ပုလဲဆိုတာကတော့ ကမာ (သို့) မုတ်ကောင်တွေရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး ပုလဲသားအလွှာ Layers of Nacre တွေနဲ့ဖွဲ့စည်းထားပါတယ်။ ပုလဲတွေကို လွန်ခဲ့တဲ့ နှစ်ထောင်ချီကာလကနေစတင်ပြီး တန်ဖိုးကြီးရတနာအဖြစ် သတ်မှတ်ခဲ့ကြကာ ကံကောင်းခြင်း နှင့် သာယာဝပြောမှု သင်္ကေတအဖြစ် မှတ်ယူလေ့ရှိကြပါတယ်။ မြန်မာလူမျိုးများအတွက်မှာတော့ ပုလဲဟာ နဝရတ်(၉)ပါးတွင်ပါဝင်သောရတနာအဖြစ် အမြတ်တနိုးတန်ဖိုးထား ဝတ်ဆင်ကြလေ့ရှိပါတယ်။ ဒီတခါမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာ ယနေ့အ ထိ တွေ့ရှိခဲ့ရတဲ့ ပုလဲရတနာတွေအနက် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အကြီးဆုံး ပုလဲကြီး(၉)ခု ရဲ့အကြောင်းအရာ အချို့ပဲဖြစ်ပါတယ်။
(၉) La Peregrina Pearl
အလေးချိန် – (၅၀.၅၉)ကာရက်
တွေ့ရှိရာနေရာ – ပနားမား
တွေ့ရှိသည့်ခုနှစ် – (၁၅၁၃)
အရွယ်အစား – ဝ.၇၀၅ လက်မ
အဲဒီပုလဲရဲ့အမည်ကိုတော့ La Peregrina Pearl လို့သိကြပြီး စပိန်လိုဆိုရင်တော့ လှည့်လည်သွားလာသူ လို့ အဓိပ္ပါယ်ရပါတယ်။ ယင်းပုလဲကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူတွေကတော့ ကျွန်တွေဖြစ်ပြီးစပိန်ဘုရင် ပဉ္စမဖာဒီနန် ၅ ရဲ့သရဖူမှာမြုပ်နှံထားတဲ့ အထင်ကရရတနာအဖြစ် သမိုင်းမှ ာထင်ရှားခဲ့ပါတယ်။ ယင်းနောက်မှာဆိုရင်လည်း Peregrina Pearl ဟာစပိန်ဘုရင်ရဲ့လက်ဆောင်အဖြစ် အင်္ဂလန်ဘုရင်မေရီ လက်ဝယ် ရောက်ရှိသွားခဲ့ပြန်ပါတယ်။
La Peregrina Pearl ဟာစပိန်ဘုရင်ရဲ့သရဖူအတွင်းထည့်သွင်းခံရရစဉ်ကတော့ လိုအပ်တဲ့ပုံသဏ္ဍန်ရ အောင်ထုဆစ်ခဲ့ရတဲ့ အခြေအနေကြောင့် ပုလဲကြီးရဲ့မျက်နှာပြင်အတော်များများဖြတ်တောက်ခံခဲ့ရပြီး အလေးချိန်လျော့နည်းခဲ့ရပါတယ်။ မူလက ပုလဲကြီးရဲ့ အလေးချိန်ဟာ ၅၅.၉၅ ကာရက်တောင် ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဒီပုလဲကြီးကို ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အဲလစ်ဇဘက်တေလာက ပိုင်ဆိုင်ခဲ့ပြီး စိန်တွေ ၊ ပတ္တမြားတွေနဲ့ မွမ်းမံကာ လည်ဆွဲအဖြစ်ဝတ်ဆင်ခဲ့ပါတယ်။ ဒီလည်ဆွဲကို ၂၀၁၁ ခုနှစ် လေလံပွဲတခုမှာ ရောင်းချခဲ့ရာမှာ စံချိန်တင် ဒေါ်လာ ၁၁သန်းအထိ ရရှိခဲ့ပါတယ်။
(၈) Hope Pearl
အလေးချိန် – (၄၅၀)ကာရက်
တွေ့ရှိရာနေရာ- ပါရှန်းပင်လယ်ကွေ့
တွေ့ရှိသည့်ခုနှစ်- (၁၈၃၉)
အရွယ်အစား – ၂ လက်မ
