Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က ဆန်းပြားလှပတဲ့ သစ်ပင်ဥမင် ၉ ခု

by Thutamm
August 20, 2020
Reading Time: 2min read
0
ကမ္ဘာပေါ်က ဆန်းပြားလှပတဲ့ သစ်ပင်ဥမင် ၉ ခု
Share on FacebookShare on Twitter

Via : My World – PhyoPhyo

ကမ္ဘာကြီးဟာ သိပ်ကိုမှ ဆန်းကြယ်ပါတယ်။ ရုက္ခဗေဒပညာဟာလည်း လူတို့ လေ့လာလိုက်စားလို့မကုန်နိုင်ပါဘူး။ သစ်ပင်တွေဟာလည်း ထူးဆန်းနေတယ်။ အိမ်မက်ဆန်နေတယ်။ ကြည့်ပါဦး။ ဟောဒီမှာ။ ဥမင် လှိုဏ်ခေါင်းတွေလိုလို လျိုကြီးတွေလိုလို နွားလှည်း ပေါင်းမိုးဂုံးကြီးတွေ လိုလို လှလည်းလှ အံ့သြဖို့လည်းကောင်းတဲ့ ဥမင် သစ်ပင်ကြီးတွေ မင်းမူ ရှင် သန် ပေါက်ရောက်ရာ မှာ သင် လမ်းမလျှောက်ချင်ဘူးလား။ စာဖတ်သူများ စိတ်ဝင်စားမလားလို့ Florist က ဖော်ပြပေးလိုက်ချင်တယ်။

1. Wisteria Tunnel, Japan

လှလည်းလှ အရိပ် လည်းရ တဒင်္ဂ ခိုနားစရာလည်းရ ဘယ်လောက် ကောင်းသလဲ။ ကြည့်ပါ။ အဖြူတစ်ကန့် ခရမ်းရောင် တစ်ကန့် ရောနှော ပွင့်လေ့ ရှိတဲ့ ဂျပန် နိုင်ငံက Wisteria ပဲနွယ်ပန်းပင်ကြီး တွေပါ။ တစ်ပင်နဲ့ တစ်ပင် ပေါင်းမိုးလို ကူးလူး ယှက်ဖြာပြီးလူသားတွေကို ကြည်နူးမှုု ပျော်ရွှင် ချမ်းမြေ့မှုတွေ အံ့သြမှုတွေ ဖြစ်စေဖို့ တပါတည်းဖေါ်ထုတ်ပြသ ပေးနေတယ်။ ဒါဟာ ခဏပန်းအလှ မဟုတ်ပါဘူး။ ကမ္ဘာမြေပေါ်မှာ သက်တမ်းအရှည်ဆုံး ပွင့်တဲ့ ပန်းနွယ်ပင် တမျိုးလို့ဆိုပါတယ်။ သဘာဝဘေးဥပါဒ် အန္တရာယ်ကိုလည်း ကာကွယ် ခုခံ ပေးထားခြင်းဖြစ်တယ် တဲ့။

ဖန်လုံအိမ်မှ ထွက်ရှိတဲ့ မလိုလားအပ်သောကာဘွန်ဒိုင်အောက်ဆိုက်ငွေ့များကိုလည်း သူက ပြန်လည် စုတ်ယူ သန့်စင်စေတယ်။ လူအများဟာ အဲဒီ လျှောက်လမ်းကလေးမှာ အပျင်းပြေလမ်းလျှောက်ကြဖို့အလွန်စိတ်ဝင်တစားရှိကြပေမယ့် တချို့ကတော့ လည်း သူ့ရဲ့ကိုင်းတွေက ကွေးညွှတ်ပြီး ခြောက်လှန့်သလိုမျိုး ထင်ယောင်ကာ နည်နည်း ကြောက်စိတ်ဝင်မိပါတယ် တဲ့။ တကယ်တန်းပြောရရင် အသက်ရှူ မှားလောက်အောင်ကို လှနေတာပါ တဲ့။ ဒီလှပတဲ့ ခရမ်းရောင် ပဲနွယ် ဥမင်ကြီး Wisteria Tunnel, ဟာ ကာဝါဂျီ ဖူချီ ဂါဒင်းမှာ တည်ရှိပါတယ်။ နှစ်စဉ် ဧပြီ မေလ တို့မှာ “Wisteria Festival” ပွဲတော် ကျင်းပလေ့ ရှိသတဲ့။

