Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် ရိုးရွိုက်ကား အကြောင်း

by Thutamm
August 17, 2020
Reading Time: 5min read
0
ကမ္ဘာကျော် ရိုးရွိုက်ကား အကြောင်း
Share on FacebookShare on Twitter

ရိုးရွိုက်လို့ နာမည်ကြားတာနဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံကားအမျိုးအစား တခုဆိုတာ အားလုံးကြားဖူးပြီးဖြစ်ပါလိမ့်မယ်။ Rolls-Royce ဟာ ဗြိတိန်နိုင်ငံအခြေစိုက်ဇိမ်ခံကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုချိန် မှာတော့ ဂျာမန်နာမည်ကျော်ကားထုတ်လုပ်ငန်းဖြစ်တဲ့ BMW အုပ်စုပိုင်အဖြစ်ရှိနေပါတယ်။ ရိုးရွိုက်ကုမ္ပဏီကို ၁၉၀၄ ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Rolls-Royce ဆိုတဲ့အမည်ကတော့ ပူးပေါင်းတည်ထောင်သူ နှစ်ယောက်ဖြစ်တဲ့ Charles Rolls နဲ့ Henry Royce တို့ရဲ့နာမည်တွေကနေ ရယူထားခြင်းဖြစ်ပါတယ်။ ရာစုနှစ်တစ်စုကြာပြီးနောက်မှာတော့ နည်းပညာပိုင်းဆိုင်ရာပြောင်းလဲမှုများစွာပြုလုပ်လာနိုင်ပြီး အဲဒီ ကာလက ဂုဏ်သရေရှိလူကြီးမင်းတွေ စီးနင်းဖို့အဆင်သင့်ဖြစ်လာနေပြီလို့ မသိမသာ ကြေငြာနိုင်ခဲ့ပါတယ်။ ဒီတခါ မှာမျှဝေပေးချင်တာကတော့ Rolls-Royce ကားရဲ့ သိကောင်းစရာအချက်အလက်တချို့ပဲဖြစ်ပါတယ်။

(၁) ရိုးရွိုက် ကုမ္ပဏီရဲ့ ပထမဆုံးကား

Rolls – Royce ကုမ္ပဏီရဲ့ ပထမဆုံးကားကတော့ ၁၉၀၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Rolls-Royce 10 hp ကားဖြစ်ပါတယ်။ 1800 cc twin-cylinder အင်ဂျင်ကို အသုံးပြုထားပြီး ၁နာရီကို ၃၉မိုင် အမြန်နှုန်းအထိသာ ရှိခဲ့ပါတယ်။ အစီးရေ ၁၆စီးသာ ထုတ်လုပ်ခဲ့ပြီး အဲဒီတုန်းက တန်ဖိုးက စတာလင်ပေါင် ၃၉၅ ဖြစ်ပါတယ်။ အဲဒီနောက်တော့ မြင်းကောင်ရေ ၃၀ ၊ ၄၀ ၊ ၅၀ ကားတွေကို ဆက်လက်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာစစ်နှစ်ခုအတွင်းမှာတော့ ကျည်ကာကားတွေကို ထုတ်လုပ်ပေးခဲ့ပါသေးတယ်။ 40/50 hp ကားတွေကတော့ Silver Ghost အမည်နဲ့ အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံးကားဆိုပြီး နာမည်ကြီးခဲ့ပါတယ်။

(၂) ရိုးရွိုက် လေယာဉ်အင်ဂျင်

၁၉၁၄ ခုနှစ်မှာတော့ အစိုးရရဲ့တောင်းဆိုချက်အရ လေယာဉ်အင်ဂျင်ထုတ်လုပ်မှုနယ်ပယ်ကို ဝင်ရောက်ခဲ့ပါတယ်။ ပထမဆုံး လေယာဉ်အင်ဂျင်ကတော့ Rolls-Royce Eagle ဖြစ်ပြီး ၁၉၁၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီအင်ဂျင်တွေကို Handley Page Type O ဗုံးကြဲလေယာဉ်တွေ နဲ့ အခြားလေယာဉ်တွေမှာ အသုံးပြုခဲ့ပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာကို မရပ်မနား ဖြတ်ပျံသန်းခဲ့တဲ့ Alcock and Brown တို့ရဲ့လေယာဉ်မှာလည်း ဒီအင်ဂျင်နှစ်လုံးကို တပ်ဆင်ထားခဲ့ပါတယ်။

(၃) ရိုးရွိုက် ကားတွေရဲ့စက်ခေါင်းဖုံးမှာပါတဲ့ Spirit of Ecstasy

ကားစက်ခေါင်းဖုံးပေါ်မှာပါတဲ့ Spirit of Ecstasy ရုပ်တုဟာဆိုရင်မူလက ဆက်ခနဲ ယူနိုင်လောက်တဲ့အထိ မှောက်လျက်ထားရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ယင်းတံဆိပ်ကိုခိုးယူမှုတွေ ရှိလာခဲ့ တာကြောင့် Spirit of Ecstasy အရုပ်ကို ကားဘော်ဒီနဲ့အသေချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ မူလ ရိုးရွိုက်ကားတွေမှာ ဒီလာဘ်ကောင်ရုပ်မပါရှိပဲ ၁၉၀၉ ခုနှစ်မှာ ကျော်ကြားတဲ့ ဗြိတိန်နိုင်ငံရေးသမားတဦးဖြစ်သူ John Walter Edward Douglas ဆိုသူကနေ အစပြုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဗြိတိန်ပန်းပုဆရာ Charles Robinson Sykes ကို ထုစေပြီး ရုပ်တုရဲ့မော်ဒယ်ကတော့ အင်္ဂလိပ်သရုပ်ဆောင် Eleanor Velasco Thornton ဖြစ်ပါတယ်။