လန်ဒန်မြို့သား ဘဏ်လုပ်ငန်းရှင်သူဌေးကြီး ဟင်နရီဖိလစ်ဟုတ်ခ်ပိုင်ဆိုင်တဲ့ ရတနာဖြစ်တာကြောင့် Hope Pearl လို့အမည်တွင်ခဲ့တာဖြစ်ပါတယ်။ ပုလဲကြီးရဲ့အရောင်အသွေးနဲ့ပုံသဏ္ဍန်ဟာဆိုရင်သာမန်ပုလဲတွေထက်မတူဘဲ ဒေါင်လိုက် ရှည်မျောမျောဖြစ်ကာ အခွံနဲ့ချိတ်ထားတဲ့နေရာကိုထင် ရှားစွာမြင်နိုင်ပါတယ်။ ယင်းအချက်ကြောင့် Hope Pearl ဟာ အရွယ်အစားကြီးမားသော် လည်းသူရဲ့တန်ဖိုးဟာအတန်ငယ် လျော့ကျသွားခဲ့ရပါတယ်။ အနုပညာဆိုင်ရာဖန်တီးမှု တစ်ခုအနေနဲ့တော့ Hope Pearl ရဲ့တစ်ဖက်တစ်ချက်မှာတော့ သေးငယ်တဲ့သရဖူတစ်ခု ကို ကပ်ထားလေ့ရှိပါတယ်။ထူးးခြားချက်ကတော့ Hope Pearl ကိုအဖြူရောင်ပုလဲအဖြစ် သတ်မှတ်ထားကြပေမဲ့ ပုလဲရဲ့တစ်ဖက်ခြမ်းမှာတော့ အစိမ်းရောင်ကြေးနီ(သို့)ကြေးဝါ ရောင်တမျိုးရှိနေပါတယ်။
(၇) Arco Valley Pearl
အလေးချိန် – (၅၇၅)ကာရက်
တွေ့ရှိရာနေရာ- အာရှတိုက်
တွေ့ရှိသည့်ခုနှစ်- (၁၁)ရာစုနှောင်းပိုင်း
အရွယ်အစား – ၂လက်မ
Arco Valley Pearl ကိုတော့သူရဲ့ထင်ရှားတဲ့အရွယ်အစားပုံသဏ္ဍာန်ကြောင့် လူသိများပါတယ်။ အာရှတိုက်ရဲ့ရေမြကနေဖြစ်ပေါ် လာတဲ့ ယင်းပုလဲရတနာဟာဆိုရင် မာကိုပိုလိုကို မွန်ဂိုဘုရင်ကူဘလိုင်ခန်က လက်ဆောင်အဖြစ်ပေးခဲ့တာပါ။ ဥရောပကို မာကိုပိုလိုယူမသွားခင်ကတော့ ယင်းပုလဲကြီးဟာ တရုတ်၊ ပါရှန်း နဲ့ မွန်ဂိုအင်ပါယာဘုရင်တွေရဲ့ အသုံးအဆောင် ရတနာအဖြစ်ရှိနေခဲ့ပါတယ်။ မာကိုပိုလိုသေဆုံးပြီးနောက်ပိုင်းမှာတော့ ယင်းပုလဲကြီးရဲ့သတင်းဟာလည်း ပျောက်ဆုံးသွားခဲ့ရပြီး နောက်ပိုင်းကာလမှသာ ဥရောပရဲ့တော်ဝင်မိသား စုတစ်စုဖြစ်တဲ့ Arco Valley ရဲ့အသုံးအဆောင်ရတနာအဖြစ်ပြန်လည်ထွက်ပေါ်လာခဲ့ ကာပုလဲကြီးရဲ့အမည်ကိုလည်း Arco Valley Pearl လို့ခေါ်ဆိုခဲ့ကြပါတယ်။ ယင်းပုလဲရတနာရဲ့အရောင်အသွေးကတော့ အဝါနဲ့ပန်းရောင်သန်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားပါ တယ်။
(၆) Pearl of Asia
အလေးချိန် – (၆၀၅)ကာရက်
တွေ့ရှိရာနေရာ- အိုမန်နိုင်ငံ
တွေ့ရှိသည့်ခုနှစ်- (၁၇)ရာစု
အရွယ်အစား – မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့
Pearl of Asia လို့သိကြတဲ့ပုလဲရတနာဟာဆိုရင်လည်း အိန္ဒိယ မဂိုမင်းဆက်တွေရဲ့ထီးသုံး နန်းသုံးအဆောင်အယောင်ဖြစ်ခဲ့ပြီးနောက် ပါရှန်းဘုရင်တွေလက်ကို ဆင့်ကဲရောက်ရှိလို့ သွားခဲ့ပါတယ်။ ယင်းနောက်မှာဆိုရင် တရုတ်ဘုရင် Qianlong က ပိုင်ဆိုင်ခဲ့ပြီး ကံကောင်းစေတဲ့၊ ပျော်ရွှင်မှုများစွာရစေတဲ့ အဆောင်တစ်ခု ဖြစ်လာခဲ့ပြန်ပါတယ်။ အင်ပါယာ မင်းအဆက်ဆက်ရဲ့ အလေးအမြတ်ထားထိန်းသိမ်းခဲ့ရတဲ့ Pearl Asia ဟာဆိုရင် ကမ္ဘာပင်လယ်ရေ အောက်ကရရှိတဲ့ အမွေအနှစ်ပုလဲရတနာတွေအနက်မှာတော့ အတော့်ကို သမိုင်းကြီးခဲ့တာဖြစ်ပါတယ်။ Pearl Asia ရဲ့အရောင်အသွေးကတော့ ငွေရောင်လွှမ်းတဲ့ အဖြူရောင် ဖြစ်ပြီး အတိုင်းအတာကိုတော့ သတ်မှတ်နိုင်ခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ ဒီပုလဲဟာ ၂၀၀၅ ခုနှစ်က တခါ ပြပွဲတခုမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလန်က အမည်မဖော်လိုသူ ရတနာစုဆောင်းသူ တယောက်ရဲ့ လက်ထဲမှာ ရှိနေပါတယ်။
