပါ စီးပွားရေး ဖွံံ့ဖြိုးလာ စေဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တယ် လို့လည်း ဆိုပါတယ်။

၁၉၆၀ပြည့်လွန်နှစ်တွေ ကတည်းက အစီအသစဉ် စတင် ချမှတ်ခဲ့ပြီး တည်ဆောက်ရေး စတင်ချိန် နှစ်ပေါင်းများစွာမှာ သတ္တုဘောင် မြှပ်နှံခြင်းတွေနဲ့ အချိန်ကုန်နေခဲ့ပြီး ရေထဲ ပြန်မြှပ် မသွားအောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်က Terminal တခု ထပ်ဖွင့်ခဲ့တာလည်း တွေ့ရပါတယ်။

(၇) California High Speed Rail

၂၀၁၅ ခုနှစ်အတွင်းက စတင် ဖောက်လုပ်နေတဲ့ မြန်နှုန်းမြင့် ကျည်ဆံရထားတွေ သွားလာနိုင်မယ့် အခု လမ်းပိုင်းက ၂၀၂၉ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းရပြီး ကုန်ကျစရိတ် ဒေါ်လာ ၃၃ ဘီလီယံလောက် သုံးစွဲမှာ ပါ။ အမေရိကန်ပြည်တွင်း မြို့ကြီးတွေကို မြန်မြန်ဆန်ဆန် ချိတ်ဆက် သွားလာနိုင်ဖို့ ဖြစ်ပြီး သမ္မတ အိုဘားမား လက်ထက်က အစီအစဉ် တခုပါ။

ပထမပိုင်း ဖောက်လုပ်မှု အဖြစ်နဲ့ မာဆက်နဲ့ ဘက်ကာစဖီးလ်ကို လမ်းပိုင်းတွေ ချိတ်ဆက်မှု လုပ်ဆောင်နေပြီး ခရီးစဉ် အစ-အဆုံးကိုတော့ ဆန်ဖရန်စစ္စကိုကနေ လော့စ်အိန်းဂျလိစ်ထိ ဖြစ်ပါတယ်။ တနာရီ မိုင် ၂၂၀ နှုန်း ထိ မောင်းနှင်နိုင်မယ့် ရထားလမ်း ဖြစ်ပါတယ်။

(၆) Songdo International Business District

တောင်ကိုရီးယားမှာရှိတဲ့ နိုင်ငံတကာကုန်သွယ်ရေး နယ်မြေ ဖြစ်တဲ့ ဆောင်ဒိုကို အင်ချွန်းလေဆိပ် အနီးမှာ တည်ဆောက်ထားတာပါ။ ဒေါ်လာ သန်း ၄၀ ဘီလီယံလောက် သုံးပြီး တည်ဆောက် ထားတာပါ။ ဆိုးလ်မြို့ အနီး ပင်လယ်ပိုင်းကိုပါ မြေတင်ပြီး ဖန်တီးထားပါတယ်။ Smart City လို့ တင်စား ခေါ်ဝေါ်ကြပြီး နည်းပညာမြင့် ဖန်တီးမှုတွေရော Wi-Fi လို စနစ်တွေပါ ပြည့်စုံအောင် ပါရှိပါတယ်။

ကိုရီးယားနိုင်ငံရဲ့အဆင့်အမြင့်ဆုံး Smart City လို့လည်း သတ်မှတ်နိုင်ပါတယ်။ ကုန်သွယ်ရေး အတွက်ရော ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားစေဖို့ပါ တည်ဆောက် ထားတာပါ။ လက်ရှိမှာတော့ တရုတ်မှာလည်း ဆောင်ဒိုလို Smart City တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

(၅) Dubailand

တထောင့်တည ပုံပြင်တွေထဲက ပုံစံကို ဖန်တီးထားတဲ့ Dubailand က အသုံးစရိတ် ဒေါ်လာ ၇၆ ဘီလီယံလောက် သုံးဖို့ ရှိခဲ့ပေမယ့် ၂၀၀၈ ခုနှစ် အတွင်းမှာတော့ ဘဏ္ဍာရေး အခက်အခဲကြောင့် တည်ဆောက်မှု ရပ်ဆိုင်းထားခဲ့ရပါတယ်။ ၂၀၁၃ မှာ ပြန်လည် တည်ဆောက်ပါတယ်။ ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်ဆန် တည်ဆောက်မှုတွေထဲမှာ အကြီးဆုံးနဲ့ ကုန်ကျစရိတ် အများဆုံး တည်ဆောက်မှုတခုပါ။

Disney Theme Park တွေ IMAX ရုံတွေနဲ့ စိတ်ဝင်စားစရာ နေရာပေါင်း များစွာပါရှိပါတယ်။ အကျယ်အဝန်း ၇၂၀၀၀စတုရန်းမီတာရှိတဲ့ ကမ္ဘာ့အကြီးဆုံးဥယျာဉ်ဖြစ်တဲ့ ဒူဘိုင်း Miracle ဥယျာဉ်ကလည်း ဒီအထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ Dubailand အတွင်း အခြားနိုင်ငံတွေထက် ခရီးသွားတွေကို စိတ်ဝင်စား ဆွဲဆောင်နိုင်အောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တည်ဆောက်မှုများပြီးစီးပြီးတဲ့နောက် ၂၀၁၉ခုနှစ်မှာ ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