(၄) ပိုင်ဆိုင်သူ ကုမ္ပဏီများ

ရိုးရွိုက်ကားကုမ္ပဏီကို ၁၉၈၀ ခုနှစ်မှာ Vickers ကုမ္ပဏီက ဝယ်ယူခဲ့ပြီး ၁၉၉၈ ခုနှစ်မှာတော့ ဗောက်စ်ဝက်ဂွန်ထံ ရောင်းချခဲ့ပါတယ်။ မူရင်းရိုးရွိုက်ကုမ္ပဏီကတော့ Rolls-Royce Holdings plc နာမည်နဲ့ လေယာဉ်အင်ဂျင်တွေကိုသာ ဆက်လက်ထုတ်လုပ်ပါတော့တယ်။ ဗောက်စ်ဝက်ဂွန်ဟာ ရိုးရွိုက်ကို ဝယ်ယူခဲ့တာမှန်ပေမယ့် သဘောတူညီချက်အရ အလုံးစုံမရရှိခဲ့ပဲ Crewe factory စက်ရုံ နဲ့ “Spirit of Ecstasy” မူပိုင်ခွင့်ကိုပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ရိုးရွိုက်ကို BMW က ပိုင်ဆိုင်ခဲ့ပြီး ရိုးရွိုက်ကားတွေကို ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။ Spirit of Ecstasy အရုပ်မူပိုင်ခွင့်ကိုတော့ ဗောက်စ်ဝက်ဂွန်ထံကနေ ဒေါ်လာ သန်း ၄၀ ပေးကာ ပြန်လည်ဝယ်ယူခဲ့ရပါတယ်။ BMW အနေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ရိုးရွိုက်ကားကတော့ Phantom VII ဖြစ်ပါတယ်။

(၅) ရိုးရွိုက် တွေရဲ့ Center cap တွေဟာလည်ပတ်ခြင်းမရှိ

မော်တော်ကားတစ်စီးမောင်းနှင်မယ်ဆိုရင်ဘီးအလယ်အုံနေရာတွေကလိုက်လံလည်ပတ်ကြရမှာ ဖြစ်ပေမဲ့ ရိုးရွိုက် မော်ဒယ်ကားတွေရဲ့ Center Cap တွေကတော့ လည်ပတ်ခြင်းမရှိကြပါဘူး ။ ဒါကလည်း ရိုးရွိုက် ရဲ့ထူးခြားတဲ့ ပုံစံဖန်တီးမှုဖြစ်ပါတယ်။

(၆) လူတစ်ယောက်သာဆေးခြယ်သခွင့်ရှိတဲ့ ရိုးရွိုက် ရဲ့ Coach line( မော်တော်ယာဉ်ကိုယ် ထည်အပေါ်အလှဆင်လိုင်း)

ရိုးရွိုက်ကားတွေရဲ့ဘော်ဒီထောင့်ချိုးတွေနဲ့ချောင်ကြိုချောင်ကြားနေရာတွေအထိဆေးရောင်ခြယ်သမှုတွေဟာ အသေးစိတ်ဆန်ပါတယ်။ အကြောင်းကတော့ ရိုးရွိုက် ရဲ့ Coach line( မော်တော်ယာဉ်ကိုယ် ထည်အပေါ်အလှဆင်လိုင်း) ကိုအလှဆင်ဖန်တီးသူဟာ လူတစ်ဦးတည်း ကနေ ဖြစ်နေလို့ပါ။ မော်တော်ယာဉ်တစ်စီးရဲ့အရေးပါတဲ့အစိတ်အပိုင်းအတွက် ရိုးရွိုက် ရဲ့အများ နဲ့မတူ တစ်မူထူးခြားတဲ့ဝန်ဆောင်မှုဖြစ်ပြီး စက်ရုပ်တွေ၊စက်တွေကိုအသုံးပြုထားခြင်းမရှိပါဘူး။

(၇) ကမ္ဘာ့နေရာများအားလုံးထက် ရိုးရွိုက် ကားအရေအတွက်ပိုများနေတဲ့ဟောင်ကောင်

ဟောင်ကောင်မှာရှိတဲ့ ရိုးရွိုက် အမျိုးအစားမော်တော်ယာဉ်အရေအတွက်ဟာဆိုရင် ကမ္ဘာ ပေါ်ကမြို့တော်ကြီးတွေမှာရှိတဲ့ ရိုးရွိုက် ကားအစီးရေထက်ပိုများပါတယ်။ အကြောင်းကတော့ ဟောင်ကောင်ဟာ ဗြိတိသျှကိုလိုနီအဖြစ်ရှိနေစဉ်က ဗြိတိန်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်မှုဖြစ်စဉ်တွေကြောင့် အင်္ဂလန်ထုတ် ရိုးရွိုက် အများအပြားဝင်ရောက်နေရာယူနေရခြင်းဖြစ်ပါတယ်။ တနည်းပြောရရင်တော့ ဟောင်ကောင်မှာဗြိတိသျှတွေရဲ့ ကိုလိုနီအမွေအနှစ်အဖြစ် ကမ္ဘာကျော် ရိုးရွိုက် ကားတွေ အများအပြားထားရှိတဲ့သဘောဖြစ်ပါတယ်။

