ကမ္ဘာကျော် နိုင်းမြစ်အကြောင်း သိကောင်းစရာ

Posted on

ရှေးခေတ်အီဂျစ်သမိုင်းတွေမှာ နိုင်းမြစ်ဟာ မပါမဖြစ်ဆိုတာ အားလုံးသိပြီးဖြစ်ကြမှာပါ။ အီဂျစ်သမိုင်းတွေဖြစ်လာဖို့ နိုင်းမြစ် က အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုဟာ နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုက စတယ် ဆိုရင်လည်းမမှားပါဘူး။ အခုနိုင်းမြစ်နဲ့ ပတ်သတ်တဲ့အချက်ကလေး တချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ် 🙂

နိုင်းမြစ်ဟာ မိုင်ပေါင်း ၄၂၅၈မိုင်ရှည်လျားပြီး ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့အရှည်ဆုံးမြစ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ခုနှစ် ဘရာဇီးသိပ္ပံပညာရှင်တွေရဲ့ ကွင်းဆင်းတိုင်းတာချက်အရ အမေဇုန်မြစ်ဟာ နိုင်းမြစ်ထက် ၆၅မိုင် ပိုရှည်ကြောင်းသိခဲ့ရပြီးတဲ့နောက် နိုင်းမြစ်ဟာ ကမ္ဘာ့ဒုတိယအရှည်ဆုံးမြစ် ဖြစ်သွားခဲ့ပါတယ်။ အာဖရိက တိုင်မှာတည်ရှိပြီး ကင်ညာ ၊ ကွန်ဂို ၊ အရီတြီးယား ၊ ဘာရမ်ဒီ ၊ ယူဂန်ဒါ ၊ တန်ဇန်းနီးယား ၊ ယုဝမ်ဒါ ၊ အီဂျစ် ၊ ဆူဒန် ၊ အီသီယိုးပီးယား စတဲ့နိုင်ငံများကို ဖြတ်သန်းစီးဆင်းပါတယ်။

အီဂျစ်ယဉ်ကျေးမှုဖြစ်ပေါ်စေဖို့ ကြီးစွာအထောက်အပံ့ပြုခဲ့ပြီး လူဇာ နဲ့ ကိုင်ရိုလိုမြို့ကြီးတွေအပါအဝင် ရှေးဟောင်းအီဂျစ်မြို့ဟောင်းအများစု ဟာ နိုင်းမြစ်ကမ်းပေါ်မှ တည်ရှိပါတယ်။ နိုင်းမြစ်မှာ နိုင်းမြစ်ပြာ နဲ့ နိုင်းမြစ်ဖြူ ဟု မြစ်နှစ်သွယ်ရှိပါတယ်။ နိုင်းမြစ်ပြာဟာ အက်ဗီးဆီးနီးယန်း တောင်တန်း တွေကနေ မြစ်ဖျားခံပြီး နိုင်းမြစ်ဖြူကတော့ ဝိုတိုရိယ၊ အဲလ်ဘတ် ၊ အက်ဒွပ် အိုင်တွေ၌ မြစ်ဖျားခံပါတယ်။ သဲကန္တာရကို ဖြတ်သန်းစီးဆင်းရတာကြောင့် မြစ်ကြောင်းတဖြည်းဖြည်းကျဉ်းလာပြီး ကိုင်ရိုမြို့အနီးရောက်တဲ့အခါ ပေ ၃၀၀ ခန့််တောင်မကျယ်တော့ပါဘူး။ အီဂျစ်ကိုဖြတ်သန်းပြီးနောက် ရေကြောင်းနှစ်သွယ်ဖြစ်လျှက် မြေထဲပင်လယ်ထဲကို စီးဝင်သွားပါတယ်။
နိုင်းမြစ်ဝှမ်းဟာ စိုက်ပျိုးရေးအတွက် ကမ္ဘာ့အကောင်းဆုံးမြေသြဇာရှိရာဒေသများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဘီစီ ၅၀၀၀ ခန့်ကပင် ရှေးခေတ်အီဂျစ်လယ်သမားတို့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပါတယ်။

ရှေးခေတ်အီဂျစ်တွေဟာ နိုင်းမြစ်ကို နေရာသုံးမျိုးမှာ သုံးခဲ့ပါတယ်။
– မြစ်ကြောင်းတလျှောက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး
– ရေသွင်းစိုက်ပျိုးရေး
– မြစ်ကမ်းမှ ရွှံ့များဖြင့် အဆောက်အအုံများဆောက်လုပ်ခြင်း တို့ဖြစ်ပါတယ်။

မကြာခဏရေလွှမ်းခံရလေ့ရှိပြီး အထူးခံစားရသောဒေသမှာ အက်ဆူးဝန်မြို့မြောက်ဘက်ဝန်းကျင်ဒေသဖြစ်ပါတယ်။ နောက်ပိုင်း အက်ဆူးဝန်ဆည်ကို ဆောက်လုပ်လိုက်တဲ့အတွက် ရေလွှမ်းမိုးမှု လျှော့နည်းသွားပါတယ်။ နိုင်းမြစ်ကြောင်းတလျှောက်မှာ တိရစ္ဆာန်မျိုးစုံကိုတွေ့ရတတ်ပါတယ်။ အများစုကတော့ ငါးတွေ ၊ လိပ်တွေ ၊ ပုတ်သင်ညို ၊ ရေမြင်း ၊ မိကျောင်း နဲ့ မြွေမျိုးစိတ်တွေပဲဖြစ်ပါတယ်။

နိုင်းမိကျောင်းဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံးမိကျောင်းမျိုးဖြစ်ပါတယ်။ ဒီမိကျောင်းမျိုးတွေဟာ ပေ ၂၀ခန့် အထိ ရှည်လျားပြီး ပေါင် ၁၅၀၀ ဝန်းကျင်ခန့်ရှိတတ်ပါတယ်။နောက်နှစ်ပေါင်းများစွာ အကြာမှာ တဖြည်းဖြည်း ရာသီဥတပူပြင်းလာမှုကြောင့် ဒီဒေသတစ်ခုလုံးဟာ သဲကန္တာရအတိဖြစ်သွားလိမ့်မယ် လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။