Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က နေမဝင် နိုင်ငံများ

by Thutamm
October 10, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်က နေမဝင် နိုင်ငံများ
Share on FacebookShare on Twitter

(Unicode)

ကျွန်တော်တို့မြန်မာနိုင်ငံမှာနေကြသူတွေဟာ  နွေဥတု၊မိုးဥတု၊ဆောင်းဦးတုဆိုတဲ့ ဥတုသုံးပါးနဲ့ ယဉ်ပါးနေသလို နေ့နဲ့ညဆိုတဲ့ အချိန်ကာလ အပိုင်းအခြားတွေနဲ့လည်း ယဉ်ပါးနေပြီးသားဖြစ်ပါသည်။နေ့တိုင်း နေ့တိုင်းမှာ နေ့နဲ့ည ဆိုတာရှိပြီး အာရုဏ်ဦးမှာ ထွက်တဲ့နေ ဟာ ညနေစောင်းမှာဝင်သွားလေ့ရှိပါတယ်။ နေထွက်တယ် နေဝင်တယ်ဆိုတာ သဘာဝအတိုင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာ တစ်ရက်လုံးနေ့အတိုင်းနီးပါးဖြစ်နေတဲ့နိုင်ငံတွေ ၊ တချို့လတွေမှာ ၂၄နာရီနီးပါးနေမဝင်တဲ့ နိုင်ငံတွေ ၊ ဝင်သွားလို့မှမကြာသေးတဲ့နေမင်းဟာ ချက်ချင်းပြန်ထွက်လာတတ်တဲ့နိုင်ငံတွေ ရှိနေပါတယ်။ ဒီလိုဖြစ်လေ့ရှိတဲ့ဖြစ်စဉ်ကို သန်းခေါင်ယံနေ (Midnight sun) လို့ခေါ်ပါတယ်။ သန်းခေါင်ယံနေဟာ သဘာဝ ဖြစ်စဉ် တစ်ခုဖြစ်ပြိး ကမ္ဘာ့မြောက်ဖျားအစွန်းပိုင်း အာတိတ်စက်ဝန်း၏ မြောက်ဖက်ဒေသအချို့နှင့် ကမ္ဘာ့တောင်ဖျားအစွန်းပိုင်း အန္တာတိကစက်ဝန်း တောင်ဖက်ဒေသအချို့တို့၏ နွေရာသီများတွင် ဖြစ်ပေါ်လေ့ရှိပါတယ်။

အမြဲနေ့ဖြစ်ချင်နေတဲ့သူတွေကတော့ သဘောကျမှာပါ။ ဒါပေမယ့် အမြဲလိုလိုလင်းထိန်နေတာကြောင့် အိပ်ယာဝင်ချိန် အိပ်ယာထချိန်တွေဟာ ကမောက်ကမ ဖြစ်နိုင်ပါတယ်။ ဒီတစ်ခါ သုတဇုန် မိတ်ဆွေများကို မျှဝေပေးချင်တာတော့ ဒီနိုင်ငံတွေရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကတော့

(၁) နော်ဝေ

အာတိတ်စက်ဝိုင်းအတွင်းမှာရှိတဲ့ နော်ဝေနိုင်ငံဟာ သန်းခေါင်ယံအချိန်မှာနေထွက်တဲ့ ဒေသရယ်လို့ ဥရောပမှာလူသိများထင်ရှားပါတယ်။ မေလမှစပြီးဇူလိုင်လ လလယ်အထိ (၇၆)ရက်တာကာလတွေမှာ ဒီဒေသမှာနေမဝင်ပါဘူး။ နေမင်းရဲ့အလင်းရောင်ဟာ နော်ဝေနိုင်ငံတစ်ခွင်လုံးကို (၂၀)နာရီကြာအောင် ထိန်လင်းပေးပါတယ်။ ဥရောပတိုက်ရဲ့ မြောက်ဘက်စွန်းပိုင်းမှာတည်ရှိတဲ့ အာတိတ်သမုဒ္ဒရာထဲက နော်ဝေနိုင်ငံပိုင် Svalbard ကျွန်းမှာဆိုရင် ဧပြီလ (၁၀)ရက်နေ့ကနေ သြဂုတ်လ(၂၃) ရက်နေ့အထိ (၂၄)နာရီလုံး နေသာပါတယ်။

