Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ငှက် ၁၀ မျိုး

by Thutamm
August 17, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ငှက် ၁၀ မျိုး
Share on FacebookShare on Twitter

ငှက်တွေဟာ တိရစ္ဆာန်တွေထဲမှာ အမြင်လှပတင့်တယ်ပြီး မြင်ရသူသဘောကျစရာအသွင်အပြင်ရှိတဲ့သတ္တဝါတွေဖြစ်ပါတယ်။ သူတို့ဟာ မတူညီတဲ့ အရောင်အမျိုးမျိုး ၊ အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။ သူတို့ရဲ့ပုံတွေကို ကုမ္ပဏတံဆိပ်များ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါတီအမှတ်တံဆိပ်များ ၊ ဖက်ရှင်ဒီဇိုင်းများ ၊ ကြွေထည်ပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်းတွေမှာ တွေ့ရလေ့ရှိပါတယ်။

အသိသာဆုံးကတော့ ချစ်စရာကောင်းပြီး တွေ့ရခဲတဲ့ ချိုးဖြူငှက်တွေကိုငြိမ်းချမ်းရေးသင်္ကေတအမှတ်အသားအဖြစ်အသုံးပြုကြတာပဲဖြစ်ပါတယ်။ အချို့ငှက်တွေဟာ ယဉ်ပါးတဲ့အတွက် အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူကြပေမယ့် တချို့ငှက်တွေကတော့ ကြောက်စရာကောင်းပြီး အလွန်အန္တရာယ်ရှိတဲ့အတွက် မထိတွေ့ မနှောက်ယှက်တာအကောင်းဆုံးဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အန္တရာယ် အရှိဆုံး ငှက် ၁၀ မျိုးဖြစ်ပါတယ်။

၁၀။ Red-tailed HawK ( အမြီးနီသိန်းငှက် )

ငှက်တွေထဲမှာ အထက်မြက်ဆုံးနဲ့ ဉာဏ်အကောင်းဆုံး ငှက်တစ်မျိုးဖြစ်ပါတယ်။ အသိုက်ကို ပြင်းထန်စွာကာကွယ်တတ်ပြီး ၎င်းတို့ရဲ့အသိုက်ဟာလူတွေရဲ့အနီးအနားမှာရှိမယ်ဆိုရင် လူတွေရဲ့အန္တရာယ်ကိုအများသောအားဖြင့်သတိထားစောင့်ကြည့်ကြပါတယ်။ ပျံသန်းနေစဉ်အတွင်းမှာ စူးရှတဲ့မျက်လုံးတွေ ဖြင့် သားကောင်ကိုခြေရာခံပြီး အလျင်အမြန်ထိုးဆင်းကာ ၎င်းရဲ့ကြီးမားတဲ့ခြေသည်းများဖြင့် သုတ်ချီကာဖမ်းဆီးကြပါတယ်။

၉။ Falcon

Falcon သိန်းငှက်တွေကို အာရေဘီ်ယန်ကျွန်းဆွယ်ဒေသမှာ တချိန်ကနှစ်သက်ခဲ့ပေမယ့်လည်း အန္တရာယ်ရှိတဲ့ငှက်အမျိုးအစားထဲမှာပါဝင်ပါတယ်။ ပိုင်နက်အတွင်းနေထိုင်တဲ့ငှက်မျိုးများဖြစ်ကြပြီး အန္တရာယ်နှင့် ကြုံတွေ့ပါက ပြန်လည်ခုခံတိုက်ခိုက်ဖို့ မကြောက်တတ်တဲ့ ငှက်များဖြစ်ပါတယ်။ မယုံနိုင်လောက်အောင် ချွန်ထက်နေတဲ့ခြေသည်းများနှင့် ချိတ်ကောက်ပုံသဏ္ဍာန်နှုတ်သီးများဟာ သားကောင်ရဲ့အရေပြားကိုဆုတ်ဖြဲနိုင်ပြီး ကြောရိုးနာဗ်ကြောများကို ဟက်တက်ကွဲစေနိုင်ပါတယ်။

၈။ Snowy Owl ( နှင်းဇီးကွက် )

