Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် နာဆာ(NASA) အဖွဲ့ချုပ် ဆိုသည်မှာ

by Thutamm
July 25, 2019
Reading Time: 1min read
0
ကမ္ဘာကျော် နာဆာ(NASA) အဖွဲ့ချုပ် ဆိုသည်မှာ
Share on FacebookShare on Twitter

နာဆာ ဆိုတာ အမျိုးသား အကာသနှင့် လေကြောင်းဦးစီးဌာန(National Aeronautics and Space Administration, NASA) ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အမေရိကန်အစိုးရပိုင် အကာသလေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးတစ်ခုဖြစ်ပြီး ရုံးချုပ်ကတော့ အမေရိကန် ဝါရှင်တန်ဒီစီမှာတည်ရှိပါတယ်။

ဒီအဖွဲ့ကြီးကို အမေရိကန် ၃၄ဆက်မြောက် သမ္မတ Dwight D. Eisenhower လက်ထက် ၁၉၅၈ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးပရောဂျက် Mercury ကို အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အာကာသလေ့လာစူးစမ်းရေးစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ စတင်ချိန်မှာ ဝန်ထမ်း ၈၀ နဲ့ စတင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ဝန်ထမ်း ၁၈၀၀၀ ကျော်ဖြစ်နေပါပြီ။

နာဆာရဲ့ ပထမညွှန်ကြားရေးမှူးကတော့ ဒုတိယကမ္ဘာစစ်အပြီး၌ အမေရိကန်ကိုရောက်လာခဲ့တဲ့ ဂျာမန်သိပ္ပံပညာရှင် ဝါနာဗွန်ဗရောင်း ဖြစ်သည်။ ဝါနာဗွန်ဗရောင်းနှင့်အဖွဲ့ဟာ အာကာသသုတေသနပြုရေး အတွက် ဆက်တန် ၁၊ ဆက်တန် ၁ဘီ နှင့် ဆက်တန် ၅ အမျိုးအစား ဒုံးယာဉ်များကို တီထွင်ခဲ့ပါတယ်။

အဆိုပါအဖွဲ့ဟာ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် နေစွမ်းအင်ဖြင့် အသုံးပြုရသော ဗက်ထရီ ပါဝင်ပြီး အလေးချိန် ၁၇၂ ပေါင် လေးသည့် ဆက် သွယ်ရေး ဂြိုဟ်တုတစ်ခုကို အာကာသသို့ ပထမဆုံး လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲဒီ ဂြိုဟ်တုဟာ မြေပြင်နှင့်အနီးဆုံး ၈၁၇ မိုင်ရှိ ကမ္ဘာ ပတ်လမ်းကြောင်းမှ ကမ္ဘာကိုပတ်၍ ပျံသန်းခဲ့ပါတယ်။

အဲဒီနောက် အလေးချိန် ၇၉ ပေါင်လေးသော ဆန်ကွမ် ၂ ဆက်သွယ်ရေးဂြိုဟ်တုကို ၁၉၆၃ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့တွင် အာကာသသို့ ထပ်မံလွှတ်တင်ခဲ့ပြန်ပါတယ်။ ဆန်ကွမ် ၃ ဆက် သွယ်ရေးဂြိုဟ်တုကို ၁၉၆၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် အာကာသသို့ ထပ်မံလွှတ်တင်ခဲ့ရာ အဆိုပါဂြိုဟ်တုဟာ ဂျပန်နိုင်ငံမှာ ကျင်းပနေသော အိုလင်းပစ် အားကစားပွဲအား ရုပ်မြင်သံကြား အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး လွှင်ပေးနိုင်ခဲ့ပါတယ်။

နာဆာအဖွဲ့၏ စီစဉ်ချက်ဖြင့် ၁၉၅၈ ခုနှစ်မှစ၍ ပြုလုပ်ခဲ့သော အာကာသသုတေသနပြု အစီအစဉ်တွင် လူမပါသော အာကာသယာဉ်နှင့်ဂြိုဟ်တုများလွှတ်ခြင်းနှင့် လူမပါသော အာကာသယာဉ်များ လွှတ်၍ သုတေသနပြုခြင်းတို့ ပါဝင်ပါတယ်။