(၈) တော်ဝင်မိသားစုတွေအတွက် သီးသန့်ကား

တော်ဝင်မိသားစုတွေအတွက်သာ သီးသန့်ထုတ်လုပ်ခဲ့တဲ့ ကားကတော့ ရိုးရွိုက် Phantom IV ကားဖြစ်ပြီး ၁၉၅၀ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ တော်ဝင်မျိုးနွယ်လို့ သတ်မှတ်သူများကိုသာ ရောင်းချခဲ့တာဖြစ်ပြီး ပထမဆုံးစီးခဲ့သူကတော့ ဗြိတိန် အဲလီဇဘက်ဘုရင်မကြီးဖြစ်ပါတယ်။ ဗြိတိန်တော်ဝင်မိသားစုတွေအပြင် အီရန် ၊ စပိန် ၊ ကူဝိတ် ၊ ဒိန်းမတ် အစရှိတဲ့နိုင်ငံတွေက တော်ဝင်မျိုးနွယ်တွေဝယ်ယူစီးနင်းခဲ့ကြပြီး ယနေ့ခေတ်တန်ဖိုးနဲ့တွက်ရင် ဒေါ်လာ ၁သန်းဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ စုစုပေါင်း အစီးရေ ၁၈စီးသာ ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ၁၆စီးသာကျန်ရှိတော့ကာ ပြတိုက်တွေနဲ့ ကားစုဆောင်းသူတွေရဲ့ လက်ထဲရောက်ရှိနေပြီဖြစ်ပါတယ်။

(၉) Vip ပုဂ္ဂိုလ်တွေရဲ့ယာဉ်မောင်းတွေအတွက် Special training Program တွေပါဝင်နေတဲ့ကား

တန်ဖိုးကြီးဇိမ်ခံကားတွေအတွက်အတွေ့အကြုံရင့်ကျက်တဲ့ ယာဉ်မောင်းတွေလိုအပ်ပါတယ်။ အဲဒီ အတွက် ရိုးရွိုက် ကားတွေမှာ Vip ပုဂ္ဂိုလ်တွေရဲ့ယာဉ်မောင်းတွေအတွက် Special training Program တွေထည့်သွင်းပေးထားပါတယ်။ ရိုးရွိုက် မှာပါဝင်တဲ့ program အချို့မှာဆိုရင် မောင်းနှင်သူတွေအနေနဲ့ မျက်မှန်တပ်ထားတာခြင်း၊မျက်မှန်ကို လည်ပင်း(သို့) ခေါင်းနေရာတွေမှာတပ်ဆင်ထားသူတွေကို ခွင့်မပြုပါဘူး။ဒါအပြင် ကားသမားတစ်ယောက်အတွက် နမော်နမဲ့နဲ့ မောင်းနှင်စဉ် အမှားဖြစ်သွားနိုင်တဲ့ အချက်တော်တော်များများကို မလုပ်ဆောင်ဖို့ သတိပေးတဲ့စနစ်ကို Rolls-Royce White Glove ကားမှာပါဝင်နေပါတယ်။

(၁၀) ရိုးရွိုက် ရဲ့ကားကူရှင်တွေကို Bull နွားသားရေနဲ့ချုပ်လုပ်ထား

ရိုးရွိုက်ရဲ့ကားကူရှင်တွေကို နွားသားရေနဲ့ ချုပ်လုပ်ထားရှိပါတယ်။ Rolls-Royce တစ်စီးရဲ့ကူရှင်အတွက်ဆိုရင် နွားထီး(၈)ကောင်လောက်ဆီကသားရေကိုအသုံးပြုရလေ့ရှိတာပါ။ အထူးသဖြင့် အလွန်အေးမြတဲ့ရာသီဥတုအများစုကိုပိုင်ဆိုင်တဲ့ ဥရောပကားဈေးကွက်မှာတော့ နွားသရေကူရှင်တွေပါဝင်တဲ့ ရိုးရွိုက် ကားတွေဟာအထူးကိုလူကြိုက် များရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

(၁၁) အစောပိုင်း ရိုးရွိုက်တွေရဲ့ grille (ကားရှေမီး ၂ လုံးကြားကသံပန်း)မှာဆိုရင် ပုံဖော်သူရဲ့ လက်မှတ်ကို ရေးထိုးထား


ရိုးရွိုက် ကားနဲ့ပတ်သက်ပြီးနောက်ထပ်စိတ်ဝင်စားစရာကတော့ ကားရှေ့မီးလုံး -၂ ခုအကြား ကသံပန်းမှာ ပုံဖော်သူရဲ့ အမည်ကို ငရဲမီးနဲ့ထွင်းထုထားလေ့ရှိတာပဲဖြစ်ပါတယ်။ အများအားဖြင့်တော့ Rolls-Royce ရဲ့အစောပိုင်းကာလထုတ်ကားတွေမှာပါဝင်တာဖြစ်ပြီး ကုမ္ပဏီဘက်ကနေ ပုံဖော်သူရဲ့ဖန်တီးမှုပစ္စည်းရဲ့ အရည်အသွေးကိုမှတ်ကျောက်တင်ပြီး တာဝန်ခံခိုင်းတဲ့ပုံစံမျိုးအနေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဝယ်ယူပြီး အမှားအယွင်းတခုခုဖြစ်ခဲ့ရင် လက်မှတ်ကိုကြည့်ကာ မူလဖန်တီးသူကို ပြန်လည်ပြုပြင်စေတာဖြစ်ပါတယ်။