(၄) King Abdullah Economic City

အခုထိအောင် ပြီးစီးမှု မရှိသေးပေမယ့် ကုန်ကျစရိတ် ဒေါ်လာ ၈၆ ဘီလီယံလောက်ထိ ကုန်ပါလိမ့်မယ်။ ဆော်ဒီနယ်တွင်း ကမ္ဘာလှည့်တွေ စိတ်ဝင်စားမယ့် နေရာသစ်ဖြစ်လာနိုင်ပြီး မက္ကာကနေ တနာရီလောက်ပဲ သွားရတဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။ ဖျော်ဖြေရေးနယ်တွေ၊ အဆင့်မြင့်ဟိုတယ်တွေ၊ တန်ဖိုးကြီး အိမ်ရာတွေ၊ တက္ကသိုလ်ကြီးတွေ၊ လေဆိပ်တွေ ပါရှိပါလိမ့်မယ်။

Emaar Properties ကနေ တာဝန်ယူ တည်ဆောက်နေတာပါ။ ဒီကုမ္ပဏီက ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ Burj al Khalifa ကို ဒူဘိုင်းမှာ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

(၃) Kashagan Fields

အသုံးစရိတ် ဒေါ်လာ ၁၁၆ ဘီလီယံလောက်ထိသုံးမယ့် တူးဖော်မှုလုပ်ငန်းပါ။ နာမည်ကြီး Total, Shell, Exxon Mobil, China National Petroleum Corp, INPEX KazMunaiGas နဲ့ AgipKCO လို ကုမ္ပဏီတွေ ပူးပေါင်းလုပ်ကိုင်နေတာပါ။ ကက်စပီယန်ပင်လယ်တွင်း ရေနံတူးဖော် ထုတ်လုပ်မှုလုပ်ငန်းဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၄ဝ အတွင်း အကြီးမားဆုံး ရေနံရှာဖွေတွေ့ရှိမှု နယ်မြေဖြစ်ပါတယ်။

၂၀၁၈ အပြီး ရေနံစတင် ထုတ်လုပ်နိုင်ချိန်မှာ တရက်ကို ရေနံ ပီပါ ၉၀၀၀၀ ထွက်ရှိပါလိမ့်မယ်။ ဒါပေမယ့် ရေနံပိုက်လိုင်း တည်ဆောက်မှု နောက်ကျနေသေးလို့ ထုတ်လုပ်မှု အခုထက် ပိုပြီး နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။

(၂) The International Space Station

နိုင်ငံတကာ အာကာသစခန်းကို တည်ဆောက်မှုအတွက် ဒေါ်လာ ၁၅၀ ဘီလီယံလောက် သုံးခဲ့တာ တွေ့ရပါတယ်။ အမေရိကန်၊ စပိန်၊ ရုရှ၊ ကနေဒါ၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ ဆွီဒင်တို့ ပူးပေါင်း စိုက်ထုတ် တည် ဆောက်ခဲ့တာပါ။

လာမယ့် ၂ဝ၂ဝ မှာတော့ ကမ္ဘာမြေပေါ်က ပင်လယ်အတွင်း ပျက်ကျမယ်လို့လည်း ယူဆရပါတယ်။ Wikipedia မှာတော့ ၂ဝ၂၈ ထိအောင် သုံးနိုင်လိမ့်ဦးမယ်လို့ ခန့်မှန်းထားတာလည်း တွေ့ရပါတယ်။ တည်ဆောက်မှု ကာလ ၂၆ နှစ် ကြာခဲ့ပါတယ်။ အစိတ်အပိုင်းတွေကို ကမ္ဘာပေါ်မှာ တည်ဆောက်ပြီး အာကာသအတွင်းမှာ ပြန်လည် တပ်ဆင် ဖန်တီးထားတဲ့ စခန်းပါ။

(၁) The US Interstate Highway System

အမေရိကန်ပြည်တွင်း အဝေးပြေး လမ်းမစနစ်ဟာ လက်ရှိ ဘယ်သူမှ မယှဉ်နိုင်လောက်တဲ့ အသုံးစရိတ်နဲ့ ဖောက်လုပ်ထားတဲ့ လမ်းမကြီးတွေပါ။ ဒေါ်လာ ၄၅၉ ဘီလီယံလောက်ထိ ကုန်ကျထားပါတယ်။ လူသား သမိုင်းမှာလည်း ကုန်ကျစရိတ် အများဆုံး ဖောက်လုပ်တည်ဆောက်မှုအဖြစ် မှတ်တမ်းဝင်နေပါတယ်။ သမ္မတ Dwight D. Eisenhower ရဲ့ စိတ်ကူးကနေ စခဲ့ပါတယ်။

အရေးပေါ်အခြေအနေတွေအတွက်ရော ကာကွယ်ရေး ကဏ္ဍ အတွက်ပါ အဆင်ပြေ စေခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာ လုပ်ငန်း စတင်ခဲ့ပါတယ်။ လမ်းသစ်ဖောက်လုပ်ခြင်းရော လမ်းဟောင်း ပြုပြင်ခြင်းတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ I-70 လမ်းမဖောက်လုပ်မှုနဲ့အတူ အပြီးသတ်ပါတယ်။

Ref: www.wonderslist.com

ချစ်ဖေ(တောင်တွင်းမြေ)
Irrawaddy Burmese

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!