လူအများစုဟာ အမေရိကန်နိုင်ငံသား Ford ကားကုမ္ပဏီတည်ထောင်သူ Henery Ford ရဲ့ Model T အမျိုးအစား ကားတွေကိုပဲ ကမ္ဘာရှေးအကျဆုံးသော ကားတွေအဖြစ် ထင်မှတ်နေကြပါတယ်။ အမှန်တော့ Fordရဲ့ကားတွေ မပေါ်ခင် နှစ် (၁၀၀)လောက်က တည်းကဖန်တီးသူတွေရဲ့ မော်တော်ကားမျိုးအစားများစွာပေါ်ပေါက်နေပြီပဲဖြစ်ပါတယ်။ အဲဒီတုန်းကမော်တော်ကားတွေဟာ ရေနွေးငွေ့အင်ဂျင်တပ်ဆင်ထားပြီး အလွန်လေးလံတဲ့ ထုထည်ရှိပါတယ်။ ဒါ့အပြင် အလွန်နှေးကွေးပြီး ခရီးသည်အနည်းငယ်သာ လိုက်ပါစီးနင်းနိုင်တာပါ။
ဒီကားတွေကိုမောင်းနှင်ရာမှာလည်း လူတစ်ယောက်ထက်ပိုတဲ့ လုပ်အား နူန်းတွေလိုအပ်ပြီး လောင်စာအများအပြားကိုလည်း အသုံးပြုကြရပါတယ်။ ဒီကားတွေကို တဖြည်းဖြည်းဆန်းသစ်ထုတ်လုပ်ခဲ့ကြပြီး အချို့ကားဒီဇိုင်းတွေဆိုရင် ယနေ့ခေတ် မော်တော်ကားပုံစံတွေအပေါ်တောင် လွှမ်းမိုးမှုရှိနေတာပါ။ ဒီနေရာမှာမျှဝေပေးချင် တာကတော့ ရှေးအကျဆုံးသော ကားအမျိုးအစားတွေ အကြောင်းပါ။
(၇) Daimler-Maybach Stahlradwagen
ဒီ Stahlradwagen(စတီးဘီးတွေတပ်ဆင်ထားတဲ့ကား) တွေကိုတီထွင်ခဲ့သူကတော့ ဂျာမနီနိုင်ငံသား အင်ဂျင်နီယာ နဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့Gottlieb Daimler နဲ့သူရဲ့အကျိုးတူစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ Wilhelm Maybach တို့က ပူးပေါင်းပြီး ၁၈၈၉ ခုနှစ်မှာ တီထွင်ခဲ့တာပါ။ ဒါဟာသူတို့နှစ်ဦးရဲ့တရားဝင်ချပြတဲ့ ပထမဆုံးသော မော်တော်ကားဖြစ်ပြီး မော်တော်ကားရဲ့ Vtwinအင်ဂျင်ကို ၁၈၈၆ခုနှစ်ကတည်းက မြင်းလှည်းမှာစတင်တပ်ဆင်ခဲ့ပါတယ်။ ဒီလိုတပ်ဆင်မှုဟာပိုပြည့်စုံတဲ့ မော်တော်ကားပုံပေါက်ခဲ့ ပေမယ့် သူတို့ရဲ့တီထွင်ဖန်တီးမှုအသစ် အဖြစ်တော့အသိအမှတ်ပြုခြင်းတော့မခံခဲ့ရပါဘူး။
ပထမကားကိုပဲဆင့်ပွားတီထွင်ခဲ့တယ်လို့ လူတွေကယူဆခဲ့ကြလို့ပါ။ မော်တော်ယာဉ် တည်ဆောက်မှုလိုင်စင်ကိစ္စနဲ့ ပတ်သတ်ပြီး အဆင်မပြေမှုတွေရှိတာကြောင့် Daimler နဲ့ Maybachတို့ဟာ သူတို့ရဲ့ကားအမျိုးအစားအသစ်တွေထုတ်လုပ်မဲ့အစီစဉ်ကို ဂျာမနီမှာပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ပြင်သစ်နိုင်ငံမှာတော့လိုင်စင်ကိစ္စအဆင်ပြေခဲ့တာ ကြောင့် ၁၈၈၉ခုနှစ်၊ အောက်တိုဘာမှာသူတို့တီထွင်ထားတဲ့ Stahlradwagen (စတီးဘီးတွေတပ်ဆင်ထားတဲ့ကား)ကို ပဲရစ်မြို့ကပြပွဲတစ်ခုမှာ ပြသနိုင်ခဲ့ပါတယ်။ လူစိတ်ဝင်စားမှုအများဆုံးရရှိခဲ့တာကြောင့်မကြာခင်မှာပဲ Daimler နဲ့ Maybach တို့ဟာ DMG(Daimler Motoren Gesellschaft) ကုမ္ပဏီကိုတည်ထောင်ပြီး V-twin ကားအင်ဂျင်တွေကို အရင်ဆုံးထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၁၈၉၂ ရောက်တဲ့အခါမှာတော့ Daimlerနဲ့ Maybach တို့ဟာ မော်တော်ကားတွေကို ထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။
(၆) Benz Patent Motorwagen
ယင်းကာလက များစွာသောကုန်းလမ်းသွားယာဉ်တွေကိုတည်ဆောက်ခဲ့ကြပေမဲ့ Benz Patent Motorwagen ယာဉ်ကတော့ ပထမဆုံးသော တရားဝင်မော်တော် ကားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒီပထမဆုံးသော ကုန်းလမ်းသွားယာဉ်ကို အင်ဂျင်တွင်း လောင်ကျွမ်းစေခြင်းဖြင့် စွမ်းအင်ထုတ်ပေးတဲ့ အင်ဂျင်တစ်လုံးနဲ့တွဲ ဖက်ပြီးဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။
ဒီကားကိုတော့ ၁၈၈၅ မှာ Karl Benz ကတည်ဆောက်ခဲ့တာဖြစ်ပြီး အစပိုင်းကာလတွေအထိတော့တရားဝင်ချပြခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ၁၈၈၆ခုနှစ်၊ နွေရာသီရောက်မှသာ ဂျာမနီနိုင်ငံ Mannheim မြို့မှာတရားဝင် ချပြခဲ့တာပါ။ ၁၈၇၃ခုနှစ်မှာ Bentzဟာဓာက်ဆီလောင်စာစွမ်းအင်သုံး Two –stroke piston အင်ဂျင်ကိုအောင်မြင်စွာတည်ဆောင်နိုင်ခဲ့ပါတယ်။ နောင်ဆယ်စုနှစ် တစ်ခု လောက်အကြာမှာတော့ Bentz ဟာ ဒီအင်ဂျင်ကိုအသုံးပြုပြီး ခေတ်မီကုန်းလမ်းသွား ယာဉ်တွေကိုတည်ဆောက်တဲ့ အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးဝမ်း ကြောင်းပြုခဲ့ပါတယ်။
တစ်ဖက်ကလည်း မီးစက်၊ ပန့် ၊အပါအဝင် စက်မှုလုပ်ငန်းသုံး အင်ဂျင်စက်တွေနဲ့ ယင်းတို့ရဲ့စက်ဆက် ပစ္စည်းတွေကို တွဲဖက်ထုတ်လုပ်တဲ့လုပ်ငန်း ရှင်တစ်ယောက်အဖြစ် လည်းရပ်တည်ခဲ့ပါသေးတယ်။ ၁၈၈၆နဲ့ ၁၈၉၃ခုနှစ်ကြားမှာ တော့ Bentzဟာ Patent Motorwagenအစီးရေ (၂၅) စီးအထိ ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပါတယ်။
(၅) La Marquise
La Marquise လို့အမည်ပေးထားတဲ့ဒီရေနွေးငွေ့ အင်ဂျင်သုံးကားကိုတော့ ၁၈၈၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံသား De Dion-Bouton et Trepardoux က တီထွင်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ သူရဲ့ အမေနာမည်နဲ့ အဲဒီကားကို အမည်ပေးခဲ့တာပါ။ ဒီကားဟာ ရှေးဟောင်းကားစာရင်းမှာပါဝင်လာခဲ့ပေမဲ့ ယင်းကာလတွေက အမြန်ဆုံးသော ကားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လေလံပြိုင်ပွဲတစ်ခုမှာ တော့ ယင်းကမ္ဘာအမြန်ဆုံးရှေးအကျဆုံးဖြစ်တဲ့ La Marquise ကားကို အမေရိကန်ဒေါ် လာ ၄.