ဒီဒေသကို အလည်သွားရောက်သူတွေအနေနဲ့ ပထမဆုံးခံစားရမှာက ညဘက်အချိန်ဆိုတာမရှိတာပါပဲ။ ဒီနေရာကကို သွားရောက်လည်ပတ်ရင်တော့ မြောက်ဝင်ရိုးစွန်းက ပထမဆုံးအကြိမ်ဖြာကျတဲ့ နေရောင်ခြည်တန်းလေးကိုမြင် တွေ့နိုင်အောင်ကြိုးစားဖို့မမေ့ပါနဲ့။ ညအချိန်ထက်နေ့အချိန်တွေသာ အများစုဖြစ် နေတာမို့ ဒီမြင်ကွင်းဟာ ရှားပါးလွန်းလို့ပါ။

(၂) အိုက်စလန်

အလွန်သာယာလှပတဲ့ အိုက်စလန်နိုင်ငံဟာ ဥရောပမှာ ဂရိတ်ဗြိတိန်ကျွန်းစုပြီးရင် ဒုတိယအကြီးမားဆုံးသော ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံဟာလည်းမေလ (၁၀)ရက်နေ့ကနေ ဇူလိုင်လတစ်လလုံး နေရောင်ဟာမိုးကုတ်စက်ဝိုင်းအပြည့် (၂၄)နာ ရီအပြည့်လင်းပါတယ်။

ဒါအပြင် စိတ်လှုပ်ရှားအံ့သြသင့်စရာကောင်းတဲ့ မြောက်ဘက်က တိုးဝင်လာတဲ့ အိုက်စလန်နိုင်ငံရဲ့ပုံရိပ်ကို ပိုမိုလှပအောင်ဖော်ကျူးပေးတဲ့ ဥတ္တရအလင်းတန်းတွေအပြင် ဒီနိုင်ငံရဲ့ အခြား ဆွဲဆောင်မှုတွေကတော့ လှပတဲ့ပတ်ဝန်းကျင်ကိုနောက်ခံထားပြီး ခရီးဝေးလမ်းလျှောက်ခြင်း၊ သဘာဝသားရဲတိရိစ္ဆာန်တွေကို ကြည့်ရှုနိုင်ခြင်း၊ ဝေလ ငါးတွေရဲ့သဘာဝကို လေ့လာနိုင်ခြင်း၊ သဘာဝအရဖြစ်တည်နေတဲ့ ကျောက်ဂူတွေကို ဝင်ရောက်စူးစမ်းလေ့လာနိုင်ခြင်း၊ အပျော်တမ်းတာဝေး စက်ဘီးစီးခရီးစဉ်များကို ပြုလုပ်နိုင်ခြင်း/ပြိုင်ပွဲဝင်နိုင်ခြင်း၊ နာမည်ကျော် အိုက်စလန်အမျိုးသားဥယျာဉ်ကို သွားရောက် လည်ပတ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

(၃) ကနေဒါနိုင်ငံ

ကမ္ဘာပေါ်မှာ ဒုတိယဧရိယာအကြီးမားဆုံးနိုင်ငံဖြစ်ပြီး ကနေဒါနိုင်ငံကနေရာတော်တော်များ များဟာ တစ်နှစ်ပတ်လုံးနှင်းတွေကျဆင်းနေတာပါ။ နိုင်ငံရဲ့ အနောက်မြောက်ဘက်ဒေ သတွေဖြစ်တဲ့ Inuvik မြို့လိုနေရာတွေမှာ နွေရာသီရောက်ချိန်မှာ ရက်ပါင်း(၅၀)လောက် ဟာ (၂၄)နာရီလုံး နေသာပါတယ်။