(၅) Abalone Pearl
အလေးချိန် – (၇၁၈.၅၀)ကာရက်
တွေ့ရှိရာနေရာ- အမေရိကန်ပြည်ထောင်စု
တွေ့ရှိသည့်ခုနှစ်- ၂၀၁၀
အရွယ်အစား – (၃.၁)လက်မ
Abalone Pearl ကိုတွေ့ရှိခဲ့သူကတော့ Dat Vi (Peter) Trong ဖြစ်ပြီး အမေရိကန်ပြည် ထောင်စု ကယ်လီယိုဖိုးနီးယားပြည်နယ်တွင်းက Mendocino ကမ်းလွန်ဒေသမှာဖြစ်ပါ တယ်။ တွေ့ရှိပြီးမကြာခင်မှာပဲ Abalone Pearl ဟာ အဲဒီအချိန်က ဂင်းနစ်မှတ်တမ်းစာအုပ် မှာ ကမ္ဘာ့အကြီးဆုံးသော ပုလဲကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပုံသဏ္ဍာန်အားဖြင့်တော့ ဦးချိုပုံရှိပြီး ပုံမှန်ပုလဲတွေနဲ့ မတူညီပါဘူး။ Abalone Pearl တွေဟာဆိုရင် လူသားတွေရဲ့စနက်မဟုတ်ပဲ သဘာဝအတိုင်းတည်ရှိဖြစ်ပေါ်လာတဲ့ ပုလဲတွေဖြစ်ပြီး အရောင်ကတော့ စိမ်းပြာရောင် ရှိနေတတ်ပါတယ်။
(၄) Centaur Pearl
အလေးချိန် – (856.58)ကာရက်
တွေ့ရှိရာနေရာ- အဘူဒါဘီ
တွေ့ရှိသည့်ခုနှစ်- ၂၀၀၀
အရွယ်အစား – (၄.၅၀)လက်မ
Centaur Pearl ကိုတော့ the Danat Sheikha Fathima bint Mubarak Pearl လို့ လည်းလူသိများထင်ရှားပြီးကမ္ဘာအကြိးဆုံးသောကျောက်မျက်ရတနာအဖြစ်လည်းလူသိ များပါတယ်။အဲဒီပုလဲရတနာကိုတော့ Centaurလို့သိကြတဲ့ ရွှေချထားတဲ့ ရှေးခေတ် ဂရိဒဏ္ဍာရီလာ လူတပိုင်းမြင်းတပိုင်းသတ္တဝါရဲ့ရင်ဘတ်အဖြစ် တပ်ဆင်ထားပြီး နာမည်ကျော် အဘူဒါဘီ ဟိုတယ်မှ ာခင်းကျင်းးပြသခဲ့ပြီး နောက်မှာတော့ Centaur Pearl ဆိုတဲ့အမည်ကိုရခဲ့ပါတယ်။ ယင်းပုလဲကြီးရဲ့မူလနာမည်ဖြစ်တဲ့ the Danat Sheikha Fathima bint Mubarak Pearl ဆိုတာကတော့ နိုင်ငံတည်ထောင်သူရဲ့ဇနီးတယောက်ဖြစ်တဲ့ Fatima bint Mubarak ကို နိုင်ငံရဲ့မိခင်အဖြစ် ရည်ညွှန်းဂုဏ်ပြုခေါ်ဝေါ်ထားတာဖြစ်ပါတယ်။
(၃) Palawan Princess
အလေးချိန် – (၁၁၃၄၀)ကာရက်
တွေ့ရှိရာနေရာ- ဖိလစ်ပိုင်
တွေ့ရှိသည့်ခုနှစ်- ၂၀၀၉
အရွယ်အစား – (၆)လက်မ
အရှေ့တောင်အာရှက ဖိလစ်ပိုင်နိုင်ငံရဲ့ ပလာဝမ် ကမ်းလွန်ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တဲ့ ပလာဝမ်မင်းသမီး Palawan Princess အမည်ရ အလွန်ကြီးမားတဲ့ပုလဲကြီးဟာဆိုရင်လည်း ကမ္ဘာအဆင့်မှတ်တမ်းဝင် ပုလဲရတနာအဖြစ်ရှိခဲ့ပါတယ်။ Palawan Princess ကို တွေ့ရှိတဲ့ရေပြင် ဧရိယာဟာဆိုရင် အလွန်ကြီးမားတဲ့ သဘာဝပုလဲရတနာများစွာထွက်ရှိရာနေရာအဖြစ် ကျော်ကြားလူသိများပါတယ်။ လုံးဝန်းတဲ့အဆင်းသဏ္ဍာန်မရှိပေမဲ့ Palawan Princess ဟာဆိုရင် ကမ္ဘာ့တန်ဖိုးကြီးပုလဲကြီးအဖြစ်ရပ်တည်နေဆဲဖြစ်ပြီး သူ့ရဲ့ပုံသဏ္ဍာန်ကတော့ လူသားဦးနှောက်ပုံနဲ့ သွားတူနေပါတယ်။
