Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အနက်ဆုံးသော လိုဏ်ဂူ ၁၀ ခု

by Thutamm
August 15, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်က အနက်ဆုံးသော လိုဏ်ဂူ ၁၀ ခု
Share on FacebookShare on Twitter

ရေးသားသူ – မစ်ကီ
Irrawaddy Burmese

ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်မှာ မတူညီတဲ့ တောတောင်ရေမြေ သဘာဝအလှအပ များစွာရှိပါတယ်။ ခရီးသွား ဝါသနာပါသူ အများစုကတော့ သစ်တော၊ တောတောင်၊ သဲကန္တာရနဲ့ လွင်ပြင်တွေကို သွားရောက် လည်ပတ်ပြီး အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ ဒါပေမယ့် မြေအောက်လိုမျိုး၊ ကမ္ဘာမြေကြီးရဲ့ အနက်ပိုင်းမှာရှိနေတဲ့ နေရာမျိုးကို သွားရောက်ပြီး ဘယ်လို အချိန်ကုန်ဆုံးနိုင်မလဲ ဆိုတာကိုရော သိပါရဲ့လား။

ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်စက်တိုင်တွေရဲ့ လှပမှုတွေကို ကြည့်ရှုလိုသူတွေအနေနဲ့ အလင်းရောင် မရှိတဲ့ ထူးဆန်းတဲ့ နေရာတွေ ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာကိုရော သင်သိပါသလား။ တချို့သောလိုဏ်ဂူတွေဆိုရင် ပိတ်ပိတ်ပိန်းအောင် မှောင်မည်းနေတဲ့အတွက် ဂူအတွင်းအလှအပကို ခံစားဖို့ဆိုတာထက် အမှောင်က သင့်ကို ခြောက်လှန့်ကောင်း ခြောက်လှန့်နိုင်ပါလိမ့်မယ်။ ဒါဟာလည်း ရုပ်ရှင်တွေနဲ့ စာပေတွေကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

တချို့သော သည်းထိတ်ရင်ဖို ရုပ်ရှင်တွေဆိုရင် လိုဏ်ဂူတွေထဲမှာ ဇာတ်အိမ်တည်ကြပါတယ်။ စာပေတချို့မှာဆိုရင် အခုလိုမျိုး မှောင်မည်းတဲ့လိုဏ်ဂူထဲကို ဝင်ရောက်သွားလေလေ မကောင်းဆိုးရွားတွေ ပေါ်လာတတ်တာ မျိုးလည်း ရှိကြပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရင် အခုလိုမျိုး လိုဏ်ဂူတွေဟာ လူသားတွေရဲ့ အသိစိတ်အပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မှုရှိနေပါတယ်။

ကဲ ဒါဆိုရင် ကမ္ဘာပေါ်က အနက်အရှိုင်းဆုံး လိုဏ်ဂူ ၁၀ အခုအကြောင်းကို သိချင်ကြမယ်ထင်ပါတယ်။ အခုဖော်ပြမယ့် လိုဏ်ဂူတွေရဲ့ နက်ရှိုင်းမှုကို အပြည့်အဝ ဖော်ထုတ် တိုင်းတာနိုင်တာမျိုး။ ပြောရရင် လိုဏ်ဂူရဲ့ အဆုံးသတ်ကို ရှာဖွေ နိုင်တာမျိုး မရှိသေးပါဘူး။ တချို့ လိုဏ်ဂူတွေဆိုရင် ခန့်မှန်းထားတာထက်ကို ပိုပြီးတော့ နက်ရှိုင်းကောင်း နက်ရှိုင်း နိုင်ပါတယ်။