ကမ္ဘာလှည့်ခရီးသွားတစ်ယောက်အနေနဲ့ ကနေဒါနိုင်ငံကို သွားရောက်ပါက မဖြစ်မနေပြုလုပ်ရမဲ့အရာတွေကတော့ Aurora Viewing လို့ခေါ်တဲ့ အာရုဏ်တက်ချိန်(နေထွက်ချိန်)ကိုစောင့်ကြည့်ခြင်း၊ တောင်တက်ခြင်း၊ ကြိုးတံတားတွေအပေါ်ကနေ လမ်းလျောက်ခြင်း၊ကမ္ဘာပေါ်မှာဒုတိမြောက်အကြီးမားဆုံးသော လမ်းတွေပေါ်မှာခရီးတိုထွက်ပြီး ကိုယ်ကာယလေ့ကျင့် ခန်းတွေပြုလုပ်နိုင်ခြင်း သာမက များစွာသော သမိုင်းဆိုင်ရာအထိမ်းအမှတ်အဆောက် အအုံတွေကိုလေ့လာနိုင်ခြင်းတွေကိုပါပြုလုပ်နိုင်ပါတယ်။ အဲခရီးစဉ်တွေဟာ ပျော်ရွှင် စရာ အသံတွေနဲ့ ဆူညံပြည့်နှက်နေမှာ အသေအချာပါပဲ။

(၄) အလက်စကာ

နိုင်ငံတွေလို့ ဆိုပေမယ့် အလက်စကာကတော့ အမေရိကန်ရဲ့ တသီးတခြားပြည်နယ်တစ်ခုဖြစ်ပါတယ်။ အလက်စကာပြည်နယ်မှာလည်း မေလရဲ့နောက်ဆုံးရက်သတ္တပတ်ကနေ ဇူလိုင်လရဲ့နောက်ဆုံးသောရက်သတ္တပတ် တွေအထိ နေမဝင်ပါဘူး။ သာယာလှပပြီးအံံ့ဖွယ်ကောင်းတဲ့ ဒီဒေသဟာ အလွန် ကြမ်းတမ်းတဲ့ဆောင်းရာသီရောက်မှသာ အမှောင်ထုကိုမြင်တွေ့ရတာပါ။

ဒီဒေသရဲ့ သမိုင်းဝင်ထင်ရှားတဲ့ ရေခဲမြစ်တွေ ၊နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေမှာ တောင်တက်ခြင်း၊ တောင်ထိပ်တွေပေါ်ကနေ သဘာဝအလှအပကိုခံစားနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ တောင်တန်းတွေအပေါ်ကိုတစ်စတစ်စ နှင်းတွေဖုံးလွှမ်းသွားတဲ့ ပုံရိပ်ကိုမြင်တွေ့ချင်ရင်တော့ မနက်အစောကြီး(၂)နာရီလောက်ကနေစတင်ကြည့်ရှု နိုင်ပါတယ်။ ဒါအပြင်ဝေလငါးတွေရဲ့ သဘာဝကို ဒီဒေသကကမ်းလွန်တွေမှာ လေ့လာနိုင်ပါတယ်။