Snowy Owl တွေဟာကမ္ဘာ့မြောက်ဘက်အကျဆုံးဒေသမှာနေထိုင်တဲ့ ငှက်များဖြစ်ပါတယ်။ အလွန်ဉာဏ်ကောင်းတဲ့ ငှက်များဖြစ်ပြီး ပစ်မှတ်ကို စနစ်တကျတိုက်ခိုက်တတ်ပါတယ်။ အကယ်၍ပစ်မှတ်ဟာလူဆိုပါက ဦးခေါင်းကိုအရင်တိုက်ခိုက်ပြီး မျက်နှာကို သင်တုန်းဓားကဲ့သို့ချွန်ထက်နေတဲ့ ခြေသည်းများဖြင့်တိုက်ခိုက်ပါတယ်။ အာတိတ်စက်ဝိုင်းအနီးမှာရှိတဲ့ စိမ့်မြေလွင်ပြင်တွေမှာနေထိုင်ကြပြီး အပူချိန်အနိမ့်ဆုံးအခြေအနေမှာတောင် အသက်ရှင်နိုင်ပါတယ်။ Snowy Owl တွေဟာ ရေခဲမှတ်အောက်အပူချိန် အနှုတ် ၅၀ ဒီဂရီမှာတောင်အသက်ရှင်နိုင်ပါတယ်။

၇။ Lammergeier

Lammergeier ကို ဂျာမန်လို lamb vulture လို့ခေါ်ပြီး မုတ်ဆိတ်မွှေးရှိတဲ့လင်းတ(Bearded vulture) လို့ အဓိပ္ပာယ်ရပါတယ်။ ၎င်းငှက်များဟာအလွန်ရက်စက်ကြမ်းကြုတ်တဲ့ငှက်အမျိုးအစားဖြစ်ပြီး ချင်ဆီပါရှိတဲ့ အရိုးများကိုနှစ်သက်ပါတယ်။ အခြားသားရဲတိရစ္ဆာန်များစားပြီး ထားခဲ့တဲ့ တိရစ္ဆာန်အသေကောင်များရဲ့အရိုးကို ချီကာလေထဲတွင်ပျံသန်းသွားပြီး လုံလောက်တဲ့အမြင့်ရောက်လျှင် ကျောက်တုံးများအပေါ်ကိုလွှတ်ချပါတယ်။ အရိုးကွဲသွားပြီးနောက် ထွက်လာတဲ့ချင်ဆီကိုစားကြပါတယ်။ Lammergeier တွေဟာ အနီးပတ်ဝန်းကျင်မှာ လူတွေအတွက်အန္တရာယ်ရှိတဲ့ငှက်များဖြစ်ပါတယ်။

၆။ The Barred Owl

The Barred Owl တွေဟာ အမဲလိုက်ငှက်တွေထဲမှာတော့ အရွယ်အစားအတော်သေးငယ်တဲ့ငှက်များဖြစ်ပါတယ်။ ၎င်းဟာအလေးချိန် ၂.၅ မှ ၃ ပေါင်အထိသာရှိတဲ့ အတွက်ကြောင့် သေးငယ်တဲ့သားကောင်ကိုပဲရည်ရွယ်ပြီး တိုက်ခိုက်ပါတယ်။ အများအားဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ ရွံ့သစ်တောတွေမှတွေ့ရလေ့ရှိပါတယ်။

ထူးခြားချက်တစ်ခုကတော့ အခြားငှက်တွေနဲ့မတူနဲ့ သူတို့ရဲ့အတောင်တွေရဲ့လှုပ်ရှားမှုဟာ အသံမကြားရလောက်အောင်ညှင်သာတဲ့အတွက် သားကောင်ကသူလာတာကိုမကြားနိုင်ပါဘူး။ သားကောင်ကိုသုတ်ချီပြီး ၎င်းရဲ့ချွန်ထက်နေတဲ့ခြေသည်းများဖြင့် သားကောင်ရဲ့ဦးခေါင်းကိုတိုက်ခိုက်ပါတယ်။ သူ့ရဲ့ခြေသည်းများ ၊ နှုတ်သီးများဖြင့် ထိုးဆိတ်ပြီး ပစ်မှတ်ရဲ့ခေါင်းကိုပြင်းထန်တဲ့ ဒဏ်ရာရအောင်လုပ်ပါတယ်။ ၎င်းငှက်တွေဟာ ရှေးကတည်းက ပစိဖိတ်အနောက်မြောက်ဒေသက ခြေလျင်ခရီးသွားများကိုတိုက်ခိုက်လေ့ရှိပါတယ်။

