ရေးသားသူ – Htet Wa Na
Kevin ကို ၁၉၆၀ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့ တောင်အာဖရိက Johannesburg မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ထဲကလုယက်မူတွေ မူးယစ်ဆိုးကျိုးတွေကိုမြင်ခဲ့ရာက Kevin ဟာ ရဲသားတစ်ဦးဖြစ်ချင်ခဲ့သူပါ။ မိသားစုဟာဆေးဆိုင်တခုကိုပိုင်ဆိုင်ပြီး Kevinဟာလည်းအထက်တန်းကျောင်းပြီးချိန် ရှေးဦးသူနာပြုသင်တန်းနဲ့ဆေးပို့ရတဲ့သူအဖြစ် စစ်တပ်တွေကိုအဝင်အထွက်ရှိခဲ့ပါတယ်။
ကောလိပ်ကျောင်းသားဘဝမှာပဲ စစ်တပ်ထဲဝင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် Kevin ဟာမအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ဂျာနယ်လစ်တစ်ဦးဘဝကို ရောက်ရှိခဲ့ပါတယ်။ အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးအဖြစ်လည်းလုပ်ကိုင်ရင်း သူ့အသက်၂၄နှစ်မှာ Johannesburg Starမှာအလုပ်ရခဲ့ပြီး ဂျာနယ်လစ် ဓာတ်ပုံဆရာ အဖြစ်အလုပ်ဝင်ခဲ့ပါတယ်။
ဒီလိုနဲ့ဘဝကို ဂျာနယ်လစ်တစ်ဦးအဖြစ်နဲ့ လုပ်ကိုင်ရင်း နိုင်ငံပေါင်းများစွာကိုရောက်ရှိခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ အမေရိကပဋိပက္ခတွေ နဲ့နိုင်ငံတကာသတင်းဌာနများစွာကို သတင်းတွေရောင်းခဲ့ပြီး သူရိုက်ခဲ့မှတ်တမ်းယူခဲ့တဲ့ဓာတ်ပုံတွေဟာ စစ်ပွဲတွေကြား အန္တရာယ်တွေကြားကအများဆုံးရိုက်ခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြတ်သန်းလာရင်း ဆူဒန်နိုင်ငံ အစာရေစာ ရှားပါးမူကို သတင်းယူဖို့၁၉၉၃ခုနှစ်မှာ Kevin တို့ အဖွဲ့ဟာရောက်ရှိခဲ့ကြပါတယ်။ NGO အဖွဲ့တစ်ခုနဲ့အတူ လာရောက်ခဲ့တဲ့ Kevin ဟာထိုအချိန်မှာ အစာပေးဝေတဲ့နေရာကို အားမရှိလို့ လေးဖက်ထောက် လာနေခဲ့တဲ့ကလေးတစ်ဦးကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ ဒီကလေးပုံကိုရိုက်ဖို့၁၀မီတာ အကွာကရိုက်ကူးခဲ့တာဖြစ်ပြီး ကလေးနဲ့ အတူ လင်းတ တစ်ကောင်ပါ ထိုပုံထဲပါခဲ့ပါတယ်။ ပုံရိုက်ကူးယူပြီးနောက် လင်းတကိုမောင်းထုတ်ပြီး Kevinတို့ဟာပြန်ခဲ့ကြပါတယ်။
ဒီပုံကို Kevin ဟာ The New York Timesကိုရောင်းချခဲ့ပြီး ၁၉၉၃ခုနှစ် မတ်လ ၂၆ရက်နေ့ထုတ်မှာပါဝင်လာခဲ့ပါတယ်။ ထုတ်ဝေပြီး၂၄နာရီအတွင်း
“ဒီကလေးကိုကယ်နိုင်ခဲ့လား ”
“ကလေးကိုဆေးရုံပို့နိုင်ခဲ့လား”
“ကလေးအသက်ရှင်ခဲ့လား”
“ဒီကလေးကိုဘယ်လိုကူညီခဲ့လဲ”
ဆိုတဲ့မေးခွန်းတွေကိုသတင်းဌာနအား ဖုန်းcallပေါင်း ၆၀၀၀ကျော် ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ဆူဒန် Ayod က ဒီကလေးသေလား ရှင်လား လင်းတစားသွားလားဆိုတာတော့ Kevin ကိုယ်တိုင်မသိခဲ့ပါဘူး။ Kevinဟာဓာတ်ပုံ သာရိုက်ခဲ့ပြီး ကလေးကိုဒီတိုင်းထားခဲ့တာပါပဲ။