(၅) ဆွီဒင်

ဥရောပတိုက်က ဆွီဒင်နိုင်ငံ ကတော့အထက်မှာဖော်ပြခဲ့တဲ့နိုင်ငံတွေနဲ့ နိူင်းယှဉ် ရင်တော့ ပိုမိုနွေးထွေးတဲ့ရာသီဥတုရှိပါတယ်။ ဒါအပြင် မေလအစောပိုင်းကနေ သြဂုတ်လ ရဲ့ နောက်ဆုံးရက်သတ္တပတ်တွေအထိတော့ သန်းခေါင်ယံပတ်ဝန်းကျင်အချိန်မှာ နေဝင်ပေမယ့် မနက်(၄-၃၀)အချိန်မှာ နေပြန်ထွက်လေ့ရှိပါတယ်။ ဒါကြောင့်ဆွီဒင်နိုင်ငံ ရဲ့ရှည်လျားတဲ့ တစ်နေ့တာဟာ ဆန်းသစ်တီထွင်တဲ့လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အလုပ်အရမ်းများတဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ အခြား ရွေးချယ်ခွင့်တွေလည်းရှိနေပါသေးတယ်။ ဒါတွေကတော့ ငါးဖမ်းခြင်း၊ ဂေါက်ကစားခြင်း၊ တောင်ပေါ်ဒေသတွေကို ရဟတ်ယာဉ်နဲ့ သွားရောက်လည်ပတ်ခြင်း၊ နှင်းလျောစီးခြင်း၊ မြောက်ဝင်ရိုးစွန်းကလာတဲ့အလင်းတန်းတွေကိုစောင့်ကြည့်ခြင်း၊ ဆွီဒင်အမျိုးသား ဥယျာဉ်ကိုလည်ပတ်နိုင်ခြင်း၊ ဆွီဒင်နိုင်ငံမှာရှိတဲ့ မြေနိမ့်ဒေသတွေကိုသွားပြီးသာယာတဲ့ ပတ်ဝန်းကျင်အနေအထားကို လေ့လာနိုင်ခြင်းတို့ကိုလည်းပြုလုပ်နိုင်ပါတယ်။

(၆) ဖင်လန်နိုင်ငံ

ကျွန်းထောင်ပေါင်းများစွာ ၊ရေကန်များစွာတည်ရှိနေတဲ့ ဥရောပတိုက်ကဖင်လန်နိုင်ငံရဲ့ ဒေသအများစုမှာလည်း နွေရာသီမှာဆိုရင် ရက်ပေါင်း (၇၃)ရက်လောက်ဟာ နေဝင်လေ့မရှိပါဘူး။ ဒီဒေသမှာရှိတဲ့ ရေခဲပြင်တွေမှာမြောက်ဝင်ရိုးစွန်းကလာတဲ့ အလင်းတန်းတွေကို စောင့်ကြည့်နိုင်တဲ့အပြင် ဖန်တွေနဲ့ အခြေတည်ထားတဲ့ အက်စကီမိုလူမျိုးတွေနှင်းတုံး နဲ့တည်ဆောက်ထားတဲ့ သံခမောက်အိမ် တွေမှာ ပျော်ရွှင်အေးချမ်းစွာ နားနေနိုင်တဲ့အပြင် နှင်းလျောစီးခြင်းလည်းပြုလုပ်နိုင်ပါတယ်။ ဆောင်းဦးကာလတွေဖြစ်တဲ့ စက်တင်ဘာလမှ နိုဝင်ဘာလတွေမှာဆိုရင်လည်း ကြွေကျလာတဲ့ သစ်ရွက်တွေရဲ့ ရောင်စုံအလှဟာလည်း မြင်ရသူတိုင်းရဲ့စိတ်ဘဝင်ကို ချမ်းမြေ့စေပါတယ်။

နော်ဝေနိုင်ငံက သန်းခေါင်ယံနေ ဗီဒီယို

 

(Zawgyi)