(၂) Pearl of Lao Tzu
အလေးချိန် – (၃၁၈၉၅.၅)ကာရက်
တွေ့ရှိရာနေရာ – ဖိလစ်ပိုင်
တွေ့ရှိသည့်ခုနှစ်- ၁၉၃၄
အရွယ်အစား – (၉.၄)လက်မ
လူတစ်ယောက်ရဲ့မုတ်ဆိတ်သဏ္ဍာန်တည်ရှိနေတဲ့ Pearl of Lao Tzu ဟာဆိုရင် ကမာခွံအတွင်းဆုံး ပုလဲလွှာ မပါဝင်တဲ့ ရတနာဖြစ်တယ် လို့ စတင် တွေ့ရှိသူတွေရဲ့အဆိုအရသိရပြီး ဒါဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ အများစုက ကောက်ချက်ချထားကြပါတယ်။ Pearl of Lao Tzu ဟာ ဆိုရင် calcareous (ထုံးဓာတ် ပါဝင်သော)ပုံဆောင်ခဲတစ်ခုဖြစ်သော်လည်း သိပ္ပံပညာရပ်ဆိုင်ရာအချက်အလက်တွေအရတော့ ပုလဲအဖြစ် ရပ်တည်နေပါတယ်။
ပုလဲရဲ့ပုံမှန်မဟုတ်တဲ့ဖွဲ့စည်းပုံကြောင့် ကျော်ကြားသလို အဲဒီပုလဲရတနာဟာဆိုရင်တရုတ်နာမည်ကျော် ဒသာနိကဗေဒနဲ့ ယုတ္တိဗေဒပညာ ရှင် လောင်ဇူး(သို့) လောင်ဇီ ရဲ့ပျောက်ဆုံးသွားတဲ့ပုလဲကြီးဖြစ်တယ်ဆိုတဲ့အကြောင်းအရာကလည်း လက်ရှိသမိုင်းပညာရှင်တွေအကြား ငြင်းခုံစရာမှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်နေဆဲလည်းဖြစ်ပါတယ်။ Pearl of Lao Tzu ကိုတော့ အမေရိကန်ပြည်ထောင်စုကပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်အကြောင်းအရာ၊ပစ္စည်းတွေကိုပြသလေ့ရှိတဲ့ Ripley’s Believe It or Not မှာ ခင်းကျင်းပြသခဲ့တဲ့ မှတ်တမ်းရှိပါတယ်။
(၁) Pearl of Puerto
အရွယ်အစား – (၁၇၀၀၀၀)ကာရက်
တွေ့ရှိရာနေရာ- ဖိလစ်ပိုင်
တွေ့ရှိသည့်ခုနှစ်- ၁၉၉၆
အရွယ်အစား – (၂၆.၃၇)လက်မ
ကမ္ဘာကျော်ပုလဲရတနာအများဆုံးထွက်ရှိရာ ဖိလစ်ပိုင်နိုင်ငံရဲ့ရတနာပစ္စည်းတစ်ခုဖြစ်တဲ့ Pearl of Puerto ဟာဆိုရင် အလျား (၂၆.၃၇)လက်မအထိအရွယ်အစားရှိပါတယ်။ ဒီပုလဲကြီးကို ၁၉၉၆ ခုနှစ်စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာအ ကြီးဆုံးပုလဲကြီးအဖြစ်ရပ်တည်နေပါတယ်။ ဖိလစ်ပိုင် တံငါသည် တစ်ယောက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကံကောင်းစေတဲ့ အထိမ်းအမှတ်ပစ္စည်းအဖြစ် သူ့ရဲ့အိပ်ရာကုတင်အောက်မှာ နှစ်ပေါင်းများစွာသိမ်းဆည်းခြင်းကိုလည်း ခံခဲ့ရပါတယ်။ နောက်ပိုင်းရောက်မှသာ သူရဲ့ဆွေမျိုးတဦးဖြစ်တဲ့ Puerto Princesa Tourism က ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Aileen Cynthia Maggay Amurao ရဲ့ဖော်ထုတ်မှုကြောင့်သာ Pearl of Puerto ဟာ ကမ္ဘာ့လူ မြင်ကွင်းထဲကိုရောက်လာခဲ့တာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ လက်ရှိအချိန်မှာ Pearl of Puerto ရဲ့ ခန့်မှန်းတန်ဖိုးဟာ ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပေမယ့် မူရင်းပိုင်ရှင်ဟာ မည်သူ့ကိုမျှ အတည်ပြုရောင်းချခြင်း မရှိသေးဘူးလို့ သိရပါတယ်။