Freedom 7 ဟာ အမေရိကန်ရဲ့ပထမဆုံး အာကာသယာဉ်ဖြစ်ပါတယ်။ အဲဒီယာဉ်ဟာ အမေရိကန်ရဲ့အဓိက အာကာသယာဉ်ထုတ်လုပ်ရေးစခန်း Cape Canaveral ကနေ ၁၉၆၁ခုနှစ်မှာ အာကာသယာဉ်မှူး Alan Shepard က မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ Freedom 7 ကို Mercury-Redstone 3 လို့လည်းခေါ်ကြပါတယ်။ ၁၉၆၀ပြည့်နှစ်အဆုံး ဂျွန်အက်ဖ်ကနေဒီလက်ထက်မှာတည်းက လပေါ်ကိုခြေချနိုင်ဖို့ ရည်မှန်းချက်ထားခဲ့ပြီး ၁၉၆၉ခုနှစ် ဇူလိုင် ၂၀မှာတော့ ဒီရည်မှန်းချက်ကို အောင်မြင်အောင် အကာင်အထည်ဖော်နိုင်ခဲ့ပါတယ်။

လပေါ်ကိုခြေချခြင်းဟာ Apollo 11 mission ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပထမဆုံးခြေချခဲ့တဲ့သူကတော့  Neil Armstrong ဖြစ်ပါတယ်။

၁၉၇၂ခုနှစ်မှာတော့ ဂြိုဟ်ထုပေါင်းများစွာကို အာကာသထဲကိုလွှတ်တင်ခဲ့ပြီး အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာမြေရဲ့မျက်နှာပြင်ကို အာကာသကနေ ဓာတ်ပုံရိုက်ယူဖို့ဖြစ်ပါတယ်။ နာဆာဟာ အာကာသ နှင့် ပတ်သတ်သောစီမံကိန်းများ ၊ စစ်ရေးနှင့် စစ်ရေးမဟုတ်သော လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများသာမက အခြားသုတေသနလုပ်ငန်းများကိုလည်းလုပ်ကိုင်လျှက်ရှိပါတယ်။

နာဆာအဖွဲ့ဟာ အာကာသယာဉ်များ ပစ်လွှတ်ရေး အတွက် တွန်းအားပေး ဒုံးယာဉ်များကိုလည်း တီထွင်ခဲ့ပါတယ်။ တီထွင်ခဲ့သော တွန်းအားပေး ဒုံးယာဉ်များအနက် စကောက်ဒုံးယာဉ်၊ သောအေဂျီနာဒုံးယာဉ်၊ အတ္တလပ် အေဂျီနာ ဒုံးယာဉ်၊ ဆက်တန်ဒုံးယာဉ်များသည် ထင်ရှားသော ဒုံးယာဉ်မျိုး ဖြစ်ပါတယ်။

နာဆာရဲ့ နောက်ထပ်လုပ်ငန်းစဉ်တွေမှာ နေအဖွဲ့အစည်း အတွင်းရှိ ရုပ်ဝတ္ထုများကို နယူးဟော်ရီဇုန်ကဲ့သို့သော အဆင့်မြင့် ရိုဘော့မစ်ရှင်များဖြင့် လေ့လာစူးစမ်းခြင်းလည်း ပါဝင်ပါတယ်။ သွားညှိနည်းပညာ ၊ အစင်းရာမထင်တဲ့မှန်ဘီလူး ၊ Insulin Pump ၊ အာကာသသုံး Water filter ၊ ချိန်ညှိနိုင်တဲ့ မီးခိုးစစ်ဆေးမှုကိရိယာ တို့အပြင်အခြား ကိရိယာနဲ့ နည်းပညာများစွာကို တီထွင်ခဲ့ပါတယ်။