၅။ The Mute Swan (အသံတိတ္ငန္း)

အခြားငန်းအများစုလို အသံကျယ်လောင်စွာ မထွက်ပဲ အနည်းငယ်သာထွက်လို့ ဒီငန်းတွေကို အသံတိတ်ငန်းလို့ တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။သိပ္ပံအမည်ကတော့ Cygnus olor လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အလျား ၄ပေကနေ ၅ပေ ဝန်းကျင် အထိရှိတဲ့ငန်းတွေဖြစ်ပါတယ်။ သူတို့ဟာလူတွေရဲ့ မျက်လုံးကို အဓိကတိုက်ခိုက်လေ့ရှိပြီး သူတို့ရဲ့သန်မာပြီးကြံ့ခိုင်တဲ့အတောင်များဟာ အရိုးများကိုတောင်မှကျိုးစေနိုင်ပါတယ်။ Mute Swan တွေကို များသောအားဖြင့် အာရှနဲ့ဥရောကဒေသများမှာတွေ့နိုင်ပြီး မြောက်အမေရိကအပါအဝင် ကမ္ဘာအနှံ့အပြားမှာလည်းတွေ့နိုင်ပါတယ်။

၄။ Great Northern Loon

Loon ဆိုတာကတော့ မြောက်အမေရိက နဲ့ ယူကေ ၊ အိုင်ယာလန်တို့မှာ အတွေ့ရများတဲ့ ရေနေမျိုးစိတ်ငှက်မျိုးဖြစ်ပြီး ဘဲတွေနဲ့ ဆင်တူပါတယ်။ အဲဒီထဲကမှ Great Northern Loon တွေဟာ အန္တရာယ်ပေးနိုင်တဲ့အမျိုးအစားဖြစ်ပြီး ဘိုရီရယ်သစ်တောများနှင့် အပူပိုင်းဒေသသစ်တောများမှာရှိတဲ့ ရေကန်များတွင်နေထိုင်ကြပါတယ်။

အာရှဥရောပဒေသမြောက်ပိုင်းနှင့် မြောက်အမေရိကများတွင်တွေ့ရတဲ့အာတိတ်ဒေသစိမ့်မြေလွင်ပြင်ဒေသများတွင်လည်း တွေ့နိုင်ပါတယ်။ ၈ ပေါင်မှ ၁၂ ပေါင်ခန့်ရှိကြပြီး ချွန်ထက်တဲ့ နှုတ်သီးများဖြင့် ငါးများကိုဖမ်းယူစားသောက်ကြပါတယ်။ ၎င်းငှက်တွေငါးတစ်မျိုးတည်းကိုပဲသတ်ဖြတ်စားသောက်တာမဟုတ်ပါဘူး။ လူတွေကိုလည်း တိုက်ခိုက်တတ်သလို ဒီငှက်တိုက်ခိုက်ခဲ့ခဲ့ရမှုကြောင့် လူသေဆုံးရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

၃။ European Herring Gull

စင်ရော်ငှက်ကြီးအမျိုးအစားဖြစ်တဲ့ ဤငှက်များတွင် အလွန်လှပသော အတောင်များပါရှိပေမယ့် သူတို့ဟာလည်းအန္တရာယ်ရှိတဲ့ငှက်အမျိုးအစားထဲမှာပါဝင်ပါတယ်။ ၎င်းတို့ရဲ့သိုက်များကို လူတွေနေထိုင်တဲ့နေရာများမှာဆောက်လုပ်ကြတဲ့အတွက် လူတွေအတွက်အန္တရာယ်ရှိတဲ့ငှက်များဖြစ်ပါတယ်။ လူအများပြည့်ကျပ်နေတဲ့နေရာများတွင် အစာကိုသုတ်ချီဖို့ကြိုးစားတဲ့အခါမှာ လူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ကြပါတယ်။ ၎င်းငှက်တွေဟာ ပြင်းထန်တဲ့ဒဏ်ရာကိုရစေနိုင်တဲ့ သူတို့ရဲ့ချွန်ထက်နေတဲ့နှုတ်သီးများန့ဲ ပစ်မှတ်ကိုတိုက်ခိုက်ကြပါတယ်။