—– —– ———-
(Zawgyi)
ကမာၻ႔အၾကီးဆံုး ပုလဲၾကီး ၉ ခု
ပုလဲဆိုတာကေတာ့ ကမာ (သုိ႔) မုတ္ေကာင္ေတြရဲ့ခႏၶာကိုယ္အတြင္းပိုင္းကေန ျဖစ္ေပၚလာတာျဖစ္ျပီး ပုလဲသားအလႊာ Layers of Nacre ေတြနဲ ႔ဖြဲ႔စည္းထားပါတယ္။ ပုလဲေတြကို လြန္ခဲ့တဲ့ နွစ္ေထာင္ခ်ီကာလကေနစတင္ျပီး တန္ဖိုးၾကီးရတနာအျဖစ္ သတ္မွတ္ခဲ့ၾကကာ ကံေကာင္းျခင္း နွင့္ သာယာဝေျပာမွု သေကၤတအျဖစ္ မွတ္ယူေလ့ရွိၾကပါတယ္။ ျမန္မာလူမ်ိဳးမ်ားအတြက္မွာေတာ့ ပုလဲဟာ နဝရတ္(၉)ပါးတြင္ပါဝင္ေသာရတနာအျဖစ္ အျမတ္တနိုးတန္ဖိုးထား ဝတ္ဆင္ၾကေလ့ရွိပါတယ္။ ဒီတခါမ်ွေဝေပးခ်င္တာကေတာ့ ကမာၻေပၚမွာ ယေန႔အ ထိ ေတြ႔ရွိခဲ့ရတဲ့ ပုလဲရတနာေတြအနက္ မွတ္တမ္းတင္နိုင္ခဲ့တဲ့ အႀကီးဆုံး ပုလဲၾကီး(၉)ခု ရဲ့အေၾကာင္းအရာ အခ်ိဳ႕ပဲျဖစ္ပါတယ္။
(၉) La Peregrina Pearl
အေလးခ်ိန္ – (၅၀.၅၉)ကာရက္
ေတြ႔ရွိရာေနရာ – ပနားမား
ေတြ႔ရွိသည့္ခုနွစ္ – (၁၅၁၃)
အရြယ္အစား – ၀.၇၀၅ လက္မ
အဲဒီပုလဲရဲ့အမည္ကိုေတာ့ La Peregrina Pearl လို႔သိၾကျပီး စပိန္လိုဆိုရင္ေတာ့ လွည့္လည္သြားလာသူ လို႔ အဓိပၸါယ္ရပါတယ္။ ယင္းပုလဲကို ပထမဆံုးရွာေဖြေတြ႔ရွိခဲ့သူေတြကေတာ့ ကြ်န္ေတြျဖစ္ျပီးစပိန္ဘုရင္ ပဥၥမဖာဒီနန္ ၅ ရဲ့သရဖူမွာျမဳပ္နွံထားတဲ့ အထင္ကရရတနာအျဖစ္ သမိုင္းမွ ာထင္ရွားခဲ့ပါတယ္။ ယင္းေနာက္မွာဆိုရင္လည္း Peregrina Pearl ဟာစပိန္ဘုရင္ရဲ့လက္ေဆာင္အျဖစ္ အဂၤလန္ဘုရင္ေမရီ လက္ဝယ္ ေရာက္ရွိသြားခဲ့ျပန္ပါတယ္။
La Peregrina Pearl ဟာစပိန္ဘုရင္ရဲ့သရဖူအတြင္းထည့္သြင္းခံရရစဥ္ကေတာ့ လိုအပ္တဲ့ပံုသ႑န္ရ ေအာင္ထုဆစ္ခဲ့ရတဲ့ အေျခအေနေၾကာင့္ ပုလဲၾကီးရဲ့မ်က္နွာျပင္အေတာ္မ်ားမ်ားျဖတ္ေတာက္ခံခဲ့ရျပီး အေလးခ်ိန္ေလ်ာ့နည္းခဲ့ရပါတယ္။ မူလက ပုလဲႀကီးရဲ႕ အေလးခ်ိန္ဟာ ၅၅.၉၅ ကာရက္ေတာင္ ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ေနာက္ပုိင္းမွာေတာ့ ဒီပုလဲႀကီးကို ေဟာလိ၀ုဒ္ရုပ္ရွင္မင္းသမီး အဲလစ္ဇဘက္ေတလာက ပုိင္ဆုိင္ခဲ့ၿပီး စိန္ေတြ ၊ ပတၱျမားေတြနဲ႔ မြမ္းမံကာ လည္ဆြဲအျဖစ္၀တ္ဆင္ခဲ့ပါတယ္။ ဒီလည္ဆြဲကို ၂၀၁၁ ခုႏွစ္ ေလလံပြဲတခုမွာ ေရာင္းခ်ခဲ့ရာမွာ စံခ်ိန္တင္ ေဒၚလာ ၁၁သန္းအထိ ရရွိခဲ့ပါတယ္။
(၈) Hope Pearl
အေလးခ်ိန္ – (၄၅၀)ကာရက္
ေတြ႔ရွိရာေနရာ- ပါရွန္းပင္လယ္ေကြ႔
ေတြ႔ရွိသည့္ခုနွစ္- (၁၈၃၉)
အရြယ္အစား – ၂ လက္မ