2. Jacarandas Walk, Johannesburg

ဒီအပင်ဥမင် ကတော့ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နစ္စဘတ် မြို့တော် က jacarandas walk လို့ခေါ်တဲ့ လျှောက်လမ်း အပင်ဥမင်ကြီးပေါ့။ ဒီဥမင်ကိုတော့ လူတို့ ဖန်တီးဆန်းသစ်ထားတဲ့ အပင်တွေ လို့ ဆိုပါတယ်။ အမေရိကန် အပူပိုင်းဒေသ အပင်မျိုးကို ကရစ်ဘီယန် ဒေသ မှ ကူးလူး စိုက်ပျိုး ပြုပြင် ထားတာဖြစ်တယ်။

ဒါက ဟို လွန်ခဲ့တဲ့ နှစ် တရာကျော်လောက်ကတည်းကပါ တဲ့။ နှစ်စဉ် အောက်တိုဘာလဆိုရင်ထောင်နဲ့ သောင်းနဲ့ ချီတဲ့ အပင်တွေဟာ ပြွတ်သိပ် ပြည့်ကြပ် နေအောင် အဆုပ်လိုက် အခဲလိုက် ပွင့်လေ့ရှိတယ်လို့ဆိုပါတယ်။ ဂျိုဟန်နစ္စဘတ် သို့မဟုတ် ပရစ်တိုးရီးယား နဲ့ ဂျာကာရန်ဒါ မြို့တွေမှာ အံ့သြမကုန်အောင်လှတဲ့ ရှုခင်းကို သင် မြင်တွေ့နိုင်ပါတယ်။

3. Yew Tunnel, UK ယူကေနိုင်ငံက ယူး ခေါ် ကျောက်ထင်းရှူးပင် ဥမင်ကြီး

၁၈ရာစုနှစ်က Dyer family မိသားစုက စိုက်ပျိုးခဲ့တာပါ။ ယူကေ နိုင်ငံမှာတော့ ခုအချိန်ထိ တုနှိုင်းမရှိ အံ့ဖွယ် ကျောက်ထင်းရှူးပင် ဥမင် ပေါ့။ ခရီးသွားဧည့်သည်တွေကို ညှို့ယူ ဖမ်းစားနိုင်စွမ်းရှိတဲ့ အပင်တွေ ဖြစ်တယ်။သူ့ပင်စည် ကိုင်းတွေက ရှည်လာလေလေ ကိုင်းညွှတ်လာလေလေ ကိုင်းညွှတ်လာပလားဆိုရင် သူ့အလိုလို ကွေးပြီး ပေါင်းမိုးလို နွယ် ဆက် ကူးလူး သွားတော့တယ်။ အသက်အရွယ် အရ သဘာဝအလျှောက် ဖြစ်တည် နေတာမျိုးပါ။

4. Autumn Tree Tunnel, USA

ဒါကတော့ အမေရိကန် ပြည်ထောင်စု ဗါးမောင့် အရပ်ဒေသမှာ ဆောင်းဦး နွေဦးရာသီ မျိုးရောက်ရင် ပင်လုံးကျွတ် ဖူးပွင့်လေ့ ရှိတဲ့သဘာ၀ ပေါက် အပင်ဥမင်ကြီးပါပဲ။ လျှောက်လမ်းကလေး က ရှင်းရှင်း ကလေးနှင့် လင်းသန့်နေတယ်။ အကွေ့အကောက် သိပ်မရှိပဲ ဖြောင့်ဖြူးနေတယ်။ ဟိုဘက် ဒီဘက် ယှက်ဖြာ အုပ်မိုးနေပုံ က ကြည်နူးစရာပါ။ ခြောက်လှန့်မှု မရှိတဲ့ တိတ်ဆိတ်အေးငြိမ်းမှု ကို သင် ပြည့်ပြည့် ၀၀ ခံစားနိုင်ပါတယ် ..တဲ့။ အံ့သြစရာပါလားနော်။

