Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား အမြန်ဆုံး ကျည်ဆန်ရထားများ

by Thutamm
August 10, 2019
Reading Time: 1min read
0
ကမ္ဘာတလွှား အမြန်ဆုံး ကျည်ဆန်ရထားများ
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ(သုတအလင်း)

အသံထက်မြန်သည့် လေယာဉ်များ၏ ခေတ်သစ်သည် အယူအဆသစ်တစ်ခုအဖြစ် ကျန်ရှိနေခဲ့ချိန်တွင် ကျည်ဆန်ရထားများသည် ကမ္ဘာကြီးကိုပတ်လျက် ပိုမိုလျင်မြန်စွာ အမှန်ပင် ပြေးဆွဲသွားလာနေကြသည်။ ဥရောပတစ်ခွင်ကို မီးရထားဖြင့် သွားခြင်းသည် လေယာဉ်ထက်သွားခြင်းထက် ပိုမိုလျင်မြန်ချိန်တွင် ဂျပန်နိုင်ငံက တစ်နာရီ လျှင် ၃၇၄ မိုင်အထိ ခုတ်မောင်းနိုင်သည့် မီးရထားကို ယမန်နှစ်က စမ်းသပ်ပြေးဆွဲနိုင်ခဲ့သည်။ ၁ ဒသမ ၁ မိုင်ခရီး ကို ၁၀ ဒသမ ၈ စက္ကန့်ဖြင့် ရောက်ရှိခဲ့သဖြင့် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည့်ယင်းရထားကို လက်ရှိ အချိန်တွင် မစီးနိုင်ကြသေးသော်လည်း အလွန် လျင်မြန်သည့် ကျည်ဆန်ရထားများကို ခရီးသွားသူများ စီးနင်းနိုင်ကြပြီဖြစ်ပေသည်။

၁၀။ Amtrak Acela Express: 150 mph

အမေရိကန်နိုင်ငံ၏ လက်ရှိ မြန်နှုန်းမြင့် မီးရထား အမ်တရက်ခ် အေစီလာကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ပြေးဆွဲခဲ့သည်။ သို့သော် ယင်းအချိန်မှစ၍ ရထားပေါ်တွင်အခမဲ့ ဝိုင်ဖိုင်လွှင့်ပေးခြင်းမှလွဲ၍ ပြောင်းလဲမှုများစွာ မတွေ့ရှိရချေ။ အမေရိကန်နိုင်ငံ မြန်နှုန်းမြင့်မီးရထား ကွန်ရက်သည် ကန့်သတ်မှုများရှိနေကာ ဘော့စ်တွန်၊ နယူးယောက်၊ ဖီလ်လာဒီဖီးယား၊ ဘယ်လ်တီမိုးနှင့် ဝါရှင် တန်ဒီစီတို့ကို ဆက်သွယ်သည့် မြောက်ပိုင်းစြင်္က ံလမ်းတွင်သာ ပြေးဆွဲလျက်ရှိသည်။

ခရီးစဉ် အစအဆုံးကို တစ်ခေါက်စီးနင်းမည်ဆိုပါက အရှိန်နှင့် လမ်းအနေအထား ကန့်သတ်မှုများကြောင့်ခုနစ်နာရီဝန်းကျင် ကြာမြင့်မည်ဖြစ်သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်တွင် တူညီသော ခရီးအကွာအဝေးရှိသည့် အမေရိကတိုက် အနောက်ဘက် ကမ်းခြေတွင်ပြေးဆွဲမည့် ကာလီဖိုးနီးယား မြန်နှုန်းမြင့်ရထားလမ်းစီမံချက်တွင် ရထားများသည် တစ်နာရီလျှင် မိုင်၂၂၀ ပြေးဆွဲကာ ဆန်ဖရန်စစ္စကိုမှ လော့စ်အိန်ဂျယ်လိစ်သို့ ၂နာရီ မိနစ် ၄၀ ဖြင့် ရောက်ရှိမည်ဟုဆိုပေသည်။

၉။ Hokuriku Shinkansen E7: 161 mph

၂၀၁၅ ခုနှစ် မတ်လက ဟိုကူရီကူရှင်ကန်စန် မီးရထား စတင်ပြေးဆွဲသည့်နေ့ တွင် ရထား လက်မှတ်များသည် ၂၅ စက္ကန့်အတွင်းရောင်းကုန်ခဲ့သည်။ရထားလိုင်းကိုစတင်ဖွင့်ခြင်းသည် တိုကျိုမှ တိုရာမာနှင့် ကာနာဇာဝါမြို့များသို့ မီးရထားစီးနင်းချိန်များကို လျှော့ချနိုင်ခြင်းကြောင့် လက်မှတ်များ အလွန်လျင်မြန်စွာ ကုန်သွားခြင်းသည် အံ့သြဖွယ်ဟု မဆို နိုင်ချေ။ ယင်းရထားခရီးသည် တစ် နာရီလျှင် ၁၆၁ မိုင်နှုန်းဖြင့် ဂျပန်နိုင်ငံတောင်တန်းများကို ဖြတ်ကျော်လျက် လေးနာရီ မောင်းနှင်ခဲ့ရသည့်ခရီးကို နှစ်နာရီဖြင့်အရောက် ပို့ဆောင်နိုင်ခဲ့သည်။