(၁၂) ကားတစီးထုတ်လုပ်ဖို့ ၂လထက်မနည်းကြာ


တိုရိုတာဟာ ကားတစီး အစဆုံး ထုတ်လုပ်ဖို့ အချိန် ၁၃ နာရီပဲ ယူရပေမယ့် ရိုးရွိုက်ကားတစီးဖြစ်လာဖို့တော့ ပျမ်းမျှအားဖြင့် အချိန် ၂လထက်မနည်းယူရပါတယ်။ အဓိကအကြောင်းရင်းကတော့ ကားကုမ္ပဏီအများစုဟာ စက်ရုပ် နဲ့ အလိုလျှောက်စက်တွေကိုအသုံးပြုကာ ထုတ်လုပ်နေပေမယ့် ရိုးရွိုက်ကတော့ ကြီးမားလေးလံတဲ့အစိတ်အပိုင်းတွေ တပ်ဆင်တာက လွဲလို့ စက်တွေကို အသုံးမပြုပါဘူး။ ပညာရှင်တွေရဲ့ ကျွမ်းကျင်မှုနဲ့သာ အသေးစိတ် Manual ဖန်တီးရလို့ ဖြစ်ပါတယ်။

(၁၃) ၆၅ ရာခိုင်နှုန်းသော ရိုးရွိုက် ကားတွေကိုယနေ့အချိန်ထိလမ်းမတွေပေါ်မှာတွေ့မြင်နိုင်

စိတ်ဝင်စားစရာအကောင်းဆုံးသောအချက်ဖြစ်သလို ရိုးရွိုက် ကားတွေရဲ့ခံနိုင်ရည်စွမ်းရည် အပေါ်ကလည်း အံ့သြသင့်စရာကောင်းနေပါတယ်။ လက်ရှိအချိန်ထိ ရိုးရွိုက် ရဲ့ထုတ်လုပ်ပြီးသ မျှသောကားအားလုံးရဲ့ (၆၅)ရာခိုင်နှုန်းလောက်ဟာ ကမ္ဘာမြို့တော်ကြီးတွေရဲ့လမ်းမတွေပေါ်မှာပိုင်ရှင်ဖြစ်သူတွေရဲ့စိတ်ကြိုက်ခြယ်သတဲ့ပုံစံမျိုးနဲ့တည်ရှိနေဆဲလည်းဖြစ်ပါတယ်။ ဒါဟာ ရိုးရွိုက် ရဲ့ အင်ဂျင်ပါဝါနဲ့အသေးစိတ်ကအစအလေးထားဖန်တီးထားတဲ့ ကားဘော်ဒီတည်ဆောက်ပုံတွေကြောင့် လည်းဖြစ်တယ်ဆိုတာ ပြောနေစရာတောင်လိုမယ်မထင်ပါဘူး။

(၁၄) ကားအမျိုးအစားများ နဲ့ တန်ဖိုး

လက်ရှိအချိန်အထိ BMW အနေနဲ့ Phantom ၊ Cullinan ၊ Ghost ၊ Wraith နဲ့ Dawn စတဲ့ ကားအမျိုးအစား ၅ မျိုးကို ထုတ်လုပ်ထားပါတယ်။ အခြားနာမည်ကျော် ကားတံဆိပ်တွေရဲ့ တန်ဖိုးက ဒေါ်လာ ၂သိန်းခွဲဝန်းကျင် ဖြစ်နေချိန်မှာ Rolls-Royce Phantom ရဲ့တန်ဖိုးက ဒေါ်လာ ၄သိန်းခွဲကနေ ၅သိန်းဝန်းကျင်အထိ ရှိနေပါတယ်။ ဒီတန်ဖိုးဟာ ကားတန်ဖိုးသက်သက်ဖြစ်ကာ မြန်မာငွေနဲ့တွက်ရင်တော့ သိန်းပေါင်း ၇၀၀၀ ဝန်းကျင်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာမှာ ဝယ်စီးချင်ရင်တော့ စုစုပေါင်းတန်ဖိုးက သိန်းပေါင်း ၂သောင်း ဝန်းကျင်ခန့်အထိ ဖြစ်သွားမှာပါ။ ၂၀၁၈ Cullanin ကားဆိုရင်တောင် တန်ဖိုးက သိန်းပေါင်း ၁၆၀၀၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။

——- ——- ——-

(Zawgyi)

ကမာၻေက်ာ္ ရုိးရြဳိက္ကား အေၾကာင္း

ရုိးရြဳိက္လုိ႔ နာမည္ၾကားတာနဲ႔ ကမာၻ႔တန္ဖုိးအႀကီးဆုံး ဇိမ္ခံကားအမ်ဳိးအစား တခုဆုိတာ အားလုံးၾကားဖူးၿပီးျဖစ္ပါလိမ့္မယ္။ Rolls-Royce ဟာ ၿဗိတိန္နိုင္ငံအေျခစိုက္ဇိမ္ခံကားထုတ္လုပ္ေရးကုမၸဏီတစ္ခုျဖစ္ျပီး ယခုခ်ိန္ မွာေတာ့ ဂ်ာမန္နာမည္ေက်ာ္ကားထုတ္လုပ္ငန္းျဖစ္တဲ့ BMW အုပ္စုပိုင္အျဖစ္ရွိေနပါတယ္။ ရုိးရြဳိက္ကုမၸဏီကို ၁၉၀၄ ခုႏွစ္တုန္းက အဂၤလန္ႏုိင္ငံ မန္ခ်က္စတာၿမုိ႕မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္။