လန္ဒန္ျမိဳ႕သား ဘဏ္လုပ္ငန္းရွင္သူေဌးၾကီး ဟင္နရီဖိလစ္ဟုတ္ခ္ပိုင္ဆိုင္တဲ့ ရတနာျဖစ္တာေၾကာင့္ Hope Pearl လို႔အမည္တြင္ခဲ့တာျဖစ္ပါတယ္။ ပုလဲၾကီးရဲ့အေရာင္အေသြးနဲ႔ပံုသ႑န္ဟာဆိုရင္သာမန္ပုလဲေတြထက္မတူဘဲ ေဒါင္လုိက္ ရွည္ေမ်ာေမ်ာျဖစ္ကာ အခြံနဲ႔ခ်ိတ္ထားတဲ့ေနရာကိုထင္ ရွားစြာျမင္နိုင္ပါတယ္။ ယင္းအခ်က္ေၾကာင့္ Hope Pearl ဟာ အရြယ္အစားၾကီးမားေသာ္ လည္းသူရဲ့တန္ဖိုးဟာအတန္ငယ္ ေလ်ာ့က်သြားခဲ့ရပါတယ္။ အနုပညာဆိုင္ရာဖန္တီးမႈ တစ္ခုအေနနဲ႔ေတာ့ Hope Pearl ရဲ့တစ္ဖက္တစ္ခ်က္မွာေတာ့ ေသးငယ္တဲ့သရဖူတစ္ခု ကို ကပ္ထားေလ့ရွိပါတယ္။ထူးးျခားခ်က္ကေတာ့ Hope Pearl ကိုအျဖဴေရာင္ပုလဲအျဖစ္ သတ္မွတ္ထားၾကေပမဲ့ ပုလဲရဲ့တစ္ဖက္ျခမ္းမွာေတာ့ အစိမ္းေရာင္ေၾကးနီ(သို႔)ေၾကးဝါ ေရာင္တမ်ိဳးရိွေနပါတယ္။
(၇) Arco Valley Pearl
အေလးခ်ိန္ – (၅၇၅)ကာရက္
ေတြ႔ရွိရာေနရာ- အာရွတိုက္
ေတြ႔ရွိသည့္ခုနွစ္- (၁၁)ရာစုေနွာင္းပိုင္း
အရြယ္အစား – ၂လက္မ
Arco Valley Pearl ကိုေတာ့သူရဲ့ထင္ရွားတဲ့အရြယ္အစားပံုသ႑ာန္ေၾကာင့္ လူသိမ်ားပါတယ္။ အာရွတိုက္ရဲ့ေရျမကေနျဖစ္ေပၚ လာတဲ့ ယင္းပုလဲရတနာဟာဆိုရင္ မာကိုပိုလိုကို မြန္ဂုိဘုရင္ကူဘလုိင္ခန္က လက္ေဆာင္အျဖစ္ေပးခဲ့တာပါ။ ဥေရာပကို မာကိုပုိလုိယူမသြားခင္ကေတာ့ ယင္းပုလဲႀကီးဟာ တရုတ္၊ ပါရွန္း နဲ႔ မြန္ဂုိအင္ပါယာဘုရင္ေတြရဲ့ အသံုးအေဆာင္ ရတနာအျဖစ္ရွိေနခဲ့ပါတယ္။ မာကိုပိုလိုေသဆံုးျပီးေနာက္ပိုင္းမွာေတာ့ ယင္းပုလဲၾကီးရဲ့သတင္းဟာလည္း ေပ်ာက္ဆံုးသြားခဲ့ရျပီး ေနာက္ပိုင္းကာလမွသာ ဥေရာပရဲ့ေတာ္ဝင္မိသား စုတစ္စုျဖစ္တဲ့ Arco Valley ရဲ့အသံုးအေဆာင္ရတနာအျဖစ္ျပန္လည္ထြက္ေပၚလာခဲ့ ကာပုလဲၾကီးရဲ့အမည္ကိုလည္း Arco Valley Pearl လို႔ေခၚဆိုခဲ့ၾကပါတယ္။ ယင္းပုလဲရတနာရဲ့အေရာင္အေသြးကေတာ့ အဝါနဲ ႔ပန္းေရာင္သန္းတဲ့ အသြင္အျပင္ကို ပို္င္ဆိုင္ထားပါ တယ္။
(၆) Pearl of Asia
အေလးခ်ိန္ – (၆၀၅)ကာရက္
ေတြ႔ရွိရာေနရာ- အိုမန္နိုင္ငံ
ေတြ႔ရွိသည့္ခုနွစ္- (၁၇)ရာစု
အရြယ္အစား – မွတ္တမ္းတင္နိုင္ျခင္းမရွိခဲ့
Pearl of Asia လို႔သိၾကတဲ့ပုလဲရတနာဟာဆိုရင္လည္း အိႏၵိယ မဂုိမင္းဆက္ေတြရဲ့ထီးသံုး နန္းသံုးအေဆာင္အေယာင္ျဖစ္ခဲ့ျပီးေနာက္ ပါရွန္းဘုရင္ေတြလက္ကို ဆင့္ကဲေရာက္ရွိလို႔ သြားခဲ့ပါတယ္။ ယင္းေနာက္မွာဆိုရင္ တရုတ္ဘုရင္ Qianlong က ပိုင္ဆုိင္ခဲ့ၿပီး ကံေကာင္းေစတဲ့၊ ေပ်ာ္ရႊင္မႈမ်ားစြာရေစတဲ့ အေဆာင္တစ္ခု ျဖစ္လာခဲ့ျပန္ပါတယ္။ အင္ပါယာ မင္းအဆက္ဆက္ရဲ့ အေလးအျမတ္ထားထိန္းသိမ္းခဲ့ရတဲ့ Pearl Asia ဟာဆိုရင္ ကမာၻပင္လယ္ေရ ေအာက္ကရရွိတဲ့ အေမြအနွစ္ပုလဲရတနာေတြအနက္မွာေတာ့ အေတာ့္ကို သမိုင္းၾကီးခဲ့တာျဖစ္ပါတယ္။ Pearl Asia ရဲ့အေရာင္အေသြးကေတာ့ ေငြေရာင္လႊမ္းတဲ့ အျဖဴေရာင္ ျဖစ္ျပီး အတိုင္းအတာကိုေတာ့ သတ္မွတ္နိုင္ခဲ့ျခင္းမ်ိဳး မရွိခဲ့ပါဘူး။ ဒီပုလဲဟာ ၂၀၀၅ ခုနွစ္က တခါ ျပပြဲတခုမွာ ျပန္လည္ထြက္ေပၚလာခဲ့ၿပီး လက္ရွိမွာေတာ့ အဂၤလန္က အမည္မေဖာ္လုိသူ ရတနာစုေဆာင္းသူ တေယာက္ရဲ႕ လက္ထဲမွာ ရွိေနပါတယ္။