၆ သန်းအထိပေးပြီး ဝယ်ယူသွားခဲ့ပါတယ်။ လေလံပွဲမှာဖော်ပြခဲ့တာကတော့ La Marquiseမော်တော်ကားဟာ တစ်နာရီကို (၃၈) မိုင် အထိသွားရောက်နိုင်ကြောင်းနဲ့ ယင်းကားကို လူပုဂ္ဂိုလ် လေးဦးက ၁၈၈၄ ခုနှစ်တည်းက ပူးတွဲပိုင်ဆိုင်ခဲ့ကြောင်းဖော်ပြ ခဲ့ကြပါတယ်။
လူအများစုကတော့ La Marquiseကားဟာ ရှေးအကျဆုံးပြိုင်ကားဖြစ် ကြောင်းသတ်မှတ်ပေးခဲ့ပါတယ်။ ၁၈၈၇ ခုနှစ်မှာတော့ ကားတီထွင်သူDe Dion – Bouton et Trepardoux ကိုယ်တိုင် မောင်းနှင်ကာ ပြပွဲတစ်ခုမှာပြသပြီး အခြားကားတွေနဲ့အတူ ပြိုင်ပွဲတစ်ခုဖန်တီးဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ La Marquiseကားကို ပြိုင်မဲ့ကားမရှိခဲ့ပါဘူး။
(၄) Grenville Steam Carriage
Robert Neville Grenville တီထွင်ထားတဲ့ ရေနွေးငွေ့ အင်ဂျင်သုံးလူစီးတွဲဟာ ရှေး အကျဆုံးသော ကုန်းလမ်းသွားယာဉ်ဖြစ်ပြီး ယနေ့အထိ ကုန်ပစ္စည်းပို့ဆောင်တဲ့လုပ် ငန်းတွေမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒီလူစီးတွဲကိုတော့ ၁၈၇၅ ခုနှစ်မှာ အင်္ဂလန် နိုင်ငံသား Robert Neville ဆိုသူကတီထွင်ခဲ့ပါတယ်။
သူဟာ အင်္ဂလန်နိုင်ငံအနောက်ပိုင်း မှာရှိတဲ့ မီးရထားသံလမ်းတွေကို တည်ဆောက်ရာမှာ အရေးပါတဲ့ အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလူစီးတွဲဟာယာဉ်မောင်း၊ လမ်းပြမောင်းနှင်သူ(စပယ်ယာ)၊ မီးသတ်သမား နဲ့ခရီးသည်လေးဦးစုစုပေါင်း(၇)ဦးစီးနင်းနိုင်အောင်တည်ဆောက်ထားပါတယ်။ ၁၉၃၆ ခုနှစ်မှာRobert Neville သေဆုံးသွားတဲ့နောက် သူ့မိသားစုဟာဒီကားကို Oxford မြို့က Cowley အရပ်မှာရှိတဲ့ John Allen& Sons ကုမ္ပဏီကို ငှားရမ်းခဲ့ပါ တယ်။
John Allen& Sons ကုမ္ပဏီ ကပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာတော့ လန်ဒန်မှာရှိတဲ့ Regent ပန်းခြံက Jubilee Cavalcade အဆောက်အအုံမှာပြသထားခဲ့ပါတယ်။ ဒီပန်းခြံကိုလာရောက်သူတွေကို ပို့ဆောင်ပေးရတဲ့ယာဉ် အဖြစ်အသုံးပြုခဲ့ကြတာပါ။ ယနေ့အချိန်မှာတော့ ဒီကားကို အင်္ဂလန်နိုင်ငံ Beaulieau အရပ်မှာရှိတဲ့ National Motor ပြတိုက်မှာပြသထားပါတယ်။
(၃) Hancock Omnibus