ဒီပုံဟာ ၁၉၉၄ခုနှစ် ဧပြီလ ၂၁ရက်နေ့ကကမ္ဘာ့ အကောင်းဆုံးဓာတ်ပုံတွေကိုစီစစ်ဆုပေးတဲ့ Pulitzer Prizeဆုကိုရရှိခဲ့ပါတယ်။ ဒါပေမယ့်သူမပျော်ခဲ့ရပါဘူး။ ဒီဓာတ်ပုံကြောင့် Kevinကို ဝေဖန်မူတွေ အပြစ်တင်မူတွေကို ခံခဲ့ရပါတယ်။ Kevin ရိုက်ခဲ့တဲ့ဓာတ်ပုံဟာ ကမ္ဘာ့လူထုကိုအတွေးအမြင် စာနာဖို့လူသားချင်းကူညီဖို့အစာရေစာရှားပေးနေတဲ့ အငတ်ဘေးကြုံနေရတဲ့လူသားတွေကို ပြသထားခဲ့ပေမယ့် အစာရေစာငတ်လို့ဒုက္ခရောက်နေတဲ့ကလေးငယ်တစ်ဦးနဲ့သေမှာကို စားပြီးစားဖို့စောင့်နေတဲ့ လင်းတတို့ရဲ့ပုံကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာရဲ့လျစ်လျူရှုမူကိုပါပြသ ထားခဲ့ပါတယ်။
ဒီမြင်ကွင်း ဒီဓာတ်ပုံကြောင့်ပဲKevinဟာ ကလေးကိုလျစ်လျူရှခဲ့မူအပေါ်နောင်တရခဲ့ပြီး စိတ်ကယောင်ခြောက်ခြားတွေ ညတိုင်းဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆုရပြီးမကြာပါဘူး။ Kevinဟာ ဒီနောင်တကြောင့်ပဲ ၁၉၉၄ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့မှာကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။ သူရိုက်ခဲ့တဲ့ဓာတ်ပုံကြောင့်ပဲ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပရဟိတအဖွဲ့များစွာဟာ အစာရေစာထောက်ပံ့မူတွေများစွာလုပ်ဖို့အာဖရိကကိုရောက်ရှိခဲ့ကြသလို ဒီဓာတ်ပုံဟာသမိုင်းဝင်ဓာတ်ပုံတပုံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်Kevin ကတော့သတ်သေသွားခဲ့ရပါတယ်။
Kevinဟာဆုရပြီးသတ်မသေခင်၃လအတွင်း စိတ်ရောဂါဝေဒနာပါခံစားခဲ့ရတဲ့အထိ pressure တွေများခဲ့သလို carbon monoxide အဆိပ်နဲ့သတ်သေသွားခဲ့တာပဲဖြစ်ပါတယ်။သူသေသွားခဲ့ချိန်မှာ အသက် ၃၃နှစ်သာရှိသေးပြီး ဒီဓာတ်ပုံကရတဲ့ စိတ်ဒဏ်ရာကြောင့် သူနောက်ဆုံးရေးသွားတဲ့ သေတမ်းစာဟာလည်း သူခံစားခဲ့ရမူကိုချပြသွား ခဲ့ပါတယ်။
ဒီစာအုပ်ထဲ Kevin Carterကိုဘာကြောင့်ထည့်ဖြစ်ခဲ့ရသလဲဆိုတော့ လူတချို့ဟာ ကိုယ်လိုချင်တာ ကိုယ်လုပ်ချင်တာလုပ်ဖို့အတွက် တချို့အရာတွေ တကယ်လိုအပ်တဲ့အရာတွေ တကယ်ထိခိုက်မယ့်အရာတွေ ကိုယ်လုပ်လို့ရမှာထက် ပိုလျစ်လျူရှုလိုက်လို့ပြန်ရမယ့်အမှားတွေကိုမေ့လျော့တတ်ကြပါတယ်။ ဒါကမိမိကိုယ်ကို အကြီးအကျယ်နောင်တရစေမယ့်အရာတွေဆိုတာနောင်မှဆင်ခြင်တတ်ကြတယ်။ ဒါကြောင့်ဘယ်အလုပ်ကိုမဆို မလုပ်ခင်ဘယ်သူတွေကို ထိခိုက်နိုင်မလဲဆိုတာကိုသေချာသုံးသပ်သင့်ပါတယ်။
ဓာတ်ပုံလေးတပုံကဘာမှမကြီးကျယ်ဘူးမထင်ပါနဲ့ဓာတ်ပုံတပုံကြောင့်Kevin ဟာနောင်တများစွာနဲ့ သတ်သေခဲ့ရပြီး နောင်လာနောင်သား သတင်းသမားတွေ အတွက် သံဝေဂရစရာ အသိတရားများစွာကိုထောက်ပြသွားခဲ့သူပါ။ Kevin အကြောင်းကို ရုပ်ရှင်အနေနဲ့ရောသီချင်းတွေ အနေနဲ့ပါ နောက်ပိုင်းချပြခဲ့ကြပေမယ့် သူကတော့နောင်တများစွာ နဲ့ လောကကြီးထဲကထွက်သွားခဲ့ရသူပါ။
Kevin Carter ရိုက်ကူးခဲ့သော ဓာတ်ပုံအချို့
Ref ; The Life and Death of Kevin
Carter.( TIME Domestic )
Htet Wa Na