5. Ginkgo Tree Tunnel, Japan

Ginkgo Tree Tunnel, Japanသူက ဂျပန်ပြည် ဇာတိ ပေါ့။ Ginkgo Biloba treesလို့ပဲ ခေါ်ကြတယ်။ သင် ဂျပန် ရောက်ရင် လမ်းမတွေပေါ်မှာ ပန်းခြံတွေ ထဲမှာ ဥယျာဉ်ကြီးတွေမှာ ဒီအပင် တွေကို မြင်ဖူးနေမှာ ဖြစ်ပါတယ်။ တော်တော်လေးမြင့်ပါတယ်။ သက်တမ်းလည်း ရှည်ပါတယ်။ ဟီရိုရှီမား ဗုံးဒါဏ်ကြောင့် အပင်တွေ ပျက်စီးကုန်ရာမှာ ၆ပင်ပဲ ကျန်ရစ်ခဲ့တယ် လို့ ဆိုပါတယ်။ ဂျပန်တွေက အဲဒီအပင်တွေကို မျှော်လင့်ခြင်းကို သယ်ဆောင်လာသူ “bearer of hope” လို့ ခေါ်ကြတယ်။ ကြံ့ကြံ့ခံနိုင်တဲ့သတ္တိကို မွေးဖွားပေးတယ်လို့ ဂျပန်တွေက ယုံကြည်ကြတယ်။

6. The Dark Hedges, Northern Ireland

အိုင်ယာလန်မြောက်ပိုင်း က အပင် ဥမင် သို့မဟုတ် အပင် ခြုံတန်းစည်းရိုးကြီး တဲ့။ ဧည့်သည်အများအပြား ဝင်ရောက်တဲ့ တန်ဖိုးအရှိဆုံး နေရာတွေပါ။ အိုင်ယာလန်မှာတော့ အလွန် ပေါ်ပြူလာဖြစ်ပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ညှို့ခေါ် နေတဲ့ နေရာတွေပါပဲ တဲ့။ ပန်းချီဆရာတွေ လက်ထပ်ဇနီးမောင်နှံတွေ ဓါတ်ပုံရိုက်ဖို့ အများအပြား ရောက်လာကြတယ်။ စိတ်ကြိုကအဖြစ်ဆုံး နေရာပေါ့တဲ့။

7. Bamboo Path, Japan

ဒီဥမင် လမ်းကလေးကတော့ ဆာဂါနို လို့ခေါ်တဲ့ဝါးတောဥမင် လမ်းပေါ့။ အရရှိယာမ ဒေသ မှာပါ။ သမိုင်းတင်ထားရတဲ့ နာမည်ကျော် ဝါးတောပင်တွေပါ။ ဝါးပင်တွေက ရှည်ပြီး အံ့သြရလောက်အောင် စီစီရီရီနဲ့ တန်းတန်းမတ်မတ်ညီ နေပါတယ်။ Agency for Cultural Affairs က မပျက်စီးရအောင် ထိမ်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဝါးတောကို လေတိုက်တဲ့အခါများမှာ ဝါးတောာက ထွက်လာတဲ့ အသံတွေဟာ မှော်ဆရာတွေ ဖန်ဆင်းထုတ်လွှင့်နေသလားထင်မှတ်ရနိုင်ပါသေးသတဲ့။ အသံ မျိုးစုံ ထွက်ပေါ်ရာမှာ အံ့မခန်းပါပဲ။

8. Rua Goncalo de Carvalho, Brazil

ဒီ အရွက်စိမ်းဥမင်ကြီးက Porto Alegre.က စတင် ရောက်ရှိခဲ့တာပါ။ တီပူရာနာလို့ခေါ်တဲ့ ရနံ့သင်းတဲ့ သစ်နက်တမျိုးကနေ ပွားလာတာဖြစ်ပြီး လမ်းမကြီးတွေမှာ အမိုးဂုံးသဏ္ဍာန် ယှက်ဖြာပြန့်ကားရှင်သန်လာတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ၃၀ရာခိုင်နှုန်း သူက လျော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ မကြာသေးမီက စလို့ သမိုင်ရာဇဝင်မှာရော ယဉ်ကျေးမှုမှာရော စီးပွားရေး အရမှာရောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမွေ အနှစ်အဖြစ် နှင့်ရော သတ်မှတ် ထားတာ လူသိထင်ရှားခဲ့တယ်။ ဒီအပင်တွေကြောင့် ဘရာဇီးလ်မြို့တော်သူ မြို့တော်သားတွေက ကျန်းမာရေး ကောင်းတယ် သက်ရှည် ကျန်းမာကြတယ်လို့ ယုံကြည်ကြတယ်။

