ရေးသားသူ – ခင်မေသစ်
၁။ Turnip rock, Michiganz
အမေရိကန် ပြည်ထောင်စု မီချီကန်နယ် ပို့အော်စတင်ဒေသအနီး မှာ ထူးထူးဆန်းဆန်း ဖြစ်ပေါ်နေတဲ့ ရှုခင်းကလေးပေါ့။နတ်များဖန်ဆင်းထားတာထက်တောင် ပိုမယ်ထင်ပါတယ်။သူတို့ အနောက်တိုင်း အခေါ် အဝေါ်ကတော့ မုံလာဥဖြူ ကျောက်တုံး တဲ့။ သင်ဘယ်လိုထင်ပါသလဲ။ အမေရိကန် ခရီးသွားDon Price(jr) ပြောတာက ကျွန်တော် အော်စတင် ဆိပ်ကမ်းကို ရောက်စဉ်က ရှုခင်းတွေအကြောင်း မိတ်ဆွေ တွေနဲ့ စကားပြောဖြစ်ခဲ့ကြရာက Turnip Rock အကြောင်း ရောက်သွားတယ်ဗျ။ဒါနဲ့ ကျွန်တော် အော်စတင် ဆိပ်ကမ်းကနေ မနက် ၃း၄၅ မိနစ်မှာ ကယပ်လှေတစင်းနဲ့ ထွက်လာလိုက်တာ နေရောင်မလာခင် ၄း၃၀မှာ ရောက်ပါရော။ကျွန်တော်ဗျာ နေရာတော်တော်များများ ရောက်ခဲ့ပြီးပါပြီ ။ဒီလောက် ဆန်းကျယ်လှပတဲ့ နေရာမျိုးကို မတွေ့ခဲ့ရပါဘူး။အံ့ဖွယ်ရှုခင်းပါပဲ။ တဲ့။
၂။ Multnomah Falls. Oregon
ဒါက အမေရိကန်ပြည်ထောင်စု ကိုလံဘီယာ ဒေသ က ဂျော့ဂျ်မြစ် နဘေး အော်ရီဂွန်ရေတံခွန်ကြီးလို့ပဲ ဆိုပါစို့။ကုန်းမြင့်ပိုင်း ရဲ့ ကိုလံဘီယာမြစ် သမိုင်းစဉ်တလျှောက် အရှိန်အဝါကြီးမား ကျော်ဇော လှတဲ့နေရာတွေပါ။
ပေအားဖြင့် 620 ft (189m)ရှည်လျားပြီး အော်ရီဂွန်ဒေသမှာတော့ အရှည်ဆုံး ရေတံခွန်ကြီးပေ့ါ့။World Waterfall Databaseအရ သိရှိရတာကတော့ အမေရိကန်ပြည်ထောင်စုမှာ ၁၃၇ခုမြောက် အရှည်ဆုံးရေတံခွန်ကြီး စာရင်းဝင် ဖြစ်တယ်လို့ ဆိုပါတယ်။United States forest Service က သစ်တောဝန်ထမ်းတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက် အရှည်ဆုံး ရေတံခွန်ကြီးပါ လို့ မှတ်တမ်းတင်ထားတယ် တဲ့။
၃။ Normandy , France
နော်မန်ဒီ ကမ်းခြေက လှိုဏ်ပေါက် လို့ ပြောရမလား သဘာဝအလျှောက် ဖြစ်တည်ပေါ်ပေါက်နေတဲ့ ကျောက်ဆောင်ကြီးပါ။ နော်မန်ဒီကမ်းခြေကို သင်သိပါတယ်နော်။၁၉၄၄ခု ဇွန်လ ၆ရက် နေ့မှာ မဟာမိတ် တပ်ပေါင်းစုက နာဇီတွေကို နှင်ထုတ်ဖို့ နော်မန်ဒီကမ်းခြေကနေ အပြီးသတ် ထိုးစစ်ဆင် ကမ်းတက် တိုက်ခိုက်ခဲ့ရာမှာ အောင်ပွဲ ရခဲ့တယ်လေ။ ပြင်သစ်တွေက လူလည်းလှသလို ရှုမျှော်ခင်းတွေကလည်း ဘယ်နေရာ ဘယ်ဒေသကိုပဲ ကြည့်ကြည့် သိပ်လှသတဲ့။ နော်မန်ဒီဆိုတာက သိပ်လှတဲ့ နေရာပါ။ရှုခင်းရှုကွက်တွေက အံ့မခန်းပေါများတဲ့ ဒေသပေါ့။
၄။ Olymic National Park is located in the U.S State of Washington
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အတွင်း တည်ရှိနေတဲ့ အိုလံပစ်အမျိုးသားဥယျာဥၤကြီးပါ။နေ့စဉ် လူပေါင်း သောင်းကျော် ဝင်ရောက်နားနေ ခိုလှုံ အပန်းဖြေ ကြသတဲ့။ပြာလဲ့နေတဲ့ ရေကန်ကလေးရယ် စိမ်းမြမြ ပန်းခင်းကလေးမှာ အဖြူရောင် ဇာပန်းပွင့်ကလေးတွေရယ် ပြန့်ကြဲနေပုံက ကဗျာဆန်နေတယ်။ တိမ်တွေ ပြေးနေပုံက ညိုတိုတို ဖြူတူတူ တောင်ကြီးကို နှုတ်ဆက်ထွက်ခွာနေသလိုလို။
၅။ Charlston,south Carolina