Rolls-Royce ဆုိတဲ့အမည္ကေတာ့ ပူးေပါင္းတည္ေထာင္သူ ႏွစ္ေယာက္ျဖစ္တဲ့ Charles Rolls နဲ႔ Henry Royce တုိ႔ရဲ႕နာမည္ေတြကေန ရယူထားျခင္းျဖစ္ပါတယ္။ ရာစုနွစ္တစ္စုၾကာျပီးေနာက္မွာေတာ့ နည္းပညာပိုင္းဆိုင္ရာေျပာင္းလဲမႈမ်ားစြာျပဳလုပ္လာနိုင္ျပီး အဲဒီ ကာလက ဂုဏ္သေရရွိလူၾကီးမင္းေတြ စီးနင္းဖို႕အဆင္သင့္ျဖစ္လာေနျပီလို႔ မသိမသာ ေၾကျငာနိုင္ခဲ့ပါတယ္။ ဒီတခါ မွာမ်ွေဝေပးခ်င္တာကေတာ့ Rolls-Royce ကားရဲ႕ သိေကာင္းစရာအခ်က္အလက္တခ်ဳိ႕ပဲျဖစ္ပါတယ္။

(၁) ရုိးရြဳိက္ ကုမၸဏီရဲ႕ ပထမဆုံးကား

Rolls – Royce ကုမၸဏီရဲ႕ ပထမဆုံးကားကေတာ့ ၁၉၀၄ ခုႏွစ္မွာ ထုတ္လုပ္ခဲ့တဲ့ Rolls-Royce 10 hp ကားျဖစ္ပါတယ္။ 1800 cc twin-cylinder အင္ဂ်င္ကို အသုံးျပဳထားၿပီး ၁နာရီကုိ ၃၉မုိင္ အျမန္ႏႈန္းအထိသာ ရွိခဲ့ပါတယ္။ အစီးေရ ၁၆စီးသာ ထုတ္လုပ္ခဲ့ၿပီး အဲဒီတုန္းက တန္ဖုိးက စတာလင္ေပါင္ ၃၉၅ ျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ ျမင္းေကာင္ေရ ၃၀ ၊ ၄၀ ၊ ၅၀ ကားေတြကို ဆက္လက္ထုတ္လုပ္ခဲ့ၿပီး ကမာၻစစ္ႏွစ္ခုအတြင္းမွာေတာ့ က်ည္ကာကားေတြကို ထုတ္လုပ္ေပးခဲ့ပါေသးတယ္။ 40/50 hp ကားေတြကေတာ့ Silver Ghost အမည္နဲ႔ အဲဒီအခ်ိန္က ကမာၻ႔အေကာင္းဆုံးကားဆုိၿပီး နာမည္ႀကီးခဲ့ပါတယ္။

(၂) ရုိးရြဳိက္ ေလယာဥ္အင္ဂ်င္

၁၉၁၄ ခုႏွစ္မွာေတာ့ အစုိးရရဲ႕ေတာင္းဆုိခ်က္အရ ေလယာဥ္အင္ဂ်င္ထုတ္လုပ္မႈနယ္ပယ္ကို ၀င္ေရာက္ခဲ့ပါတယ္။ ပထမဆုံး ေလယာဥ္အင္ဂ်င္ကေတာ့ Rolls-Royce Eagle ျဖစ္ၿပီး ၁၉၁၅ ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ပါတယ္။ ဒီအင္ဂ်င္ေတြကို Handley Page Type O ဗုံးႀကဲေလယာဥ္ေတြ နဲ႔ အျခားေလယာဥ္ေတြမွာ အသုံးျပဳခဲ့ပါတယ္။ အတၱလႏၱိတ္သမုဒၵရာကို မရပ္မနား ျဖတ္ပ်ံသန္းခဲ့တဲ့ Alcock and Brown တုိ႔ရဲ႕ေလယာဥ္မွာလည္း ဒီအင္ဂ်င္ႏွစ္လုံးကို တပ္ဆင္ထားခဲ့ပါတယ္။

(၃) ရုိးရြဳိက္ ကားေတြရဲ့စက္ေခါင္းဖံုးမွာပါတဲ့ Spirit of Ecstasy

ကားစက္ေခါင္းဖံုးေပၚမွာပါတဲ့ Spirit of Ecstasy ရုပ္တုဟာဆိုရင္မူလက ဆက္ခနဲ ယူနိုင္ေလာက္တဲ့အထိ ေမွာက္လ်က္ထားရွိခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ ယင္းတံဆိပ္ကိုခိုးယူမႈေတြ ရိွလာခဲ့ တာေၾကာင့္ Spirit of Ecstasy အရုပ္ကို ကားေဘာ္ဒီနဲ႔အေသခ်ိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ မူလ ရုိးရြဳိက္ကားေတြမွာ ဒီလာဘ္ေကာင္ရုပ္မပါရွိပဲ ၁၉၀၉ ခုႏွစ္မွာ ေက်ာ္ၾကားတဲ့ ၿဗိတိန္ႏုိင္ငံေရးသမားတဦးျဖစ္သူ John Walter Edward Douglas ဆုိသူကေန အစျပဳခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕သူငယ္ခ်င္းျဖစ္သူ ၿဗိတိန္ပန္းပုဆရာ Charles Robinson Sykes ကို ထုေစၿပီး ရုပ္တုရဲ႕ေမာ္ဒယ္ကေတာ့ အဂၤလိပ္သရုပ္ေဆာင္ Eleanor Velasco Thornton ျဖစ္ပါတယ္။