ဒီရေနွေးငွေ့အင်ဂျင်သုံး HancockOmnibus ကို အင်္ဂလန်နိုင်ငံသား အင်ဂျင်နီယာတစ် ယောက်ဖြစ်တဲ့ Walter Hancock ဆိုသူက ၁၈၃၂ ခုနှစ်မှာတီထွင်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ငွေကြေးနဲ့ပြေးဆွဲပေးခဲ့တဲ့ပထမဆုံးသောဘတ်ကားဖြစ်ပါတယ်။ ဒီခရီးသည်တင် ဘတ်စ်ကားကို လန်ဒန်မြို့တွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ အဆင်ပြေစေရန်အတွက် Paddington အခြေစိုက် Steam Carriage ကုမ္ပဏီက ၁၈၃၃ ဧပြီလကစပြီး London Wall ကနေ Paddington မှာရှိတဲ့ Islington ဒေသကိုအသွားအပြန် ပုံမှန်ပြေးဆွဲ ပေးခဲ့တာပါ။
ဒါဟာ ကမ္ဘာရဲ့ပထမဆုံးသော ဘတ်စ်ကား လမ်းကြောင်းလည်းဖြစ်ပါတယ်။ အဲအချိန်ကတည်းကဘတ် ကားပြေးဆွဲရေးလုပ်ငန်း မှာ လူ(၃)ဦးနဲ့စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ယာဉ်မောင်းသူဟာ စတီယာကိုင်းရဲ့ ရှေ့မှာနေရာယူပြီး အစောပိုင်းကပေါ်ပေါက်ခဲ့တဲ့ အခြားကုန်လမ်းသွားယာဉ်မောင်း တွေလိုပဲ အဓိကနေရာကနေ ယာဉ်ကိုတာဝန်ယူရပါတယ်။ ဒုတိယလိုက်ပါသူက တော့ သွားတဲ့ခရီးလမ်းတစ်လျောတ် မိမိယာဉ်ရဲ့ ဘေးကင်းရေးကို ရှေးရှုပြီး လူသူတိရိစ္ဆာန်နဲ့ အခြားသောယာဉ်များကို စောင့်ကြည့်/သတိပေးမှုတွေပြုလုပ်ရပါ တယ်။
ဒါအပြင် ရေနွေးငွေ့အင်ဂျင်ရဲ့ ဘွိုင်လာအတွင်းရှိရေမျက်နှာပြင်အနေအထား ကိုစောင့်ကြည့်ရတဲ့အပြင် လိုအပ်ပါက နောက်ဆုတ်ရတဲ့ ဂီယာကိုရွေးချယ်ပေးရပါ တယ်။ တတိယမြောက်လိုက်ပါသူကတော့ ယာဉ်ရဲအနောက်ပိုင်းမှာရှိတဲ့ စင်ပေါ်မှာ မတ်တပ်ရပ်အနေအထားနဲ့လိုက်ပါရမှာဖြစ်ပြီး မီးနဲ့ဘရိတ်စနစ်ကိုထိန်းသိမ်းရတဲ့ တာဝန်ကိုယူပါတယ်။ ဒါပေမဲ့ ဘတ်စ်ကားကို မောင်းနှင်နေတဲ့အချိန်မှာတော့ ဒီလူသုံး ဦးဟာကွဲပြားတဲ့တာဝန်တွေကိုရယူပြီး အချင်းချင်းဘယ်လိုဆက်သွယ်မှုတွေအသုံးပြု ပြီး အလုပ်လုပ်ကြသလဲဆိုတာ တော့မှတ်တမ်းတွေက အသေအချာဖော်ပြထားခြင်း မရှိခဲ့ပါဘူး။
(၂) London Steam Carriage
လန်ဒန်မြို့တော်က ရေနွေးငွေ့အင်ဂျင်သုံးရထားလုံးကိုတော့ ၁၈၀၃ ခုနှစ်မှာ အင်္ဂလန် နိုင်ငံသားသတ္ထုတွင်းအင်ဂျင်နီယာနဲ့ တီထွင်သူ Richard Trevithickဆိုသူကတီထွင်ခဲ့ပါတယ်။ ဒီယာဉ်ဟာ ပထမဆုံးသောတစ်နိုင်တစ်ပိုင်ခရီးသည်ပို့ဆောင်တဲ့ယာဉ်ဖြစ်ပါ တယ်။(ယနေ့ခေတ်Taxi ကားတွေရဲ့ခရီးသည်ပို့ဆောင်ရေးအစီစဉ်)လိုပါပဲ။ သတ်မှတ်ထားတဲ့နေရာ မရှိပဲ ခရီးသည်ရဲ့လမ်းကြောင်း အလိုက် ပြေးဆွဲတဲ့ပုံစံမျိုးပါ။