ကမာၻေပၚက ေနမဝင္ ႏိုင္ငံမ်ား

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာေနၾကသူေတြဟာ  ေႏြဥတု၊မိုးဥတု၊ေဆာင္းဦးတုဆိုတဲ့ ဥတုသုံးပါးနဲ႔ ယဥ္ပါးေနသလို ေန႔နဲ႔ညဆိုတဲ့ အခ်ိန္ကာလ အပိုင္းအျခားေတြနဲ႔လည္း ယဥ္ပါးေနၿပီးသားျဖစ္ပါသည္။ေန႔တိုင္း ေန႔တိုင္းမွာ ေန႔နဲ႔ည ဆိုတာရွိၿပီး အာ႐ုဏ္ဦးမွာ ထြက္တဲ့ေန ဟာ ညေနေစာင္းမွာဝင္သြားေလ့ရွိပါတယ္။ ေနထြက္တယ္ ေနဝင္တယ္ဆိုတာ သဘာဝအတိုင္းပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ကမာၻေပၚမွာ တစ္ရက္လုံးေန႔အတိုင္းနီးပါးျဖစ္ေနတဲ့ႏိုင္ငံေတြ ၊ တခ်ိဳ႕လေတြမွာ ၂၄နာရီနီးပါးေနမဝင္တဲ့ ႏိုင္ငံေတြ ၊ ဝင္သြားလို႔မွမၾကာေသးတဲ့ေနမင္းဟာ ခ်က္ခ်င္းျပန္ထြက္လာတတ္တဲ့ႏိုင္ငံေတြ ရွိေနပါတယ္။ ဒီလိုျဖစ္ေလ့ရွိတဲ့ျဖစ္စဥ္ကို သန္းေခါင္ယံေန (Midnight sun) လို႔ေခၚပါတယ္။ သန္းေခါင္ယံေနဟာ သဘာဝ ျဖစ္စဥ္ တစ္ခုျဖစ္ၿပိး ကမာၻ႔ေျမာက္ဖ်ားအစြန္းပိုင္း အာတိတ္စက္ဝန္း၏ ေျမာက္ဖက္ေဒသအခ်ိဳ႕ႏွင့္ ကမာၻ႔ေတာင္ဖ်ားအစြန္းပိုင္း အႏၲာတိကစက္ဝန္း ေတာင္ဖက္ေဒသအခ်ိဳ႕တို႔၏ ေႏြရာသီမ်ားတြင္ ျဖစ္ေပၚေလ့ရွိပါတယ္။

အၿမဲေန႔ျဖစ္ခ်င္ေနတဲ့သူေတြကေတာ့ သေဘာက်မွာပါ။ ဒါေပမယ့္ အၿမဲလိုလိုလင္းထိန္ေနတာေၾကာင့္ အိပ္ယာဝင္ခ်ိန္ အိပ္ယာထခ်ိန္ေတြဟာ ကေမာက္ကမ ျဖစ္ႏိုင္ပါတယ္။ ဒီတစ္ခါ သုတဇုန္ မိတ္ေဆြမ်ားကို မွ်ေဝေပးခ်င္တာေတာ့ ဒီႏိုင္ငံေတြရဲ႕အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီႏိုင္ငံေတြကေတာ့

(၁) ေနာ္ေဝ

အာတိတ္စက္ဝိုင္းအတြင္းမွာရွိတဲ့ ေနာ္ေဝႏိုင္ငံဟာ သန္းေခါင္ယံအခ်ိန္မွာေနထြက္တဲ့ ေဒသရယ္လို႔ ဥေရာပမွာလူသိမ်ားထင္ရွားပါတယ္။ ေမလမွစၿပီးဇူလိုင္လ လလယ္အထိ (၇၆)ရက္တာကာလေတြမွာ ဒီေဒသမွာေနမဝင္ပါဘူး။ ေနမင္းရဲ႕အလင္းေရာင္ဟာ ေနာ္ေဝႏိုင္ငံတစ္ခြင္လုံးကို (၂၀)နာရီၾကာေအာင္ ထိန္လင္းေပးပါတယ္။ ဥေရာပတိုက္ရဲ႕ ေျမာက္ဘက္စြန္းပိုင္းမွာတည္ရွိတဲ့ အာတိတ္သမုဒၵရာထဲက ေနာ္ေဝႏိုင္ငံပိုင္ Svalbard ကြၽန္းမွာဆိုရင္ ဧၿပီလ (၁၀)ရက္ေန႔ကေန ၾသဂုတ္လ(၂၃) ရက္ေန႔အထိ (၂၄)နာရီလုံး ေနသာပါတယ္။