9. Cherry Blossom Tunnel, Germany

ဟော မီးရထားကြီး ချယ်ရီဥမင်လှိုဏ်ခေါင်း ထဲက ထွက်လာပါပြီ။ ဘယ်သူတွေ ပါလာပါသလဲ။ နေ့တိုင်း နေ့တိုင်း ရထားလေးက အဲဒီလိုပဲ ချစ်စရာကောင်းအောင်ချယ်ရီ ဥမင် ထဲက ထွက်ထွက် လာတယ်။ ဂျာမနီနိုင်ငံကချယ်ရီဖူး ချယ်ရီပွင့်ဥမင်ကြီး တွေပါ။ နွေရာသီဆိုရင် ချယ်ရီ ပန်းတွေက ဂျာမဏီမှာ ဝေဆာနေပါပြီ။ တစ်ပတ် ဆယ်ရက် အနည်းဆုံး တော့ လှနေတာပဲလေ။ ဒီအပင်တွေကို Bonn က လမ်းမကြီးတွေ နံဘေး တစ်လျှောက် ဖြန့်ပြီး အလှစိုက်ခဲ့တာပါ။ ကမ္ဘာတည်သရွေ့ အပင်ကလေးတွေ လည်း ရှင်သန် နေကြမှာပဲလေ။

Florist | Ref:The amazing Tunnel Trees | (Living Fashion Magazine)

——– —— ———

(Zawgyi)

ကမာၻေပၚက ဆန္းျပားလွပတဲ့ သစ္ပင္ဥမင္ ၉ ခု

Via : My World – PhyoPhyo

ကမာၻႀကီးဟာ သိပ္ကိုမွ ဆန္းၾကယ္ပါတယ္။ ႐ုကၡေဗဒပညာဟာလည္း လူတို႔ ေလ့လာလိုက္စားလို႔မကုန္ႏိုင္ပါဘူး။ သစ္ပင္ေတြဟာလည္း ထူးဆန္းေနတယ္။ အိမ္မက္ဆန္ေနတယ္။ ၾကည့္ပါဦး။ ေဟာဒီမွာ။ ဥမင္ လႈိဏ္ေခါင္းေတြလိုလို လ်ိဳႀကီးေတြလိုလို ႏြားလွည္း ေပါင္းမိုးဂုံးႀကီးေတြ လိုလို လွလည္းလွ အံ့ၾသဖို႔လည္းေကာင္းတဲ့ ဥမင္ သစ္ပင္ႀကီးေတြ မင္းမူ ရွင္ သန္ ေပါက္ေရာက္ရာ မွာ သင္ လမ္းမေလွ်ာက္ခ်င္ဘူးလား။ စာဖတ္သူမ်ား စိတ္ဝင္စားမလားလို႔ Florist က ေဖာ္ျပေပးလိုက္ခ်င္တယ္။

1. Wisteria Tunnel, Japan

လွလည္းလွ အရိပ္ လည္းရ တဒဂၤ ခိုနားစရာလည္းရ ဘယ္ေလာက္ ေကာင္းသလဲ။ ၾကည့္ပါ။ အျဖဴတစ္ကန႔္ ခရမ္းေရာင္ တစ္ကန္႔ ေရာေႏွာ ပြင့္ေလ့ ရွိတဲ့ ဂ်ပန္ ႏိုင္ငံက Wisteria ပဲႏြယ္ပန္းပင္ႀကီး ေတြပါ။ တစ္ပင္နဲ႔ တစ္ပင္ ေပါင္းမိုးလို ကူးလူး ယွက္ျဖာၿပီးလူသားေတြကို ၾကည္ႏူးမႈု ေပ်ာ္႐ႊင္ ခ်မ္းေျမ့မႈေတြ အံ့ၾသမႈေတြ ျဖစ္ေစဖို႔ တပါတည္းေဖၚထုတ္ျပသ ေပးေနတယ္။ ဒါဟာ ခဏပန္းအလွ မဟုတ္ပါဘူး။ ကမာၻေျမေပၚမွာ သက္တမ္းအရွည္ဆုံး ပြင့္တဲ့ ပန္းႏြယ္ပင္ တမ်ိဳးလို႔ဆိုပါတယ္။ သဘာဝေဘးဥပါဒ္ အႏၲရာယ္ကိုလည္း ကာကြယ္ ခုခံ ေပးထားျခင္းျဖစ္တယ္ တဲ့။