ပြင်သစ်လူမျိုးတီထွင်သူ Cugnot ရဲ့ ရေနွေးငွေ့အင်ဂျင်သုံးကုန်းလမ်းသွားယာဉ်တွေဟာ Richard Trevithick ထက်အရင်စောပြီးပေါ်ပေါက်ခဲ့ပေမဲ့ Cugnot ရဲ့ကားတွေဟာ အမြောက်တွတင်ပြီးပစ်ခတ်ဖို့ပဲ ဒီဇိုင်း ဆွဲထားတာကြောင့် ခရီးသည်တင်ရန်အခက်အခဲရှိပါတယ်။ ၁၈၀၁ မှာတော့ Richard ဟာသူစမ်းသပ်ထုတ်လုပ်ထားတဲ့ Puffing Devil လို့နာမည်ပေးထားတဲ့ ရေနွေးငွေ့အင် ဂျင်သုံးရထားလုံးကိုတည်ဆောက်ခဲ့ပြီး အင်္ဂလန်အနောက်မြောက်ပိုင်းက Camborne မြို့ကတောင်ကုန်းတစ်ခုပေါ်ကို ကိုယ်တိုင်မောင်းနှင်ပြီးတက်ပြခဲ့ပါတယ်။
ဒါအပြင် Richard ဟာသူရဲ့ကားကို ကိုယ်တိုင်မောင်းနှင်ပြီး တစ်နာရီကို ၄ မိုင်ကနေ ၉မိုင် ကြားရောက်ရှိအောင် မောင်းနှင်ပြခဲ့ပါသေးတယ်။ ကံဆိုးစွာနဲ့ပဲ Richardရဲ့ကား ဟာမီးလောင်ကျွမ်းပြီး ပျက်ဆီးခဲ့ရပါတယ်။ ဒါပေမဲ့ မူလလက်ရာတွေအတိုင်းဒီ ဇိုင်းဆွဲသားချက်တွေကိုသက်ဆိုင်ရာကို တင်ပြနိုင်ခဲ့တဲ့အတွက် မူပိုင်ခွင့်ရရှိခဲ့ပြီး London Steam Carriage တွေရဲ့ နည်းပညာဟာဆက်လက်ရှင်သန်ခဲ့ပါတယ်။
(၁) Cugnot Fardier
Cugnot Fardier ကားတွေဟာ ပြင်သစ်လူမျိုးတီထွင်ဖန်တီးသူ Nicolas Joseph Cugnot ရဲ့လက်ရာတွေဖြစ်ပြီး ပထမဆုံးသော ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ လူစီးတွဲတစ် ခုဖြစ်ကာ ၁၇၇၀ ခုနှစ်ကတီထွင်ခဲ့ပါတယ်။ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ Fardier a vapeur(ဝန်တင်ဆောင်နိုင်တဲ့လေးဘီးတက်လှည်း) တွေကိုတည်ဆောက် ခဲ့ပါတယ်။
Cugnot ဟာ ဒီယာဉ်တွေကိုမတည်ဆောက်ခင် တစ်နှစ်အလို ၁၇၆၉ခုနှစ် ကတည်းက ဒီယာဉ်ပုံစံ အသေးလေးတွေကို အရင်တည်ဆောက်လေ့လာခဲ့တာပါ။ ဒီ Cugnot Fardier ကားတွေကို ပြင်သစ်စစ်တပ် အတွက်တည်ဆောက်ပေးခဲ့တာဖြစ်ပေမယ့် ဒီကားတွေဟာဝန်တန်ချိန် (၄)တန်လောက် ကိုသာသယ်ဆောင်နိုင်ပြီး တစ်နာရီကို (၄.၈)မိုင်လောက်သာ ခရီးရောက်တာမို့စစ်မြေ ပြင်မှာအသုံးပြုရန်အတွက်အဆင်မပြေပါဘူး။
ဒါကြောင့်ဒီစီမံချက်ကိုနောက်ဆုံးမှာ တော့ စွန့်လွှတ်ခဲ့ရပါတယ်။ ၁၈၀၀ ပြည့်နှစ်မှာတော့ Cugnot Fardier ကို ပြင်သစ် နိုင်ငံ ပဲရစ်မှာရှိတဲ့ Conservatoire National des Arts et Metiers (ရှေးဟောင်းအနုပညာနဲ့လက်မှုပညာပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေးပြတိုက်) မှာယနေ့အချိန်ထိ ခင်းကျင်း ပြသထားပါတယ်။