အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများအတွက် ကမ္ဘာကျော်ကုမ္ပဏီကြီးတွေရဲ့ အမှတ်တံဆိပ် အဓိပ္ပါယ်တွေကို ဗဟုသုတအနေနဲ့ မျှဝေသွားပါမယ်။
Toyota
Toyota လိုဂိုရဲ့ ဘဲဥပုံစက်ဝိုင်း ၃ခုဟာ customerတွေရဲ့နှလုံးသား၊ထုတ်ကုန်တွေရဲ့နှလုံးသားနဲ့ နည်းပညာတွေရဲ့နှလုံးသား ဆိုတဲ့ နှလုံးသား၃ခုကို ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ Toyota အမှတ်တံဆိပ်ဟာ သူ့စာလုံးကို ဖော်ညွှန်းနိုင်စွမ်းရှိပါတယ်။
BMW
BMW ရဲ့ လိုဂိုဖြစ်တဲ့ အပြာရောင်နဲ့အဖြူရောင်ဟာ လေယာဉ်ပန်ကာ ကိုပုံဖော်ထားတာဖြစ်ပါတယ်။ BMW ဟာ ကားကုမ္ပဏီဖြစ်ပေမယ့် လိုဂိုက လေယာဉ်ပန်ကာ ဖြစ်နေရခြင်းအကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက BMW ဟာ ဂျာမန်အစိုးရအတွက် လေယာဉ်အင်ဂျင်တွေကို ထုတ်လုပ်ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ခဲ့လို့ပါပဲ။
Apple
နာမည်ကြီး Apple လိုဂိုကတော့ အကိုက်ခံထားရတဲ့ သစ်သီးတစ်လုံးကို ကိုယ်စားပြုပါတယ်။ ပန်းသီးကြိုက်တဲ့ စတိဂျော့ဘ်ဟာ သူ့ကုမ္ပဏီတံဆိပ်ကို Apple လို့ပေးခဲ့ပေမယ့် သူ့ရဲ့ပထမဆုံးလိုဂိုကတော့ ယနေ့ပန်းသီးကိုက်ရာပုံမဟုတ်ပဲ ရူပဗေဒပညာရှင် နယူတန် ပန်းသီးပင်အောက်မှာ ထိုင်နေတဲ့ ပုံစံဖြစ်ပါတယ်။ ဒီလိုဂိုကို ၁နှစ်သာ သုံးစွဲခဲ့ပြီးတဲ့နောက် ခေတ်မမီတော့ဘူးဟုဆိုတာ စတိဂျော့ဘ်က လိုဂိုအသစ်ကိုပြောင်းဆွဲစေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ ၁၉၇၇ခုနှစ်မှာ အရောင်တွေပါတဲ့ ပန်းသီးကိုက်ရာပါတဲ့ ပုံစံပြောင်းလဲခဲ့ပါတယ်။ အဲဒီကနေ အပြာရောင် အနက်ရောင် အကြည်ရောင် စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။
Mercedes-Benz
မာစီးဒီးရဲ့ လိုဂိုကတော့ သုံးမြှောင့်ကြယ်ပဲဖြစ်ပါတယ်။ ဒီသုံးမြှောင့်ကြယ်ရဲ့ အစွန်းသုံးခုဟာမြေကြီး၊ ပင်လယ်နဲ့ လေ ကိုကိုယ်စားပြုပါတယ်။သဘောကတော့ သူတို့ကုမ္ပဏီရဲ့တံဆိပ်ဟာ နေရာတိုင်းမှာ စိုးမိုးမယ်လို့ ဆိုတာပဲဖြစ်ပါတယ်။
Google ဆိုတာ မူလနာမည် Google ကိုစာလုံးမှားပေါင်းရာကနေ ဖြစ်ပေါ်လာတဲ့နာမည်ပါ။Googol ဆိုတာက “၁”နောက်က ‘ဝ’ ပေါင်း ‘၁၀၀’ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ Google ရဲ့လိုဂိုကိုသတိထား ကြည့်မိမယ်ဆိုရင် ဝါ၊ စိမ်း၊ နီ၊ ပြာ ဆိုတဲ့အရောင်လေးရောင်ပါဝင်နေတာကိုတွေ့ရပါလိမ့်မယ်။ ဒီလို ရိုးရှင်းတဲ့စာလုံးနဲ့ ရိုးရှင်းတဲ့အရောင်တွေကို သုံးရခြင်းကတော့ သူတို့ကုမ္ပဏီဟာ အခြားကုမ္ပဏီတွေလို စည်းမျဉ်းစည်းကမ်းတွေနဲ့ ရှုပ်ထွေးမနေဘူးဆိုတဲ့သဘောပါ။
Adidas
Adidas ရဲ့ နာမည်ကိုတော့ စတင်တည်ထောင်သူ Adolf (Adi) Dassler ရဲ့ nick name adi နဲ့ Sir name das ပေါင်းပြီးဖြစ်ပေါ် လာတာပါ။ Adidas ရဲ့လိုဂို ဟာ ကြည့်လိုက်ရင် တောင်တစ်လုံးနဲ့ တူနေပါတယ်။ဒီတောင်ဟာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အတားအဆီးတွေကို ကိုယ်စားပြုထားပါတယ်။ အစပထမတုန်းကadidasရဲ့လိုဂိုအဟောင်းက မျဉ်းကြောင်း ၃ ကြောင်းကိုဒေါင်လိုက်ထောင်ထားတာဖြစ်တဲ့အတွက် အဲ့ဒီမျဉ်းကြောင်းတွေကို စောင်းလိုက်ခြင်း အားဖြင့်အခုလိုဂိုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။
