Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အကြီးဆုံး ရေပေါ်အကျဉ်းထောင်

by Thutamm
August 15, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်က အကြီးဆုံး ရေပေါ်အကျဉ်းထောင်
Share on FacebookShare on Twitter

သိပြီးကြပြီလားတော့ မသိဘူး။ အမေရိကန် နယူးယောက် East မြစ်ထဲက SUNY ရေကြောင်းကောလိပ်ရဲ့ အနောက်ဘက် တစ်မိုင်အကွာမှာရှိတဲ့ ကမ္ဘာ့ အကြီးဆုံးရေပေါ်အကျဉ်းထောင်ပါ။ ၁၉၉၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒေါ်လာ ၁၆၁ သန်း ကုန်ကျခဲ့ပါတယ်။ ကုန်းမြေပေါ်က အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေများပြားလာကြောင့် ရေပေါ်မှာ ချဲ့ထွင်ထားနိုင်ဖို့ အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီအကျဉ်းထောင်ရဲ့ နာမည်က Vernon C. Bain Correctional Center ဖြစ်ပါတယ်။ မတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့တဲ့ ထောင်ဝါဒါ Vernon C. Bain ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးကတော့ နာမည်ပြောင်ဖြစ်တဲ့  The Boat လို့ပဲ ခေါ်ကြပါတယ်။

တကယ်တော့ ဒီအကျဉ်းထောင်ဟာ အမေရိကန်တွေရဲ့ ပထမဆုံးရေပေါ်အကျဉ်းထောင် မဟုတ်ပဲ တတိယမြောက်သာ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာ Bibby Resolution နဲ့ Bibby Venture တို့ရှိပါသေးတယ်။ ဒါတွေကတော့ ဗြိတိသျှစစ်သား တင်ဆောင်တဲ့ သင်္ဘောတွေဖြစ်ပြီး နယူးယောက် အကျဉ်းသားထိမ်သိမ်းရေးဌာနက ပြန်လည်ဝယ်ယူပြီး အကျဉ်းထောင်တွေ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၄ခုနှစ်မှာတော့ ဒီသင်္ဘောနှစ်စင်းလုံးကို ပြန်ရောင်းလိုက်ပါတယ်။

The Boat ကို ၁၉၈၉ခုနှစ် Avondale သင်္ဘောကျဉ်းမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အထပ် ၅ထပ် ၊ အရှည် ၆၂၅ ပေ အကျယ် ၁၂၅ ပေ ကျယ်ဝန်းတာကြောင့် ဘောလုံးကွင်း နှစ်ကွင်းစာနီးပါး ကျယ်တယ်လို့ ဆိုရမှာပါ။တစ်စီးလုံးရဲ့အလေးချိန်ကတော့ ၄၇၃၂၅ တန် ဖြစ်ပါတယ်။

လွတ်မြောက်ဖို့ခက်ခဲပြီး လုံခြုံရေးအဆင့် ၄ ဆင့် နဲ့ ကာကွယ်ထား တယ်လို့သိရပါတယ်။ ဒီလောက်လုံခြုံပေမယ့် ဒီထောင်ရဲ့သမိုင်းတလျှောက်မှာ ထွက်ပြေးလွတ်မြောက်တဲ့ အကျဉ်းသား ၄ဦး ရှိခဲ့ပါတယ် ။ ဒီရေပေါ်အကျဉ်းထောင်မှာ အိပ်ဆောင် ၁၄ဆောင် ၊ ကြိုးတိုက် ၁၀၀ ခန်း နဲ့ အကျဉ်းသား၈၀၀ ကျော်တွေ အတွက် အခန်းတွေပါဝင်ပါတယ်။

အကျဉ်းထောင်ဆိုပေမယ့် အကျဉ်းသားတွေကို သက်သက်သကာသာ နေစေဖို့ ဖန်တီးပေးထားပါတယ်။ ဒီနေရာမှာ အားကစားခန်းမ ၊ ဘုရားရှိ ခိုးကျောင်း ၊ ခေတ်မီအသုံးအဆောင်များ ၊ အကျဉ်းသားတွေအသုံးပြုဖို့စာကြည့်တိုက် အပြင် ဘတ်စ်ကတ်ဘောကွင်းတစ်ခုပါ ပါရှိပါသေးတယ်။ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် ခေတ်မီပစ္စည်း အပြည့်အစုံနဲ့ ဆေးခန်းတစ်ခုလည်း ရှိနေပါသေးတယ်။

ရေပေါ်မှာထားရှိတဲ့အတွက် လုံခြုံရေးတွေအပြင် သင်္ဘောဝန်ထမ်းသုံးယောက်ကိုလည်း ၂၄ နာရီ ထားရှိရပါတယ်။ ဒီဝန်ထမ်းတွေရဲ့လစာဟာ တစ်နှစ်ကို ဒေါ်လာ၆၅၀၀၀ ခန့် ပေးရပါတယ်။ ၂၀၁၄ ခုနှစ်မှာတေ့ ကမ္ဘာ့အကြီး ဆုံးရေပေါ်ထောင် အဖြစ်ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။

သုတဇုန်

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!