ဖန္လုံအိမ္မွ ထြက္ရွိတဲ့ မလိုလားအပ္ေသာကာဘြန္ဒိုင္ေအာက္ဆိုက္ေငြ႕မ်ားကိုလည္း သူက ျပန္လည္ စုတ္ယူ သန္႔စင္ေစတယ္။ လူအမ်ားဟာ အဲဒီ ေလွ်ာက္လမ္းကေလးမွာ အပ်င္းေျပလမ္းေလွ်ာက္ၾကဖို႔အလြန္စိတ္ဝင္တစားရွိၾကေပမယ့္ တခ်ိဳ႕ကေတာ့ လည္း သူ႔ရဲ႕ကိုင္းေတြက ေကြးၫႊတ္ၿပီး ေျခာက္လွန႔္သလိုမ်ိဳး ထင္ေယာင္ကာ နည္နည္း ေၾကာက္စိတ္ဝင္မိပါတယ္ တဲ့။ တကယ္တန္းေျပာရရင္ အသက္ရႉ မွားေလာက္ေအာင္ကို လွေနတာပါ တဲ့။ ဒီလွပတဲ့ ခရမ္းေရာင္ ပဲႏြယ္ ဥမင္ႀကီး Wisteria Tunnel, ဟာ ကာဝါဂ်ီ ဖူခ်ီ ဂါဒင္းမွာ တည္ရွိပါတယ္။ ႏွစ္စဥ္ ဧၿပီ ေမလ တို႔မွာ “Wisteria Festival” ပြဲေတာ္ က်င္းပေလ့ ရွိသတဲ့။

2. Jacarandas Walk, Johannesburg

ဒီအပင္ဥမင္ ကေတာ့ ေတာင္အာဖရိက ႏိုင္ငံ ဂ်ိဳဟန္နစၥဘတ္ ၿမိဳ႕ေတာ္ က jacarandas walk လို႔ေခၚတဲ့ ေလွ်ာက္လမ္း အပင္ဥမင္ႀကီးေပါ့။ ဒီဥမင္ကိုေတာ့ လူတို႔ ဖန္တီးဆန္းသစ္ထားတဲ့ အပင္ေတြ လို႔ ဆိုပါတယ္။ အေမရိကန္ အပူပိုင္းေဒသ အပင္မ်ိဳးကို ကရစ္ဘီယန္ ေဒသ မွ ကူးလူး စိုက္ပ်ိဳး ျပဳျပင္ ထားတာျဖစ္တယ္။

ဒါက ဟို လြန္ခဲ့တဲ့ ႏွစ္ တရာေက်ာ္ေလာက္ကတည္းကပါ တဲ့။ ႏွစ္စဥ္ ေအာက္တိုဘာလဆိုရင္ေထာင္နဲ႔ ေသာင္းနဲ႔ ခ်ီတဲ့ အပင္ေတြဟာ ႁပြတ္သိပ္ ျပည့္ၾကပ္ ေနေအာင္ အဆုပ္လိုက္ အခဲလိုက္ ပြင့္ေလ့ရွိတယ္လို႔ဆိုပါတယ္။ ဂ်ိဳဟန္နစၥဘတ္ သို႔မဟုတ္ ပရစ္တိုးရီးယား နဲ႔ ဂ်ာကာရန္ဒါ ၿမိဳ႕ေတြမွာ အံ့ၾသမကုန္ေအာင္လွတဲ့ ရႈခင္းကို သင္ ျမင္ေတြ႕ႏိုင္ပါတယ္။

3. Yew Tunnel, UK ယူေကႏိုင္ငံက ယူး ေခၚ ေက်ာက္ထင္းရႉးပင္ ဥမင္ႀကီး

၁၈ရာစုႏွစ္က Dyer family မိသားစုက စိုက္ပ်ိဳးခဲ့တာပါ။ ယူေက ႏိုင္ငံမွာေတာ့ ခုအခ်ိန္ထိ တုႏႈိင္းမရွိ အံ့ဖြယ္ ေက်ာက္ထင္းရႉးပင္ ဥမင္ ေပါ့။ ခရီးသြားဧည့္သည္ေတြကို ညႇိဳ႕ယူ ဖမ္းစားႏိုင္စြမ္းရွိတဲ့ အပင္ေတြ ျဖစ္တယ္။သူ႔ပင္စည္ ကိုင္းေတြက ရွည္လာေလေလ ကိုင္းၫႊတ္လာေလေလ ကိုင္းၫႊတ္လာပလားဆိုရင္ သူ႔အလိုလို ေကြးၿပီး ေပါင္းမိုးလို ႏြယ္ ဆက္ ကူးလူး သြားေတာ့တယ္။ အသက္အ႐ြယ္ အရ သဘာဝအေလွ်ာက္ ျဖစ္တည္ ေနတာမ်ိဳးပါ။