NBC
နာမည်ကြီး ရုပ်သံတစ်ခုဖြစ်တဲ့ NBC ရဲ့လိုဂိုကတော့ ရောင်စုံဒေါင်းပုံစံဖြစ်ပါတယ်။ ဒေါင်းက ရောင်စုံဖြစ်နေရခြင်း အကြောင်းကတော့ ၁၉၅၀လောက်တုန်းက NBC ရဲ့ပိုင်ရှင်က RCA(Radio Corporation of America) ဖြစ်ပါတယ်။ဒီအချိန်တုန်းက RCA ဟာ တီဗီတွေကို အဖြူအမည်းကနေရောင်စုံရုပ်သံ အဖြစ်ဖန်တီးနိုင်ခဲ့တဲ့အတွက်ကြောင့် NBC လိုဂိုဟာ ရောင်စုံဖြစ်လာရပါတယ်။
Audi
ဒီနာမည်ကြီး ဂျာမန်ကားကုမ္ပဏီ ရဲ့လိုဂိုကတော့ ကွင်းလေးခု ဆက်ထားတဲ့ပုံပါ။ဒီကွင်းလေးခုဟာ ၁၉၃၂ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Auto-Union အဖွဲ့ကိုဖွဲ့စည်းတုန်းက ပါဝင်ခဲ့တဲ့DKW၊Horch၊Wanderer နဲ့ Audi စတဲ့ ကုမ္ပဏီလေးခုကို ကိုယ်စားပြုပါတယ်။
IBM
IBM ရဲ့ အရှည်ကောက်က International Business Machine ပါ။ IBM ရဲ့လိုဂိုကတော့ IBM စာလုံးပေါ်မှာ မျဉ်းဖြူတွေကို ဖြတ်ထားတဲ့ပုံပါ။ သေချာကြည့်လိုက်မယ် ဆိုရင်တော့ ညီမျှခြင်း symbol ကိုတွေ့ရမှာပါ။ဒါဟာ မျှတခြင်း ဆိုတဲ့အဓိပ္ပါယ်ကို ရည်ရွယ်ပါတယ်။
SONY
ကမ္ဘာကျော် ဂျပန်ကုမ္ပဏီကြီး SONY ရဲ့ လိုဂိုကတော့ လက်တင်ဘာသာစကား Sonus ကလာတာလို့ ဆိုပါတယ်။ Sonus အဓိပ္ပါယ် ကတော့ အသံ ပါ။ ပြီးတော့ တောက်ပခြင်း(Sunny) နဲ့ စူးရှထက်မြက်ခြင်း(Sonny) တို့ကိုလည်း ကိုယ်စားပြုပါသတဲ့။
Volkswagen
Volkswagen ရဲ့လိုဂိုကတော့ W ပေါ်မှာ V ကို ထပ်ထားတဲ့ပုံပါ။လိုဂိုက ရိုးရှင်းသလို အဓိပ္ပါယ်ကလည်း ရိုးရှင်းလှပါတယ်။V ဆိုတာ Volks ဖြစ်ပြီး W က Wagen ပဲဖြစ်ပါတယ်။ Volkswagen ရဲ့အဓိပ္ပါယ်က လူထုရဲ့ကား(people’s car) ဖြစ်ပါတယ်။
Hyundai
တောင်ကိုရီးယားက နာမည်ကြီး ကားကုမ္ပဏီကြီး Hyundai ရဲ့ လိုဂိုဟာ နာမည်ရဲ့အတိုကောက် H ကို ရေးထားတယ်လို့ လူအများစု ယူဆကြပါလိမ့်မယ်။ တကယ်တော့ H မဟုတ်ပဲ လူနှစ်ယောက် (client နဲ့ ကုမ္ပဏီ) လက်ဆွဲနှုတ်ဆက်နေတဲ့ သဏ္ဍာန်ကို ရည်ညွှန်းထားတာပါ။
Nokia
Nokia ကတော့ ဖင်လန်နိုင်ငံ Nokianvirta မြစ်ကမ်းပေါ်က မြို့လေးတစ်မြို့ဖြစ်ပါတယ်။ Nokia ကုမ္ပဏီကို တည်ထောင်သူဟာ telecom ကုမ္ပဏီကို မထူထောင်ခင်က အဲဒီမြို့လေးမှာ သစ်စက် နဲ့ ရာဘာ လုပ်ငန်းတွေကို လုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့် မြို့ရဲ့နာမည်ကိုပဲ အမှတ်တံဆိပ်အဖြစ် ပြန်ပေးထားတာပဲ ဖြစ်ပါတယ်။
Amazon
amazon လိုဂိုရဲ့ ထူးခြားချက်ကတော့ အပြုံးပုံဖြစ်နေတဲ့ မြှားကွေးလေးပါပဲ။ ဒီမြှားလေးဟာ A ကနေ Z ကို ဦးတည်ထားတာတွေ့ပါလိမ့်မယ်။ A ကနေ Z အထိရှိသမျှ ပစ္စည်းတိုင်းကို amazon မှာရရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။