(၁၀) Cehi လှိုဏ်ဂူ

ဒီလိုဏ်ဂူကတော့ ဆလိုဗေးနီးယားနိုင်ငံမှာ တည်ရှိပြီး နိုင်ငံတွင်းမှာ ရှိတဲ့ အနက်ရှိုင်းဆုံး လိုဏ်ဂူလည်း ဖြစ်ပြီး အမှောင်ထဲမှာ နက်ရှိုင်းမှုက ပေ ၄၉၈၂ တောင်ရှိပါတယ်။ အဲဒီအလျားက ဘာနဲ့ တူလဲဆိုတော့ အရပ် ၆ ပေရှိတဲ့ လူ ၈၂၂ ယောက်ကို တယောက်အပေါ်တယောက်ထပ်စီလိုက်ရင်ရမယ့် အရှည်နဲ့ တူညီပါတယ်။ တခုထူခြားတာက လိုဏ်ဂူဟာ အခုလိုမျိုး ခန့်မှန်းထားတာထက် ပိုရှည်ကောင်းရှည်နိုင်ပါတယ်။

(၉) Sima de la Cornisa လှိုဏ်ဂူ

ဒါကတော့ စပိန်နိုင်ငံမှာရှိတဲ့ Picos de Europa တောင်တန်းမှာရှိတဲ့ လိုဏ်ဂူဖြစ်ပါတယ်။ ကမ္ဘာပေါ်က လိုဏ်ဂူတွေထဲ ဝင်ရောက်ရှာဖွေရတာ စိတ်ဝင်စားသူတွေက အဖွဲ့တွေဖွဲ့ပြီး ဒီဂူထဲက သွားနိုင်တဲ့ နေရာအထိ ဆိုရင် ပေပေါင်း ၄၉၄၄ ပေ ရှိပါတယ်။ အဲဒီအရှည်ဟာ မျက်စိတဆုံးဆိုတဲ့ စကားထက်တော့ ပိုပါတယ်။

(၈) Shakta Vjacheslav Pantjukhina လှိုဏ်ဂူ

ဒီလိုဏ်ဂူကတော့ ဂျော်ဂျီယာနိုင်ငံ West Caucasus မှာ တည်ရှိပြီး အဲဒီဒေသမှာရှိတဲ့ လိုဏ်ဂူ ၄၀၀ လောက်ထဲက တခုဖြစ်ပါတယ်။ ပေပေါင်း ၄၉၄၈ ပေနက်ရှိုင်းပါတယ်။

(၇) Sarma လှိုဏ်ဂူ

ဒါကလည်း ဂျော်ဂျီယာနိုင်ငံမှာ ရှိတဲ့ လိုဏ်ဂူတခုဖြစ်ပါတယ်။ ရှာဖွေသူတွေက အနည်းဆုံး ပေပေါင်း ၅၀၆၂ ပေကို ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဂူထဲမှာရှိနေတဲ့ အလှဆုံး ဂူငယ်လေးတွေကိုလည်း ရှာဖွေဖော်ထုတ်လျက် ရှိနေပါသေးတယ်။ မကြာခင် လိုဏ်ဂူရဲ့ အနက်ကို ထပ်တိုးကြဦးမယ်လို့ ဆိုပါတယ်။

(၆) Torca del Cerro del Cuevon လှိုဏ်ဂူ

စပိန်နိုင်ငံမှာ အနက်ရှိုင်းဆုံး လိုဏ်ဂူလည်း ဖြစ်ပါတယ်။ ဂူရဲ့ နက်ရှိုင်းမှုကို နည်းပညာပိုင်းအရာ တိုင်းတာဖို့ ခက်ခဲ နေသေးတယ်လို့ ဆိုပါတယ်။ ကြမ်းတမ်းခက်ခဲတဲ့ မြေလျှိုးခရီးစဉ်ကို စိတ်ပါဝင်စားတဲ့ စွန့်စားသူတွေအတွက်တော့ ဒီလိုဏ်ဂူက စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။

(၅) Illuzia-Snezhnaja Mezhonnogo လှိုဏ်ဂူ

နည်းပညာပိုင်းဆိုရာ တိုင်းတာမှုကို ထပ်မံစိန်ခေါ်နေတာက ဂျော်ဂျီယာနိုင်ငံက Illuzia-Snezhnaja-Mezhonnogo ဂူပဲ ဖြစ်ပါတယ်။ ဒီဂူရဲ့ စနစ်က ကြီးမားပြီး Western Caucasus မှာပဲ တည်ရှိပါတယ်။ အမြင်အာရုံ မှောက်မှားခြင်းနဲ့ နှင်းဖုံးလွှမ်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ ဒီလိုဏ်ဂူဟာ ပေပေါင်း ၅၇၅၁ ပေ နက်ရှိုင်းပါတယ်။