(၄) ပုိင္ဆုိင္သူ ကုမၸဏီမ်ား

ရုိးရြဳိက္ကားကုမၸဏီကို ၁၉၈၀ ခုႏွစ္မွာ Vickers ကုမၸဏီက ၀ယ္ယူခဲ့ၿပီး ၁၉၉၈ ခုႏွစ္မွာေတာ့ ေဗာက္စ္၀က္ဂြန္ထံ ေရာင္းခ်ခဲ့ပါတယ္။ မူရင္းရုိးရြဳိက္ကုမၸဏီကေတာ့ Rolls-Royce Holdings plc နာမည္နဲ႔ ေလယာဥ္အင္ဂ်င္ေတြကိုသာ ဆက္လက္ထုတ္လုပ္ပါေတာ့တယ္။ ေဗာက္စ္၀က္ဂြန္ဟာ ရုိးရြဳိက္ကို ၀ယ္ယူခဲ့တာမွန္ေပမယ့္ သေဘာတူညီခ်က္အရ အလုံးစုံမရရွိခဲ့ပဲ Crewe factory စက္ရုံ နဲ႔ “Spirit of Ecstasy” မူပုိင္ခြင့္ကိုပဲ ရရွိခဲ့တာျဖစ္ပါတယ္။ ၂၀၀၃ ခုႏွစ္မွာေတာ့ ရုိးရြဳိက္ကို BMW က ပုိင္ဆုိင္ခဲ့ၿပီး ရုိးရြဳိက္ကားေတြကုိ ျပန္လည္ထုတ္လုပ္ခဲ့ပါတယ္။ Spirit of Ecstasy အရုပ္မူပုိင္ခြင့္ကိုေတာ့ ေဗာက္စ္၀က္ဂြန္ထံကေန ေဒၚလာ သန္း ၄၀ ေပးကာ ျပန္လည္၀ယ္ယူခဲ့ရပါတယ္။ BMW အေနနဲ႔ ပထမဆုံးထုတ္လုပ္ခဲ့တဲ့ ရုိးရြဳိက္ကားကေတာ့ Phantom VII ျဖစ္ပါတယ္။

(၅) ရုိးရြဳိက္ ေတြရဲ့ Center cap ေတြဟာလည္ပတ္ျခင္းမရွိ

ေမာ္ေတာ္ကားတစ္စီးေမာင္းနွင္မယ္ဆိုရင္ဘီးအလယ္အံုေနရာေတြကလိုက္လံလည္ပတ္ၾကရမွာ ျဖစ္ေပမဲ့ ရုိးရြဳိက္ ေမာ္ဒယ္ကားေတြရဲ့ Center Cap ေတြကေတာ့ လည္ပတ္ျခင္းမရွိၾကပါဘူး ။ ဒါကလည္း ရုိးရြဳိက္ ရဲ့ထူးျခားတဲ့ ပံုစံဖန္တီးမႈျဖစ္ပါတယ္။

(၆) လူတစ္ေယာက္သာေဆးျခယ္သခြင့္ရွိတဲ့ ရုိးရြဳိက္ ရဲ့ Coach line( ေမာ္ေတာ္ယာဥ္ကို္ယ္ ထည္အေပၚအလွဆင္လိုင္း)

ရုိးရြဳိက္ကားေတြရဲ့ေဘာ္ဒီေထာင့္ခ်ိဳးေတြနဲ႔ေခ်ာင္ျကိဳေခ်ာင္ၾကားေနရာေတြအထိေဆးေရာင္ျခယ္သမႈေတြဟာ အေသးစိတ္ဆန္ပါတယ္။ အေၾကာင္းကေတာ့ ရုိးရြဳိက္ ရဲ့ Coach line( ေမာ္ေတာ္ယာဥ္ကို္ယ္ ထည္အေပၚအလွဆင္လိုင္း) ကိုအလွဆင္ဖန္တီးသူဟာ လူတစ္ဦးတည္း ကေန ျဖစ္ေနလို႔ပါ။ ေမာ္ေတာ္ယာဥ္တစ္စီးရ့ဲအေရးပါတဲ့အစိတ္အပိုင္းအတြက္ ရုိးရြဳိက္ ရဲ့အမ်ား နဲ႔မတူ တစ္မူထူးျခားတဲ့ဝန္ေဆာင္မႈျဖစ္ျပီး စက္ရုပ္ေတြ၊စက္ေတြကိုအသံုးျပဳထားျခင္းမရွိပါဘူး။

(၇) ကမာၻ႔ေနရာမ်ားအားလံုးထက္ ရုိးရြဳိက္ ကားအေရအတြက္ပိုမ်ားေနတဲ့ေဟာင္ေကာင္

ေဟာင္ေကာင္မွာရွိတဲ့ ရုိးရြဳိက္ အမ်ိဳးအစားေမာ္ေတာ္ယာဥ္အေရအတြက္ဟာဆိုရင္ ကမာၻ ေပၚကျမိဳ႕ေတာ္ၾကီးေတြမွာရွိတဲ့ ရုိးရြဳိက္ ကားအစီးေရထက္ပိုမ်ားပါတယ္။ အေၾကာင္းကေတာ့ ေဟာင္ေကာင္ဟာ ျဗိတိသ်ွကိုလိုနီအျဖစ္ရွိေနစဥ္က ျဗိတိန္ရဲ့စီးပြားေရးလုပ္ငန္းေတြနဲ႔ ကုန္ထုတ္လုပ္မႈျဖစ္စဥ္ေတြေၾကာင့္ အဂၤလန္ထုတ္ ရုိးရြဳိက္ အမ်ားအျပားဝင္ေရာက္ေနရာယူေနရျခင္းျဖစ္ပါတယ္။ တနည္းေျပာရရင္ေတာ့ ေဟာင္ေကာင္မွာျဗိတိသ်ွေတြရဲ့ ကိုလိုနီအေမြအနွစ္အျဖစ္ ကမာၻေက်ာ္ ရုိးရြဳိက္ ကားေတြ အမ်ားအျပားထားရွိတဲ့သေဘာျဖစ္ပါတယ္။

