Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် ဖူဂျီတောင်အကြောင်း သိကောင်းစရာ

by Thutamm
July 29, 2019
Reading Time: 1min read
0
ကမ္ဘာကျော် ဖူဂျီတောင်အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဂျပန်နိုင်ငံက တောင်လို့ ဆိုလိုက်တာနဲ့ အားလုံးသိကြမှာက ဖူဂျီတောင် ဖြစ်မယ်လို့ ထင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ဒီတောင်ဟာ ပစိဖိတ်ကမ်းရိုးတန်းအနီးက ဟွန်ရှုးကျွန်းမှာတည်ရှိပြီး အမြင့် ၃၇၇၆မီတာ(၁၂၃၈၉ပေ) ရှိပြီး ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။ တစ်နှစ်မှာ ငါးလခန့် တစ်တောင်လုံးနှင်းတွေဖုံးနေတတ်လေ့ရှိပါတယ်။

သက်ရှိမီးတောင်ဖြစ်ပြီး နောက်ဆုံးပေါက်ကွဲမှုကတော့ လွန်ခဲ့သောနှစ် ၃၀၀ခန့် ၊ ၁၇၀၇ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှာ ဖြစ်ခဲ့ပါတယ်။ မြို့တော်တိုကျိုနဲ့ ၆၂မိုင်ကွာဝေးပြီး အဲဒီတုန်းကပေါက်ကွဲမှုကြောင့် မီးတောင်ပြာတွေဟာ တိုကျိုအထိရောက်ရှိခဲ့ပါတယ်။

ဖူဂျီဆိုတဲ့နာမည်ဟာ မီး နဲ့ တောင်ကိုပိုင်စိုးသူ Fuchi နတ်ဘုရားမ ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အေဒီ ၆၆၃ခုနှစ်မှာ အမည်မသိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကတစ်ဆင့် လူအများဆီပြန့်နှံ့ခဲ့ပြီး ဖူဂျီတောင်ဟာ စတင်နာမည်ကြီးခဲ့ပါတယ်။ ၇ ရာစုနှစ်လောက်တည်းက ရှင်တိုဘာသာရဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ရှေးကဆာမူရိုင်းဓားသမားတွေနဲ့ ဓားရေးလေ့ကျင့်ရာနေရာဖြစ်ပြီး လူတိုင်းတက်ရောက်ခွင့်မရှိတဲ့ တောင်လည်းဖြစ်ပါတယ်။ အလွန်လှပတာကြောင့် ခေတ်အဆက်ဆက်ဂျပန်စာပေတွေမှာ တမြတ်တနိုးထည့်ရေးခဲ့ရတဲ့ တောင်လည်းဖြစ်ပါတယ်။

ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံရဲ့ သန့်စင်မွန်မြတ်တဲ့တောင် ၃တောင်ထဲက တစ်တောင်ဖြစ်ပြီး ကျန်တဲ့နှစ်တောင်ကတော့ Tate တောင် နဲ့ Haku တောင်တွေပဲ ဖြစ်ပါတယ်။ ဖူဂျီတောင်လို့ခေါ်ဝေါ်ကြပေမယ့် တကယ်က ဖူဂျီတောင်ကြီးတောက်လျှောက်မှာ မီးတောင် ၃ခု ဆက်စပ်ပါဝင်နေပါတယ်။ တောင်အောက်ခြေဘက်မှာ Komitake မီးတောင် ၊ တောင်အလယ်မှာ Kofuji မီးတောင် နဲ့ ထိပ်ဆုံးကတော့ Fuji မီးတောင်ဖြစ်ပါတယ်။

ဖူဂျီတောင်ရဲ့ဘေးပတ်ပတ်လည်မှာတော့ Kawaguchiko, Yamanakako, Saiko, Motosuko and Shojiko စတဲ့ ရေကန် ၅ကန် ရှိပါတယ်။ တောင်ကို ဝိုင်းရံထားတဲ့ မြို့ ၃မြို့ကတော့ Gotemba ၊ Fujiyoshida နဲ့ Fujinomiya မြို့ တို့ဖြစ်ပါတယ်။

ဖူဂျီတောင်ကို သွားနိုင်တဲ့ မီးရထားလမ်းကြောင်း လေးခုရှိပါတယ်။ နှစ်စဉ် တောင်တက်သူ အယောက် ၂သိန်းကျော်ရှိပြီး ကမ္ဘာ့တောင်တက်သူအများဆုံးတောင်လည်း ဖြစ်ပါတယ်။

တောင်တက်လို့အကောင်းဆုံး တရားဝင်ခွင့်ပြုထားတဲ့ ရာသီက ဇူလိုင် နဲ့ သြဂုတ်လဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရာသီဥတုဟာ အလွန်သာယာပြီး နှင်းထုတွေကင်းစင်လေ့ရှိတာကြောင့် သဘာဝရဲ့အလှအပ နဲ့ ဖူဂျီတောင်ကို အကောင်းဆုံးမြင်တွေ့ ခံစားနိုင်မှာဖြစ်ပါတယ်။

အပူချိန်ကတော့ ပျမ်းမျှအားဖြင့် နွေရာသီမှာ ၇ဒီဂရီဆဲစီးယပ်ရှိပြီး ဆောင်းရာသီမှာတော့ -၂၁ဒီဂရီ ဆဲစီးယပ်ရှိပါတယ်။ တခါတရံ -၃၅ဒီဂရီ ဆဲစီးယပ် အထိကျဆင်းလေ့ရှိတာကြောင့် သတိထားပြီးတက်သင့်ပါတယ်။

တောင်ထိပ်ကို ပထမဆုံးရောက်ခဲ့တဲ့ နိုင်ငံခြားသားကတော့ ဗြိတိန်လူမျိုးတစ်ဦးဖြစ်တဲ့ Sir Rutherford Alcock ဖြစ်ပြီး ၁၈၆၈ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်မှာတော့ ဖူဂျီတောင်ကို မြင်ရရင် ကံကောင်းတတ်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့်လည်း ဂျပန်လူမျိုးအများစုဟာ ဖူဂျီတောင်ကို မကြာခဏတက်ကြလေ့ရှိတာဖြစ်ပါတယ်။ ဖူဂျီတောင်ကို UNESCO ကလည်း ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!