4. Autumn Tree Tunnel, USA

ဒါကေတာ့ အေမရိကန္ ျပည္ေထာင္စု ဗါးေမာင့္ အရပ္ေဒသမွာ ေဆာင္းဦး ေႏြဦးရာသီ မ်ိဳးေရာက္ရင္ ပင္လုံးကြၽတ္ ဖူးပြင့္ေလ့ ရွိတဲ့သဘာ၀ ေပါက္ အပင္ဥမင္ႀကီးပါပဲ။ ေလွ်ာက္လမ္းကေလး က ရွင္းရွင္း ကေလးႏွင့္ လင္းသန္႔ေနတယ္။ အေကြ႕အေကာက္ သိပ္မရွိပဲ ေျဖာင့္ျဖဴးေနတယ္။ ဟိုဘက္ ဒီဘက္ ယွက္ျဖာ အုပ္မိုးေနပုံ က ၾကည္ႏူးစရာပါ။ ေျခာက္လွန႔္မႈ မရွိတဲ့ တိတ္ဆိတ္ေအးၿငိမ္းမႈ ကို သင္ ျပည့္ျပည့္ ၀၀ ခံစားႏိုင္ပါတယ္ ..တဲ့။ အံ့ၾသစရာပါလားေနာ္။

5. Ginkgo Tree Tunnel, Japan

Ginkgo Tree Tunnel, Japanသူက ဂ်ပန္ျပည္ ဇာတိ ေပါ့။ Ginkgo Biloba treesလို႔ပဲ ေခၚၾကတယ္။ သင္ ဂ်ပန္ ေရာက္ရင္ လမ္းမေတြေပၚမွာ ပန္းၿခံေတြ ထဲမွာ ဥယ်ာဥ္ႀကီးေတြမွာ ဒီအပင္ ေတြကို ျမင္ဖူးေနမွာ ျဖစ္ပါတယ္။ ေတာ္ေတာ္ေလးျမင့္ပါတယ္။ သက္တမ္းလည္း ရွည္ပါတယ္။ ဟီ႐ိုရွီမား ဗုံးဒါဏ္ေၾကာင့္ အပင္ေတြ ပ်က္စီးကုန္ရာမွာ ၆ပင္ပဲ က်န္ရစ္ခဲ့တယ္ လို႔ ဆိုပါတယ္။ ဂ်ပန္ေတြက အဲဒီအပင္ေတြကို ေမွ်ာ္လင့္ျခင္းကို သယ္ေဆာင္လာသူ “bearer of hope” လို႔ ေခၚၾကတယ္။ ႀကံ့ႀကံ့ခံႏိုင္တဲ့သတၱိကို ေမြးဖြားေပးတယ္လို႔ ဂ်ပန္ေတြက ယုံၾကည္ၾကတယ္။

6. The Dark Hedges, Northern Ireland

အိုင္ယာလန္ေျမာက္ပိုင္း က အပင္ ဥမင္ သို႔မဟုတ္ အပင္ ၿခဳံတန္းစည္း႐ိုးႀကီး တဲ့။ ဧည့္သည္အမ်ားအျပား ဝင္ေရာက္တဲ့ တန္ဖိုးအရွိဆုံး ေနရာေတြပါ။ အိုင္ယာလန္မွာေတာ့ အလြန္ ေပၚျပဴလာျဖစ္ၿပီး ခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္ညႇိဳ႕ေခၚ ေနတဲ့ ေနရာေတြပါပဲ တဲ့။ ပန္းခ်ီဆရာေတြ လက္ထပ္ဇနီးေမာင္ႏွံေတြ ဓါတ္ပုံ႐ိုက္ဖို႔ အမ်ားအျပား ေရာက္လာၾကတယ္။ စိတ္ႀကိဳကအျဖစ္ဆုံး ေနရာေပါ့တဲ့။