(၈) ေတာ္၀င္မိသားစုေတြအတြက္ သီးသန္႔ကား

ေတာ္၀င္မိသားစုေတြအတြက္သာ သီးသန္႔ထုတ္လုပ္ခဲ့တဲ့ ကားကေတာ့ ရုိးရြဳိက္ Phantom IV ကားျဖစ္ၿပီး ၁၉၅၀ ခုႏွစ္ကေန ၁၉၅၆ ခုႏွစ္အထိ ထုတ္လုပ္ခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ ေတာ္၀င္မ်ဳိးႏြယ္လုိ႔ သတ္မွတ္သူမ်ားကိုသာ ေရာင္းခ်ခဲ့တာျဖစ္ၿပီး ပထမဆုံးစီးခဲ့သူကေတာ့ ၿဗိတိန္ အဲလီဇဘက္ဘုရင္မႀကီးျဖစ္ပါတယ္။ ၿဗိတိန္ေတာ္၀င္မိသားစုေတြအျပင္ အီရန္ ၊ စပိန္ ၊ ကူ၀ိတ္ ၊ ဒိန္းမတ္ အစရွိတဲ့ႏုိင္ငံေတြက ေတာ္၀င္မ်ဳိးႏြယ္ေတြ၀ယ္ယူစီးနင္းခဲ့ၾကၿပီး ယေန႔ေခတ္တန္ဖုိးနဲ႔တြက္ရင္ ေဒၚလာ ၁သန္း၀န္းက်င္ခန္႔ က်သင့္မွာ ျဖစ္ပါတယ္။ စုစုေပါင္း အစီးေရ ၁၈စီးသာ ထုတ္လုပ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ၁၆စီးသာက်န္ရွိေတာ့ကာ ျပတုိက္ေတြနဲ႔ ကားစုေဆာင္းသူေတြရဲ႕ လက္ထဲေရာက္ရွိေနၿပီျဖစ္ပါတယ္။

(၉) Vip ပုဂၢိဳလ္ေတြရဲ့ယာဥ္ေမာင္းေတြအတြက္ Special training Program ေတြပါဝင္ေနတဲ့ကား

တန္ဖိုးၾကီးဇိမ္ခံကားေတြအတြက္အေတြ႔အၾကံဳရင့္က်က္တဲ့ ယာဥ္ေမာင္းေတြလိုအပ္ပါတယ္။ အဲဒီ အတြက္ ရုိးရြဳိက္ ကားေတြမွာ Vip ပုဂၢိဳလ္ေတြရဲ့ယာဥ္ေမာင္းေတြအတြက္ Special training Program ေတြထည့္သြင္းေပးထားပါတယ္။ ရုိးရြဳိက္ မွာပါဝင္တဲ့ program အခ်ိဳ႕မွာဆိုရင္ ေမာင္းနွင္သူေတြအေနနဲ႔ မ်က္မွန္တပ္ထားတာျခင္း၊မ်က္မွန္ကို လည္ပင္း(သို႔) ေခါင္းေနရာေတြမွာတပ္ဆင္ထားသူေတြကို ခြင့္မျပဳပါဘူး။ဒါအျပင္ ကားသမားတစ္ေယာက္အတြက္ နေမာ္နမဲ့နဲ႔ ေမာင္းနွင္စဥ္ အမွားျဖစ္သြားနိုင္တဲ့ အခ်က္ေတာ္ေတာ္မ်ားမ်ားကို မလုပ္ေဆာင္ဖို႔ သတိေပးတဲ့စနစ္ကို Rolls-Royce White Glove ကားမွာပါဝင္ေနပါတယ္။

(၁၀) ရုိးရြဳိက္ ရဲ့ကားကူရွင္ေတြကို Bull ႏြားသားေရနဲ႔ခ်ဳပ္လုပ္ထား

ရုိးရြဳိက္ရဲ့ကားကူရွင္ေတြကို ႏြားသားေရနဲ႔ ခ်ဳပ္လုပ္ထားရွိပါတယ္။ Rolls-Royce တစ္စီးရဲ့ကူရွင္အတြက္ဆိုရင္ ႏြားထီး(၈)ေကာင္ေလာက္ဆီကသားေရကိုအသံုးျပဳရေလ့ရွိတာပါ။ အထူးသျဖင့္ အလြန္ေအးျမတဲ့ရာသီဥတုအမ်ားစုကိုပို္င္ဆိုင္တဲ့ ဥေရာပကားေစ်းကြက္မွာေတာ့ ႏြားသေရကူရွင္ေတြပါဝင္တဲ့ ရုိးရြဳိက္ ကားေတြဟာအထူးကိုလူၾကိဳက္ မ်ားေရပန္းစားေနခဲ့တာျဖစ္ပါတယ္။

(၁၁) အေစာပုိင္း ရုိးရြဳိက္ေတြရဲ့ grille (ကားေရွမီး ၂ လံုးၾကားကသံပန္း)မွာဆိုရင္ ပုံေဖာ္သူရဲ႕ လက္မွတ္ကို ေရးထုိးထား