အပိုလိုအာကာသယာဉ်မှူးတွေရဲ့ အသက်အာမခံကို အာမခံကုမ္ပဏီတွေက လက်မခံခဲ့ပါဘူး။ အလွန်အန္တရာယ်များလွန်းလှတဲ့ ပတ်ဝန်းကျင်မှာလုပ်ကိုင်နေရြ့ပီး အချိန်မရွေးထိခိုက်နိုင်တဲ့အခြေအနေမှာ ရှိလို့ပါ။ Thad Roberts ဆိုတဲ့အလုပ်သင်ကျောင်းသားဟာ လကမ္ဘာပေါ်ကကျောက်တုံးများခိုးယူပြီး အဲဒီကျောက်တုံးတွေကိုအိပ်ယာလုပ်ကာ ညစ်ညမ်းစေခဲ့မှုအတွက်နဲ့ ထောင်၇နှစ်ကျခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ Sex on the Moon လို့နာမည်ကြီးခဲ့ပြီး စာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့ပါတယ်။

နာဆာရဲ့ အဓိကပရိုဂရမ်နောက်တစ်ခုကတော့ အခြားဂြိုဟ်တွေမှာ သက်ရှိတွေရှိမရှိ စောင့်ကြည့်ရေးပါပဲ။ ရှိနိုင်တယ်လို့ယုံကြည်ထားပြီး လက်ရှိအချိန်အထိတော့ သက်ရှိရှိနိုင်တဲ့ဂြိုဟ်အနည်းငယ်ကိုတွေ့ထားရြ့ပီဖြစ်ပါတယ်။ ဒါပေမယ့် အနည်းဆုံးအလင်းနှစ် ၄၀ အကွာအဝေးမှာ ရှိတာကြောင့် တကယ်ရှိမရှိလေ့လာဖို့တော့ မဖြစ်နိုင်သေးပါဘူး။

အင်တာနက်ပေါ်မှာ အလွန်နာမည်ကြီးတဲ့ နာဆာဟာ အာကာသမှာသုံးဖို့ဖောင်တိန်အတွက် ဒေါ်လာသန်းပေါင်းများစွာသုံးခဲ့ပြီး ဆိုဗီယက်အာကာသယာဉ်မှူးတွေက ခဲတံတစ်ချောင်းနဲ့ဖြေရှင်းခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ တကယ်တော့ ကောလဟာလသာဖြစ်ပါတယ်။

 

Tags: science knowledge

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

စိတ်ဝင်စားစရာ နက်ဗြူလာများ
Science & Tech

စိတ်ဝင်စားစရာ နက်ဗြူလာများ

ရေးသားသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ) လက်တင်ဘာသာစကားမှ ဆင်းသက်လာတဲ့ နက်ဗြူလာ (‘nebula’) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်ကြည့်တဲ့အခါ တိမ်တိုက် (‘cloud’) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် နက်ဗြူလာကတော့ တိမ်တိုက်တစ်ခုထက် များစွာ...

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့
Amazing

တိရစ္ဆာန်အစစ်တွေအစား နည်းပညာ သုံးကာ ဖျော်ဖြေခဲ့တဲ့ ဂျာမန်ဆပ်ကပ်အဖွဲ့

ပုံမှန်ဆိုရင်တော့ ဆပ်ကပ်အဖွဲ့တွေဟာ တိရစ္ဆာန်အစစ်တွေကိုသာ သုံးပြီးဖျော်ဖြေလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဂျာမန်က ဆပ်ကပ်အဖွဲ့တဖွဲ့ကတော့ အများနဲ့ မတူပဲ Hologram နည်းပညာကို သုံးကာ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ Hologram ကတော့ ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ 3D ပုံရိပ်နည်းပညာ...

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ
Knowledge

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ

အာကာသဝတ်စုံတွေကိုတော့ ဆွဲအားမရှိတဲ့ အာကာသထဲမှာ အာကာသယာဉ်မှူးတွေဟာ အန္တရာယ်ကင်းစွာ အသင်ရှင်နိုင်ဖို့ ဝတ်ဆင်ကြရပါတယ်။ သူတို့ရဲ့အဓိကတာဝန်ကတော့ လေဟာနယ်မှာ အသက်ရှုစေဖို့ နဲ့ သင်တော်တဲ့အပူချိန်ကို ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အာကာသဝတ်စုံတွေကို နိုင်ငံတကာ အာကာသစခန်းမှာ အသုံးပြုလျက်ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာမြင့်...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!