၂။ African Ostrich (အာဖရိကငွက္ကုလားအုတ္)

အာဖရိကငှက်ကုလားအုတ်များဟာ ကမ္ဘာပေါ်မှာမပျံသန်းနိုင်တဲ့ငှက်များတွင် အကြီးဆုံးငှက်များဖြစ်ပါတယ်။ ၎င်းတို့ဟာ အာရေဘီယမ်ဒေသမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ငှက်ကုလားအုပ်များမှ မသေဘဲအသက်ရှင်ကျန်ခဲ့သော ငှက်ကုလားအုတ်များဖြစ်ပါတယ်။ သူတို့ရဲ့ပုံစံဟာ သဘောကျစရာကောင်းပေမယ့်လည်း အန္တရာယ်ရှိတဲ့ငှက်များဖြစ်ပါတယ်။

၎င်းငှက်များဟာ အလေးချိန် ၂၄၀ ပေါင်ရှိပြီး ရပ်နေပါက ၇ ပေမြင့်ပါတယ်။ သူတို့ဟာမပျံနိုင်ပေမယ့် ၁ နာရီကို ၄၃ မိုင်အမြန်နှုန်းနဲ့ ပြေးနိုင်ပါတယ်။ သူနေထိုင်တဲ့နေရာ သို့မဟုတ် ပတ်ဝန်းကျင်ကိုကျူးကျော်နှောက်ယှက်သူများကို အဓိကအားဖြင့်တိုက်ခိုက်ပါတယ်။ အာဖရိကငှက်ကုလားအုတ်များဟာ ပုံမှန်အားဖြင့် လူတွေကို အန္တရာယ်မပြုကြပေမယ့် ဒေါသထွက်လာတဲ့အခါမျိုးမှာတော့ အသက်သေစေနိုင်တဲ့အထိ တိုက်ခိုက်တတ်ကြပါတယ်။

၁။ Southern Cassowary

Southern Cassowary ငှက်များဟာ သူ့ရဲ့အရောင်အဆင်းကြောင့် လှပတဲ့ငှက်အဖြစ်သတ်မှတ်ခံရသလို ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးငှက်အဖြစ် မှတ်တမ်းဝင်ထားတဲ့ ငှက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ခေါင်းဟာ အပြာရောင်ဖြစ်ပြီး အမဲရောင်အမွှေးများနှင့် အလွန်လှပဝင့်ကြွားလွန်းတဲ့ငှက်ဖြစ်ပါတယ်။ နယူးဂီနီယာကျွန်းနှင့် သြစတေးလျအနောက်မြောက်ပိုင်းရှိ မိုးသစ်တောများမှာနေထိုင်ကြပါတယ်။

တောင်ပိုင်း Cassowary ငှက်များဟာပိုင်နက်နှင့်နေထိုင်တဲ့ငှက်များဖြစ်ပြီး သူ့ပိုင်နက်ကိုအပြင်းအထန်ကာကွယ်တဲ့ငှက်များဖြစ်ပါတယ်။ အလေးချိန် ၁၃၀ ပေါင်ရှိပြီး အမြင့် ၆ ပေဝန်းကျင်ရှိပါပြီး ငှက်ကုလားအုတ်ပြီးရင် အကြီးဆုံးငှက်တွေဖြစ်ပါတယ်။ ရံဖန်ရံခါမှာတော့ လူတွေကို အန္တရာယ်ပြုတတ်ကြပါတယ်။ လေးလက်မခန့်ရှည်ပြီး ချွန်ထက်နေတဲ့ လက်သည်းများရှိတဲ့အပြင် မြင်းကန်သလို အလွန်ပြင်းထန်တဲ့ခြေကန်ချက်ကို ပိုင်ဆိုင်ထားပြီး အဲဒီခြေကန်ချက်ဟာ လူတွေကို သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

သုတဇုန်

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!