(၄) Vogelshacht and the Lamprechtsofen လှိုဏ်ဂူ

သြစတြီးယားနိုင်ငံမှာရှိတဲ့ Vogelshacht နဲ့ လိုဏ်ဂူဆက်ကြောင်း ဖြစ်ပါတယ်။ အရမ်းကိုကြီးမားလွန်းလို့ တူးဖော် လေ့လာသူတွေက ဆက်လက်ရှာဖွေ စူးစမ်းလျက် ရှိနေပါသေးတယ်။ အနည်းဆုံး ပေပေါင်း ၅၃၅၄ ပေ နက်ရှိုင်းပေမယ့် အဲဒီထက်ပိုပြီး နက်ရှိုင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

(၃) Gouffre Mirolda လှိုဏ်ဂူ

ကမ္ဘာပေါ်မှာရှိတဲ့ “အနက်ရှိုင်းဆုံးလိုဏ်ဂူ” လို့ အချိန်တော်တော်ကြာ သတ်မှတ်ခံထားရတဲ့ ဂူဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ရှိပါတယ်။ ကမ္ဘာမြေအနက် ပေ ၅၆၈၅ ရှိပါတယ်။ အနက်ဆုံးလိုဏ်ဂူ အဖြစ် သတ်မှတ်ခံထားရရုံသာမက အနက် ၁ ကီလိုမီတာလောက် အထိ ရှာဖွေတွေ့ရှိထားတဲ့ ပထမဆုံး ဂူ ဖြစ်ပါတယ်။

(၂) Reseau Jean Bernard လှိုဏ်ဂူ

ဒါကတော့ ပြင်သစ်နိုင်ငံ Alps တောင်တန်းတွေမှာရှိတဲ့ အခြားလိုဏ်ဂူတခုလည်း ဖြစ်ပါတယ်။ အနည်းဆုံး ပေပေါင်း ၅၂၅၆ ပေ နက်ရှိုင်းပါတယ်။ ဂူုထဲကို ဝင်ဖို့ ဝင်ပေါက် ၈ ခုကျော်လောက်ရှိပါတယ်။ ဆက်လက်လည်း ရှာဖွေတွေ့ရှိနေဆဲလို့လည်း ဆိုပါတယ်။ ၁၉၈၀ ခုနှစ်အထိ ရှာဖွေတွေ့ရှိထားတဲ့ ကမ္ဘာ့အနက်ရှိုင်းဆုံး လိုဏ်ဂူ လည်းဖြစ်ပါတယ်။

(၁) Krubera-Voronja Cave

အခုလိုဏ်ဂူကတော့ ကမ္ဘာပေါ်မှာ တွေ့ရှိထားသမျှထဲမှာ အနက်ရှိုင်းဆုံးဖြစ်ပြီး ကမ္ဘာ့အတွင်းပိုင်းဝင်ပေါက်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ ဂျော်ဂျီယာနိုင်ငံ Abkhazia ဒေသက Arabika Massif တောင်မှာ တည်ရှိပါတယ်။ ကမ္ဘာ့မြေ အနက် ၂ ကီလိုမီတာလောက် စံချိန်တင်လောက် နက်ရှိုင်းပါတယ်။ အနည်းဆုံး ပေပေါင်း ၇၁၈၈ ပေ နက်ရှိုင်း ပါတယ်။ နောက်ထပ် ရှာဖွေတွေ့ရှိထားတဲ့အထဲမှာလည်း ဒီထက်နက်ရှိုင်းတာ တွေ့ရှိလာနိုင်တဲ့အတွက် တချိန်မှာလည်း ဒီဂူဟာ အနက်ရှိုင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ရနိုင်ဖွယ် ရှိနေပါတယ်။

Ref: conservationinstitute

မစ်ကီ
Irrawaddy Burmese

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!