(၅) Abalone Pearl
အေလးခ်ိန္ – (၇၁၈.၅၀)ကာရက္
ေတြ႔ရွိရာေနရာ- အေမရိကန္ျပည္ေထာင္စု
ေတြ႔ရွိသည့္ခုနွစ္- ၂၀၁၀
အရြယ္အစား – (၃.၁)လက္မ
Abalone Pearl ကိုေတြ႔ရွိခဲ့သူကေတာ့ Dat Vi (Peter) Trong ျဖစ္ျပီး အေမရိကန္ျပည္ ေထာင္စု ကယ္လီယိုဖိုးနီးယားျပည္နယ္တြင္းက Mendocino ကမ္းလြန္ေဒသမွာျဖစ္ပါ တယ္။ ေတြ႔ရွိျပီးမၾကာခင္မွာပဲ Abalone Pearl ဟာ အဲဒီအခ်ိန္က ဂင္းနစ္မွတ္တမ္းစာအုပ္ မွာ ကမာၻ႔အၾကီးဆံုးေသာ ပုလဲၾကီးအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ပံုသ႑ာန္အားျဖင့္ေတာ့ ဦးခ်ဳိပံုရွိျပီး ပံုမွန္ပုလဲေတြနဲ႔ မတူညီပါဘူး။ Abalone Pearl ေတြဟာဆိုရင္ လူသားေတြရဲ့စနက္မဟုတ္ပဲ သဘာဝအတိုင္းတည္ရွိျဖစ္ေပၚလာတဲ့ ပုလဲေတြျဖစ္ၿပီး အေရာင္ကေတာ့ စိမ္းျပာေရာင္ ရွိေနတတ္ပါတယ္။
(၄) Centaur Pearl
အေလးခ်ိန္ – (856.58)ကာရက္
ေတြ႔ရွိရာေနရာ- အဘူဒါဘီ
ေတြ႔ရွိသည့္ခုနွစ္- ၂၀၀၀
အရြယ္အစား – (၄.၅၀)လက္မ
Centaur Pearl ကိုေတာ့ the Danat Sheikha Fathima bint Mubarak Pearl လို႔ လည္းလူသိမ်ားထင္ရွားျပီးကမာၻအၾကိးဆံုးေသာေက်ာက္မ်က္ရတနာအျဖစ္လည္းလူသိ မ်ားပါတယ္။အဲဒီပုလဲရတနာကိုေတာ့ Centaurလို႕သိၾကတဲ့ ေရႊခ်ထားတဲ့ ေရွးေခတ္ ဂရိဒ႑ာရီလာ လူတပိုင္းျမင္းတပိုင္းသတၱဝါရဲ့ရင္ဘတ္အျဖစ္ တပ္ဆင္ထားျပီး နာမည္ေက်ာ္ အဘူဒါဘီ ဟုိတယ္မွ ာခင္းက်င္းးျပသခဲ့ျပီး ေနာက္မွာေတာ့ Centaur Pearl ဆိုတဲ့အမည္ကိုရခဲ့ပါတယ္။ ယင္းပုလဲၾကီးရဲ့မူလနာမည္ျဖစ္တဲ့ the Danat Sheikha Fathima bint Mubarak Pearl ဆိုတာကေတာ့ နိုင္ငံတည္ေထာင္သူရဲ႕ဇနီးတေယာက္ျဖစ္တဲ့ Fatima bint Mubarak ကို ႏုိင္ငံရဲ႕မိခင္အျဖစ္ ရည္ညႊန္းဂုဏ္ျပဳေခၚေ၀ၚထားတာျဖစ္ပါတယ္။
(၃) Palawan Princess
အေလးခ်ိန္ – (၁၁၃၄၀)ကာရက္
ေတြ႔ရွိရာေနရာ- ဖိလစ္ပိုင္
ေတြ႔ရွိသည့္ခုနွစ္- ၂၀၀၉
အရြယ္အစား – (၆)လက္မ
အေရွ႕ေတာင္အာရွက ဖိလစ္ပိုင္နိုင္ငံရဲ့ ပလာ၀မ္ ကမ္းလြန္ပင္လယ္ျပင္မွာ ေတြ႔ရွိခဲ့တဲ့ ပလာ၀မ္မင္းသမီး Palawan Princess အမည္ရ အလြန္ၾကီးမားတဲ့ပုလဲၾကီးဟာဆိုရင္လည္း ကမာၻအဆင့္မွတ္တမ္းဝင္ ပုလဲရတနာအျဖစ္ရွိခဲ့ပါတယ္။ Palawan Princess ကို ေတြ႔ရိွတဲ့ေရျပင္ ဧရိယာဟာဆိုရင္ အလြန္ၾကီးမားတဲ့ သဘာဝပုလဲရတနာမ်ားစြာထြက္ရွိရာေနရာအျဖစ္ ေက်ာ္ၾကားလူသိမ်ားပါတယ္။ လံုးဝန္းတဲ့အဆင္းသ႑ာန္မရွိေပမဲ့ Palawan Princess ဟာဆိုရင္ ကမာၻ႔တန္ဖိုးၾကီးပုလဲၾကီးအျဖစ္ရပ္တည္ေနဆဲျဖစ္ၿပီး သူ႔ရဲ႕ပုံသ႑ာန္ကေတာ့ လူသားဦးေနွာက္ပံုနဲ႔ သြားတူေနပါတယ္။