7. Bamboo Path, Japan

ဒီဥမင္ လမ္းကေလးကေတာ့ ဆာဂါႏို လို႔ေခၚတဲ့ဝါးေတာဥမင္ လမ္းေပါ့။ အရရွိယာမ ေဒသ မွာပါ။ သမိုင္းတင္ထားရတဲ့ နာမည္ေက်ာ္ ဝါးေတာပင္ေတြပါ။ ဝါးပင္ေတြက ရွည္ၿပီး အံ့ၾသရေလာက္ေအာင္ စီစီရီရီနဲ႔ တန္းတန္းမတ္မတ္ညီ ေနပါတယ္။ Agency for Cultural Affairs က မပ်က္စီးရေအာင္ ထိမ္းသိမ္းေစာင့္ေရွာက္ထားပါတယ္။ ဝါးေတာကို ေလတိုက္တဲ့အခါမ်ားမွာ ဝါးေတာာက ထြက္လာတဲ့ အသံေတြဟာ ေမွာ္ဆရာေတြ ဖန္ဆင္းထုတ္လႊင့္ေနသလားထင္မွတ္ရႏိုင္ပါေသးသတဲ့။ အသံ မ်ိဳးစုံ ထြက္ေပၚရာမွာ အံ့မခန္းပါပဲ။

8. Rua Goncalo de Carvalho, Brazil

ဒီ အ႐ြက္စိမ္းဥမင္ႀကီးက Porto Alegre.က စတင္ ေရာက္ရွိခဲ့တာပါ။ တီပူရာနာလို႔ေခၚတဲ့ ရနံ႔သင္းတဲ့ သစ္နက္တမ်ိဳးကေန ပြားလာတာျဖစ္ၿပီး လမ္းမႀကီးေတြမွာ အမိုးဂုံးသ႑ာန္ ယွက္ျဖာျပန႔္ကားရွင္သန္လာတယ္။ ပတ္ဝန္းက်င္ ညစ္ညမ္းမႈကို ၃၀ရာခိုင္ႏႈန္း သူက ေလ်ာ့ခ်ေပးႏိုင္တယ္လို႔ဆိုပါတယ္။ မၾကာေသးမီက စလို႔ သမိုင္ရာဇဝင္မွာေရာ ယဥ္ေက်းမႈမွာေရာ စီးပြားေရး အရမွာေရာသဘာဝပတ္ဝန္းက်င္ဆိုင္ရာ အေမြ အႏွစ္အျဖစ္ ႏွင့္ေရာ သတ္မွတ္ ထားတာ လူသိထင္ရွားခဲ့တယ္။ ဒီအပင္ေတြေၾကာင့္ ဘရာဇီးလ္ၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားေတြက က်န္းမာေရး ေကာင္းတယ္ သက္ရွည္ က်န္းမာၾကတယ္လို႔ ယုံၾကည္ၾကတယ္။

9. Cherry Blossom Tunnel, Germany

ေဟာ မီးရထားႀကီး ခ်ယ္ရီဥမင္လႈိဏ္ေခါင္း ထဲက ထြက္လာပါၿပီ။ ဘယ္သူေတြ ပါလာပါသလဲ။ ေန႔တိုင္း ေန႔တိုင္း ရထားေလးက အဲဒီလိုပဲ ခ်စ္စရာေကာင္းေအာင္ခ်ယ္ရီ ဥမင္ ထဲက ထြက္ထြက္ လာတယ္။ ဂ်ာမနီႏိုင္ငံကခ်ယ္ရီဖူး ခ်ယ္ရီပြင့္ဥမင္ႀကီး ေတြပါ။ ေႏြရာသီဆိုရင္ ခ်ယ္ရီ ပန္းေတြက ဂ်ာမဏီမွာ ေဝဆာေနပါၿပီ။ တစ္ပတ္ ဆယ္ရက္ အနည္းဆုံး ေတာ့ လွေနတာပဲေလ။ ဒီအပင္ေတြကို Bonn က လမ္းမႀကီးေတြ နံေဘး တစ္ေလွ်ာက္ ျဖန္႔ၿပီး အလွစိုက္ခဲ့တာပါ။ ကမာၻတည္သေ႐ြ႕ အပင္ကေလးေတြ လည္း ရွင္သန္ ေနၾကမွာပဲေလ။

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!