ဒီေဒသကို အလည္သြားေရာက္သူေတြအေနနဲ႔ ပထမဆုံးခံစားရမွာက ညဘက္အခ်ိန္ဆိုတာမရွိတာပါပဲ။ ဒီေနရာကကို သြားေရာက္လည္ပတ္ရင္ေတာ့ ေျမာက္ဝင္႐ိုးစြန္းက ပထမဆုံးအႀကိမ္ျဖာက်တဲ့ ေနေရာင္ျခည္တန္းေလးကိုျမင္ ေတြ႕ႏိုင္ေအာင္ႀကိဳးစားဖို႔မေမ့ပါနဲ႔။ ညအခ်ိန္ထက္ေန႔အခ်ိန္ေတြသာ အမ်ားစုျဖစ္ ေနတာမို႔ ဒီျမင္ကြင္းဟာ ရွားပါးလြန္းလို႔ပါ။

(၂) အိုက္စလန္

အလြန္သာယာလွပတဲ့ အိုက္စလန္ႏိုင္ငံဟာ ဥေရာပမွာ ဂရိတ္ၿဗိတိန္ကြၽန္းစုၿပီးရင္ ဒုတိယအႀကီးမားဆုံးေသာ ကြၽန္းစုႏိုင္ငံျဖစ္ပါတယ္။ အိုက္စလန္ႏိုင္ငံဟာလည္းေမလ (၁၀)ရက္ေန႔ကေန ဇူလိုင္လတစ္လလုံး ေနေရာင္ဟာမိုးကုတ္စက္ဝိုင္းအျပည့္ (၂၄)နာ ရီအျပည့္လင္းပါတယ္။

ဒါအျပင္ စိတ္လႈပ္ရွားအံ့ၾသသင့္စရာေကာင္းတဲ့ ေျမာက္ဘက္က တိုးဝင္လာတဲ့ အိုက္စလန္ႏိုင္ငံရဲ႕ပုံရိပ္ကို ပိုမိုလွပေအာင္ေဖာ္က်ဴးေပးတဲ့ ဥတၱရအလင္းတန္းေတြအျပင္ ဒီႏိုင္ငံရဲ႕ အျခား ဆြဲေဆာင္မႈေတြကေတာ့ လွပတဲ့ပတ္ဝန္းက်င္ကိုေနာက္ခံထားၿပီး ခရီးေဝးလမ္းေလွ်ာက္ျခင္း၊ သဘာဝသားရဲတိရိစာၦန္ေတြကို ၾကည့္ရႈႏိုင္ျခင္း၊ ေဝလ ငါးေတြရဲ႕သဘာဝကို ေလ့လာႏိုင္ျခင္း၊ သဘာဝအရျဖစ္တည္ေနတဲ့ ေက်ာက္ဂူေတြကို ဝင္ေရာက္စူးစမ္းေလ့လာႏိုင္ျခင္း၊ အေပ်ာ္တမ္းတာေဝး စက္ဘီးစီးခရီးစဥ္မ်ားကို ျပဳလုပ္ႏိုင္ျခင္း/ၿပိဳင္ပြဲဝင္ႏိုင္ျခင္း၊ နာမည္ေက်ာ္ အိုက္စလန္အမ်ိဳးသားဥယ်ာဥ္ကို သြားေရာက္ လည္ပတ္ႏိုင္ျခင္းတို႔ ျဖစ္ပါတယ္။

(၃) ကေနဒါႏိုင္ငံ

ကမာၻေပၚမွာ ဒုတိယဧရိယာအႀကီးမားဆုံးႏိုင္ငံျဖစ္ၿပီး ကေနဒါႏိုင္ငံကေနရာေတာ္ေတာ္မ်ား မ်ားဟာ တစ္ႏွစ္ပတ္လုံးႏွင္းေတြက်ဆင္းေနတာပါ။ ႏိုင္ငံရဲ႕ အေနာက္ေျမာက္ဘက္ေဒ သေတြျဖစ္တဲ့ Inuvik ၿမိဳ႕လိုေနရာေတြမွာ ေႏြရာသီေရာက္ခ်ိန္မွာ ရက္ပါင္း(၅၀)ေလာက္ ဟာ (၂၄)နာရီလုံး ေနသာပါတယ္။