(၂) Pearl of Lao Tzu
အေလးခ်ိန္ – (၃၁၈၉၅.၅)ကာရက္
ေတြ႔ရွိရာေနရာ – ဖိလစ္ပိုင္
ေတြ႔ရွိသည့္ခုနွစ္- ၁၉၃၄
အရြယ္အစား – (၉.၄)လက္မ
လူတစ္ေယာက္ရဲ့မုတ္ဆိတ္သ႑ာန္တည္ရွိေနတဲ့ Pearl of Lao Tzu ဟာဆိုရင္ ကမာခြံအတြင္းဆံုး ပုလဲလႊာ မပါဝင္တဲ့ ရတနာျဖစ္တယ္ လို႔ စတင္ ေတြ႔ရွိသူေတြရဲ့အဆိုအရသိရျပီး ဒါဟာ သဘာဝလြန္ျဖစ္ရပ္တစ္ခုျဖစ္တယ္လို႔ အမ်ားစုက ေကာက္ခ်က္ခ်ထားၾကပါတယ္။ Pearl of Lao Tzu ဟာ ဆိုရင္ calcareous (ထံုးဓာတ္ ပါဝင္ေသာ)ပံုေဆာင္ခဲတစ္ခုျဖစ္ေသာ္လည္း သိပၸံပညာရပ္ဆိုင္ရာအခ်က္အလက္ေတြအရေတာ့ ပုလဲအျဖစ္ ရပ္တည္ေနပါတယ္။
ပုလဲရဲ့ပံုမွန္မဟုတ္တဲ့ဖြဲ႔စည္းပံုေၾကာင့္ ေက်ာ္ၾကားသလို အဲဒီပုလဲရတနာဟာဆိုရင္တရုတ္နာမည္ေက်ာ္ ဒသာနိကေဗဒနဲ႔ ယုတၱိေဗဒပညာ ရွင္ ေလာင္ဇူး(သုိ႔) ေလာင္ဇီ ရဲ့ေပ်ာက္ဆံုးသြားတဲ့ပုလဲၾကီးျဖစ္တယ္ဆိုတဲ့အေၾကာင္းအရာကလည္း လက္ရွိသမိုင္းပညာရွင္ေတြအၾကား ျငင္းခံုစရာမွတ္တမ္းတစ္ခုအျဖစ္ က်န္ရစ္ေနဆဲလည္းျဖစ္ပါတယ္။ Pearl of Lao Tzu ကိုေတာ့ အေမရိကန္ျပည္ေထာင္စုကပံုမွန္မဟုတ္တဲ့ အျဖစ္အပ်က္အေၾကာင္းအရာ၊ပစၥည္းေတြကိုျပသေလ့ရွိတဲ့ Ripley’s Believe It or Not မွာ ခင္းက်င္းျပသခဲ့တဲ့ မွတ္တမ္းရွိပါတယ္။
(၁) Pearl of Puerto
အရြယ္အစား – (၁၇၀၀၀၀)ကာရက္
ေတြ႔ရွိရာေနရာ- ဖိလစ္ပိုင္
ေတြ႔ရွိသည့္ခုနွစ္- ၁၉၉၆
အရြယ္အစား – (၂၆.၃၇)လက္မ
ကမာၻေက်ာ္ပုလဲရတနာအမ်ားဆံုးထြက္ရွိရာ ဖိလစ္ပိုင္နိုင္ငံရဲ့ရတနာပစၥည္းတစ္ခုျဖစ္တဲ့ Pearl of Puerto ဟာဆိုရင္ အလ်ား (၂၆.၃၇)လက္မအထိအရြယ္အစားရွိပါတယ္။ ဒီပုလဲႀကီးကို ၁၉၉၆ ခုႏွစ္စတင္ေတြ႔ရွိခဲ့တာျဖစ္ၿပီး လက္ရွိကမာၻအ ၾကီးဆံုးပုလဲၾကီးအျဖစ္ရပ္တည္ေနပါတယ္။ ဖိလစ္ပိုင္ တံငါသည္ တစ္ေယာက္က စတင္ေတြ႔ရွိခဲ့တာျဖစ္ျပီး ကံေကာင္းေစတဲ့ အထိမ္းအမွတ္ပစၥည္းအျဖစ္ သူ႔ရဲ့အိပ္ရာကုတင္ေအာက္မွာ နွစ္ေပါင္းမ်ားစြာသိမ္းဆည္းျခင္းကိုလည္း ခံခဲ့ရပါတယ္။ ေနာက္ပိုင္းေရာက္မွသာ သူရဲ့ေဆြမ်ဳိးတဦးျဖစ္တဲ့ Puerto Princesa Tourism က ဝန္ထမ္းတစ္ေယာက္ျဖစ္တဲ့ Aileen Cynthia Maggay Amurao ရဲ့ေဖာ္ထုတ္မႈေၾကာင့္သာ Pearl of Puerto ဟာ ကမာၻ႔လူ ျမင္ကြင္းထဲကိုေရာက္လာခဲ့တာျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ လက္ရွိအခ်ိန္မွာ Pearl of Puerto ရဲ့ ခန္႔မွန္းတန္ဖုိးဟာ ေဒၚလာ သန္း ၁၀၀ ၀န္းက်င္ရွိေနၿပီျဖစ္ေပမယ့္ မူရင္းပုိင္ရွင္ဟာ မည္သူ႔ကိုမွ် အတည္ျပဳေရာင္းခ်ျခင္း မရွိေသးဘူးလုိ႔ သိရပါတယ္။