ရုိးရြဳိက္ ကားနဲ႔ပတ္သက္ျပီးေနာက္ထပ္စိတ္၀င္စားစရာကေတာ့ ကားေရွ႔မီးလံုး -၂ ခုအၾကား ကသံပန္းမွာ ပုံေဖာ္သူရဲ႕ အမည္ကို ငရဲမီးနဲ႔ထြင္းထုထားေလ့ရွိတာပဲျဖစ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ Rolls-Royce ရဲ့အေစာပိုင္းကာလထုတ္ကားေတြမွာပါဝင္တာျဖစ္ျပီး ကုမၸဏီဘက္ကေန ပုံေဖာ္သူရဲ့ဖန္တီးမႈပစၥည္းရဲ့ အရည္အေသြးကိုမွတ္ေက်ာက္တင္ျပီး တာဝန္ခံခိုင္းတဲ့ပံုစံမ်ိဳးအေနနဲ႔ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ တကယ္လုိ႔ ၀ယ္ယူၿပီး အမွားအယြင္းတခုခုျဖစ္ခဲ့ရင္ လက္မွတ္ကုိၾကည့္ကာ မူလဖန္တီးသူကို ျပန္လည္ျပဳျပင္ေစတာျဖစ္ပါတယ္။

(၁၂) ကားတစီးထုတ္လုပ္ဖုိ႔ ၂လထက္မနည္းၾကာ

တုိရုိတာဟာ ကားတစီး အစဆုံး ထုတ္လုပ္ဖုိ႔ အခ်ိန္ ၁၃ နာရီပဲ ယူရေပမယ့္ ရုိးရြဳိက္ကားတစီးျဖစ္လာဖုိ႔ေတာ့ ပ်မ္းမွ်အားျဖင့္ အခ်ိန္ ၂လထက္မနည္းယူရပါတယ္။ အဓိကအေၾကာင္းရင္းကေတာ့ ကားကုမၸဏီအမ်ားစုဟာ စက္ရုပ္ နဲ႔ အလုိေလွ်ာက္စက္ေတြကိုအသုံးျပဳကာ ထုတ္လုပ္ေနေပမယ့္ ရုိးရြုိက္ကေတာ့ ႀကီးမားေလးလံတဲ့အစိတ္အပုိင္းေတြ တပ္ဆင္တာက လြဲလုိ႔ စက္ေတြကို အသုံးမျပဳပါဘူး။ ပညာရွင္ေတြရဲ႕ ကြ်မ္းက်င္မႈနဲ႔သာ အေသးစိတ္ Manual ဖန္တီးရလုိ႔ ျဖစ္ပါတယ္။

(၁၃) ၆၅ ရာခိုင္နႈန္းေသာ ရုိးရြဳိက္ ကားေတြကိုယေန႔အခ်ိန္ထိလမ္းမေတြေပၚမွာေတြ႔ျမင္နိုင္

စိတ္ဝင္စားစရာအေကာင္းဆံုးေသာအခ်က္ျဖစ္သလို ရုိးရြဳိက္ ကားေတြရဲ့ခံနိုင္ရည္စြမ္းရည္ အေပၚကလည္း အ့ံၾသသင့္စရာေကာင္းေနပါတယ္။ လက္ရွိအခ်ိန္ထိ ရုိးရြဳိက္ ရဲ့ထုတ္လုပ္ျပီးသ မ်ွေသာကားအားလံုးရဲ့ (၆၅)ရာခိုင္နႈန္းေလာက္ဟာ ကမာၻျမိဳ႕ေတာ္ၾကီးေတြရဲ့လမ္းမေတြေပၚမွာပိုင္ရွင္ျဖစ္သူေတြရဲ့စိတ္ၾကိဳက္ျခယ္သတဲ့ပံုစံမ်ိဳးနဲ႔တည္ရွိေနဆဲလည္းျဖစ္ပါတယ္။ ဒါဟာ ရုိးရြဳိက္ ရဲ့ အင္ဂ်င္ပါဝါနဲ႔အေသးစိတ္ကအစအေလးထားဖန္တီးထားတဲ့ ကားေဘာ္ဒီတည္ေဆာက္ပံုေတြေၾကာင့္ လည္းျဖစ္တယ္ဆိုတာ ေျပာေနစရာေတာင္လိုမယ္မထင္ပါဘူး။

(၁၄) ကားအမ်ဳိးအစားမ်ား နဲ႔ တန္ဖုိး

လက္ရွိအခ်ိန္အထိ BMW အေနနဲ႔ Phantom ၊ Cullinan ၊ Ghost ၊ Wraith နဲ႔ Dawn စတဲ့ ကားအမ်ဳိးအစား ၅ မ်ဳိးကို ထုတ္လုပ္ထားပါတယ္။ အျခားနာမည္ေက်ာ္ ကားတံဆိပ္ေတြရဲ႕ တန္ဖုိးက ေဒၚလာ ၂သိန္းခြဲ၀န္းက်င္ ျဖစ္ေနခ်ိန္မွာ Rolls-Royce Phantom ရဲ႕တန္ဖုိးက ေဒၚလာ ၄သိန္းခြဲကေန ၅သိန္း၀န္းက်င္အထိ ရွိေနပါတယ္။ ဒီတန္ဖုိးဟာ ကားတန္ဖုိးသက္သက္ျဖစ္ကာ ျမန္မာေငြနဲ႔တြက္ရင္ေတာ့ သိန္းေပါင္း ၇၀၀၀ ၀န္းက်င္ျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာမွာ ၀ယ္စီးခ်င္ရင္ေတာ့ စုစုေပါင္းတန္ဖုိးက သိန္းေပါင္း ၂ေသာင္း ၀န္းက်င္ခန္႔အထိ ျဖစ္သြားမွာပါ။ ၂၀၁၈ Cullanin ကားဆုိရင္ေတာင္ တန္ဖုိးက သိန္းေပါင္း ၁၆၀၀၀ ခန္႔က်သင့္မွာျဖစ္ပါတယ္။

Tags: techworld companies

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!