ကမာၻလွည့္ခရီးသြားတစ္ေယာက္အေနနဲ႔ ကေနဒါႏိုင္ငံကို သြားေရာက္ပါက မျဖစ္မေနျပဳလုပ္ရမဲ့အရာေတြကေတာ့ Aurora Viewing လို႔ေခၚတဲ့ အာ႐ုဏ္တက္ခ်ိန္(ေနထြက္ခ်ိန္)ကိုေစာင့္ၾကည့္ျခင္း၊ ေတာင္တက္ျခင္း၊ ႀကိဳးတံတားေတြအေပၚကေန လမ္းေလ်ာက္ျခင္း၊ကမာၻေပၚမွာဒုတိေျမာက္အႀကီးမားဆုံးေသာ လမ္းေတြေပၚမွာခရီးတိုထြက္ၿပီး ကိုယ္ကာယေလ့က်င့္ ခန္းေတြျပဳလုပ္ႏိုင္ျခင္း သာမက မ်ားစြာေသာ သမိုင္းဆိုင္ရာအထိမ္းအမွတ္အေဆာက္ အအုံေတြကိုေလ့လာႏိုင္ျခင္းေတြကိုပါျပဳလုပ္ႏိုင္ပါတယ္။ အဲခရီးစဥ္ေတြဟာ ေပ်ာ္႐ႊင္ စရာ အသံေတြနဲ႔ ဆူညံျပည့္ႏွက္ေနမွာ အေသအခ်ာပါပဲ။

(၄) အလက္စကာ

ႏိုင္ငံေတြလို႔ ဆိုေပမယ့္ အလက္စကာကေတာ့ အေမရိကန္ရဲ႕ တသီးတျခားျပည္နယ္တစ္ခုျဖစ္ပါတယ္။ အလက္စကာျပည္နယ္မွာလည္း ေမလရဲ႕ေနာက္ဆုံးရက္သတၱပတ္ကေန ဇူလိုင္လရဲ႕ေနာက္ဆုံးေသာရက္သတၱပတ္ ေတြအထိ ေနမဝင္ပါဘူး။ သာယာလွပၿပီးအံံ့ဖြယ္ေကာင္းတဲ့ ဒီေဒသဟာ အလြန္ ၾကမ္းတမ္းတဲ့ေဆာင္းရာသီေရာက္မွသာ အေမွာင္ထုကိုျမင္ေတြ႕ရတာပါ။

ဒီေဒသရဲ႕ သမိုင္းဝင္ထင္ရွားတဲ့ ေရခဲျမစ္ေတြ ၊ႏွင္းေတြဖုံးလႊမ္းေနတဲ့ ေတာင္တန္းေတြမွာ ေတာင္တက္ျခင္း၊ ေတာင္ထိပ္ေတြေပၚကေန သဘာဝအလွအပကိုခံစားႏိုင္ျခင္းတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။ ေတာင္တန္းေတြအေပၚကိုတစ္စတစ္စ ႏွင္းေတြဖုံးလႊမ္းသြားတဲ့ ပုံရိပ္ကိုျမင္ေတြ႕ခ်င္ရင္ေတာ့ မနက္အေစာႀကီး(၂)နာရီေလာက္ကေနစတင္ၾကည့္ရႈ ႏိုင္ပါတယ္။ ဒါအျပင္ေဝလငါးေတြရဲ႕ သဘာဝကို ဒီေဒသကကမ္းလြန္ေတြမွာ ေလ့လာႏိုင္ပါတယ္။