အမေရိကန် ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ်က ချားလ်စတန် ပန်းခြံပါ။နှစ်သန်းနဲ့ချီ တည်ရှိလာတဲ့ သစ်ပင်ကြီးတွေဆိုတော့လှိုဏ်ဂူကြီးများသဖွယ် တည်ရှိနေပါတယ်။ (အသက်ကြီးလို့ ခါးကုန်းသွားတာများလားမသိ ) ဆန်းကျယ်လိုက်တာလို့ အံ့သြယူရမှာပါ။သဘာ၀ ပန်းချီကားတချပ်ဟာ လူတွေ နတ်တွေ ဖန်ဆင်းတာထက် သာတယ်လို့ ဆိုရလိမ့်မယ်။
၆။ Pongua Falls, Vietnam
ဗီယက်နမ်နိုင်ငံက ပွန်ဂွါ ရေတံခွန်ကြီးပါ။ ဗုဒ္ဓရဟန်းတော်များ ရေကသိုဏ်းရှုတဲ့ နေရာတွေပေါ။့ အဆင့် ဆင့် အထပ်ထပ် အလွှာ အလွှာ ရေတံခွန် များပေါ်မှာ ကျက်စားနေထိုင် ကျင့်ကြံအားထုတ်နေတာ တကယ့်ကို အားကျစရာကြီးပါပဲ။ အမြင့်ပေ ၁၃၁ပေရှိတဲ့ ရေတံခွန်ကြီးဖြစ်ပါတယ်။
၇။ Ice Canyon ,Greenland
ဂရင်းလန်ကျွန်းက ရေခဲချောက်ကြီးပါ ။ တကယ့်ကို မီဂါ့မီဂါ ချောက်ကြီးပါဗျာ လို့ တက္ကသိုလ်သိပ္ပံဆရာကြီးတွေက တညီတညွှတ်တည်း အတည်ပြု ပြောကြားပါတယ်။ မိုင်အားဖြင့်၄၄၆၊ကီလိုမီတာအားဖြင့် ၇၅၀ကျော်ရှည်ပြီး အနက်က မီတာ ၈၀၀ (၂၆၀၀ပေ) အကျယ်က ၁၀ကီလိုမီတာ (၆မိုင်) ရှိပါသတဲ့။ Vပုံသဏ္ဍာန် နံရံများရှိပြီး အောက်ခြေ ပြားပြားမှာ လျိုချပ်မြောင်တွေ ထွင်းထုထားသလို ရေခဲတွေ မြှုပ်နှံထားသလို တွေ့နေရတယ်လို့ ကမ္ဘာ့ သိပ္ပံဆရာကြီးများက ပြောဆိုပါတယ်။
၈။ Keukenhof Gardens, Netherland
ဟော်လန်နိုင်ငံ( နယ်သာလန်)က စပါယ်ရှယ် ဥယျာဉ်ကြီးပါ ။ဟော်လန်အမျိုးသားတို့ရဲ့ အမှတ်သင်္ကေတလို့ ဆိုနိုင်ပါတယ်။ပန်းပွင့် ပန်းဖူး ပန်းငုံတွေ အစုအပြုံလိုက် လှပစွာ မွန်းမံ တည်ဆောက်ထားတာပါ။ကူကင်ဟော့ဖ် ပန်းခြံ လို့ ခေါ်ပါတယ်။
၉။ Morondava,Madagascar
တောင်အာဖရိကအနီး အိန္ဒိယ သမုဒ္ဒရာအတွင်းက မာဒဂါစကားကျွန်း ရှိ မိုရွန်ဒါဗါ မြို့တော်ဟာ အလှအပတွေ ပေါင်းစုထားတဲ့ ကျွန်းနိုင်ငံ ဖြစ်ပါသတဲ့။မိုရွန်ဒါဗါမြစ်ဝှမ်းဒေသ ဟာ UNESCO အဖွဲ့ က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ် စံထားခဲ့တာပါ။ပုံမှာမြင်တွေ့ရသလို ဘယ်မှာမှ မမြင်တွေ့ရနိုင်တဲ့ ပုံသဏ္ဍာန်မျိုးနဲ့ အပင်တွေက ထူးထူးဆန်းဆန်း ရှင်သန် ဖြစ်ထွန်းနေတာပါ။မိုရွန်ဒါဗါ မြောက်ဘက် ကီလိုမီတာ ၁၅၀ကျယ်ဝန်းတဲ့ ဒေသမှာ တည်ရှိနေတာပါ။ကမ္ဘာကျော် ဂျိန်းဘွန်းရုပ်ရှင်ကားများ သွားရောက်ရိုက်ကူးခဲ့ရတဲ့ နေရာတွေပေါ့။
၁၀။ Cypress Gardens,Express Treem
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် winter Haven အနီး မှာရှိတဲ့ ကမ္ဘာကျော် ရုက္ခဗေဒ ဥယျာဉ်ကြီးပေါ့။ဆိုက်ပရပ် ပန်းခြံ ဆိုပါစို့။၁၉၃၆ခုနှစ်ဇန်နဝါရီလက စတင်ဖွင့်လှစ်ခဲ့တာပါ။ DickPope နဲ့ သူရဲ့ ဇနီး ဂျူလီတို့ က စိုက်ပျိုး ခဲ့တာပါ။နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် ယခုအခါ ဖလော်ရီဒါ ပြည်နယ်ရဲ့ ဆွဲဆောင်နိုင်မှု အားအကောင်းဆုံး နေရာဒေသ တခုဖြစ်နေပါပြီ။ရေလွှာ နှင်းလျောစီးပြခန်းများနဲ့ နာမည်ကျော် လူကြိုက်အများဆုံး ပန်းခြံကြီးပါပဲ။
Refer: Top Dreamer Mag: 32 Wonderful places and Landscapes 0nly for your eyes
ခင်မေသစ်
Living Fashion Magazine
Phyo Phyo My-World Blog