(၅) ဆြီဒင္

ဥေရာပတိုက္က ဆြီဒင္ႏိုင္ငံ ကေတာ့အထက္မွာေဖာ္ျပခဲ့တဲ့ႏိုင္ငံေတြနဲ႔ ႏိူင္းယွဥ္ ရင္ေတာ့ ပိုမိုေႏြးေထြးတဲ့ရာသီဥတုရွိပါတယ္။ ဒါအျပင္ ေမလအေစာပိုင္းကေန ၾသဂုတ္လ ရဲ႕ ေနာက္ဆုံးရက္သတၱပတ္ေတြအထိေတာ့ သန္းေခါင္ယံပတ္ဝန္းက်င္အခ်ိန္မွာ ေနဝင္ေပမယ့္ မနက္(၄-၃၀)အခ်ိန္မွာ ေနျပန္ထြက္ေလ့ရွိပါတယ္။ ဒါေၾကာင့္ဆြီဒင္ႏိုင္ငံ ရဲ႕ရွည္လ်ားတဲ့ တစ္ေန႔တာဟာ ဆန္းသစ္တီထြင္တဲ့လုပ္ငန္းေတြလုပ္ကိုင္ေနတဲ့ အလုပ္အရမ္းမ်ားတဲ့သူေတြအတြက္ေတာ့ အဆင္ေျပပါတယ္။

ဒီလိုမွမဟုတ္ရင္ေတာ့ အျခား ေ႐ြးခ်ယ္ခြင့္ေတြလည္းရွိေနပါေသးတယ္။ ဒါေတြကေတာ့ ငါးဖမ္းျခင္း၊ ေဂါက္ကစားျခင္း၊ ေတာင္ေပၚေဒသေတြကို ရဟတ္ယာဥ္နဲ႔ သြားေရာက္လည္ပတ္ျခင္း၊ ႏွင္းေလ်ာစီးျခင္း၊ ေျမာက္ဝင္႐ိုးစြန္းကလာတဲ့အလင္းတန္းေတြကိုေစာင့္ၾကည့္ျခင္း၊ ဆြီဒင္အမ်ိဳးသား ဥယ်ာဥ္ကိုလည္ပတ္ႏိုင္ျခင္း၊ ဆြီဒင္ႏိုင္ငံမွာရွိတဲ့ ေျမနိမ့္ေဒသေတြကိုသြားၿပီးသာယာတဲ့ ပတ္ဝန္းက်င္အေနအထားကို ေလ့လာႏိုင္ျခင္းတို႔ကိုလည္းျပဳလုပ္ႏိုင္ပါတယ္။

(၆) ဖင္လန္ႏိုင္ငံ

ကြၽန္းေထာင္ေပါင္းမ်ားစြာ ၊ေရကန္မ်ားစြာတည္ရွိေနတဲ့ ဥေရာပတိုက္ကဖင္လန္ႏိုင္ငံရဲ႕ ေဒသအမ်ားစုမွာလည္း ေႏြရာသီမွာဆိုရင္ ရက္ေပါင္း (၇၃)ရက္ေလာက္ဟာ ေနဝင္ေလ့မရွိပါဘူး။ ဒီေဒသမွာရွိတဲ့ ေရခဲျပင္ေတြမွာေျမာက္ဝင္႐ိုးစြန္းကလာတဲ့ အလင္းတန္းေတြကို ေစာင့္ၾကည့္ႏိုင္တဲ့အျပင္ ဖန္ေတြနဲ႔ အေျခတည္ထားတဲ့ အက္စကီမိုလူမ်ိဳးေတြႏွင္းတုံး နဲ႔တည္ေဆာက္ထားတဲ့ သံခေမာက္အိမ္ ေတြမွာ ေပ်ာ္႐ႊင္ေအးခ်မ္းစြာ နားေနႏိုင္တဲ့အျပင္ ႏွင္းေလ်ာစီးျခင္းလည္းျပဳလုပ္ႏိုင္ပါတယ္။ ေဆာင္းဦးကာလေတြျဖစ္တဲ့ စက္တင္ဘာလမွ ႏိုဝင္ဘာလေတြမွာဆိုရင္လည္း ေႂကြက်လာတဲ့ သစ္႐ြက္ေတြရဲ႕ ေရာင္စုံအလွဟာလည္း ျမင္ရသူတိုင္းရဲ႕စိတ္ဘဝင္ကို ခ်မ္းေျမ့ေစပါတယ္။

ေနာ္ေဝႏိုင္ငံက သန္းေခါင္ယံေန ဗီဒီယို

 

Tags: amazingcountrieskaung htet

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!