ဂျပန်နိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် ကာနာဇာဝါသည် ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ဘေးစစ်ဒဏ်မှ လွတ်ကင်းခဲ့သည့် သမိုင်းဝင် ဂင်ရှာ ခရိုင်အတွင်း တည်ရှိနေခဲ့သည်။ တစ်ချိန်က ဆာမူရိုင်းများနှင့် အိမ်နီးချင်းဖြစ်ခဲ့သည့် ကာနာဇာဝါမြို့သည် ဆွဲဆောင်မှုများစွာရှိနေကာ ဂျပန်နိုင်ငံ၏ အလှပဆုံး ဥယျာဉ်မြို့တော်များအနက် တစ်ခုဖြစ်သည်။ ကျည်ဆန်ရထား မပြေးဆွဲမီကတည်းက ကာနာဇာဝါမြို့သည် ပြည်တွင်းခရီးသွားများ နှစ်ခြိုက်ကြသည့် နေရာတစ်ခုဖြစ်ခဲ့သည်။ ရထားပြေးဆွဲနိုင်ခဲ့ချိန်တွင် ပြည်ပ ခရီးသွားများကို ကာနာဇာဝါမြို့အား ပြသနိုင်ခဲ့ပေသည်။

၈။ Thalys: 186 mph

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရတ်ဆဲလ်၊ ပြင်သစ်နိုင်ငံ၊ ပါရီ နှင့် ဂျာမနီနိုင်ငံ ကိုလုံး မြို့တို့ ကို ဆက်သွယ်ကာ နေ့စဉ်ပြေးဆွဲနေသည့်မီးရထားလိုင်း Thalys သည် ဥရောပတိုက်၏ အရေးအကြီးဆုံးသော ရထားလိုင်းတစ်ခု ဖြစ်သည်။ တစ်နာရီလျှင် ၁၈၆ မိုင်နှုန်းမောင်းနှင်သည့် ယင်းရထားသည် ဇိမ်ကျကျ စီးလိုသူများနှင့် လုပ်ငန်းကိစ္စခရီးသွားသူများအတွက် ဖြစ်ကာ အမျိုးအစားနှစ်မျိုးကွဲပြားသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဂျာမနီနိုင်ငံမှ ယင်းရထားလိုင်းကို ဒေါ့မွန်မြို့အထိ တိုးချဲ့ပြေးဆွဲခဲ့သည်။ သို့သော် ဘရတ်ဆဲလ်မှ ပါရီ ခရီးစဉ်သည် လုပ်ငန်း၏ တစ်ဝက်ကျော်သာ ဆောင်ရွက်နိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

၇။ Hayabusa Shinkansen E5: 200 mph

ဂျပန်နိုင်ငံသည် မြန်နှုန်းမြင့်ရထားများကို ၁၉၆၄ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သဖြင့် ရထားပြေးဆွဲမှု ၅၂ နှစ်မြောက် အခမ်း အနားကို ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည်။မြန်နှုန်းမြင့်ရထားများကို စတင်ပြေးဆွဲခဲ့စဉ်က တိုကျိုနှင့် အိုဆာကာမြို့အကြား Hikari ရထားများပြေးဆွဲခဲ့သည်။ထိုစဉ်ကပင်ဂျပန်နိုင်ငံ၏ အကြီးဆုံး မြို့နှစ်မြို့အကြား ခုနစ်နာရီ သွားနေရသည့် ခရီးကို လေးနာရီဖြင့် ရောက်ရှိစေရန် ရထားမောင်းနှင်ချိန်ကို လျှော့ချနိုင်ခဲ့သည်။

ယခုအခါ တစ်နာရီလျှင် မိုင် ၂၀၀ မောင်းနှင်သည့် ဟေယာဘူစာ ရှင်ကန်စန် အီးဖိုက်ဆီးရီး ရထားများသည် ဂျပန်နိုင်ငံ ရထားလမ်း ပေါ်တွင် အသစ်ပြေးဆွဲနေသည့်ကျည်ဆန် ရထားများဖြစ်သည်။တိုကျိုမြို့မှ ဂျပန်နိုင်ငံ မြောက်ပိုင်းအစွန်းရှိ ဟွန်ရှူးကျွန်းရှိ ရှင်အိုမိုရီသို့ ပြေးဆွဲနေသည့် အမြန်ဆုံး ရထားများကို လွန်ခဲ့သည့် မတ်လက လမ်းကြောင်းတိုးခဲျ့ပြေးဆွဲခဲ့ရာ ဟိုကိုင်ဒိုရှိ ရှင်ဟာကိုဒါတေးဟိုကူတို အထိ ကျည်ဆန်ရထား ဖြင့် သွားနိုင်ပြီဖြစ်ရာ ခရီးစဉ်တစ်လျှောက်လုံး ပျမ်းမျှ အမြန်နှုန်း တစ်နာရီ မိုင် ၁၆၀ နှုန်း မောင်းနှင်လျက်ရှိသည်။

၆။ Eurostar e320 and TGV: 200 mph

TGV နှင့် ယူရိုစတား e320 မီးရထားများသည် တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းပြေးဆွဲနိုင်ကြသည်။ ကုမ္ပဏီ၏ သက်တမ်း ၂၂ နှစ်အတွင်း ယူရိုစတား မီးရထားတစ်စီးကို အစအဆုံး ပြန်လည် ဒီဇိုင်းဆွဲထားသည့် e320 မီးရထားများသည် အမြန်ဆုံး မီးရထားများ အဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။ မူလကပြေးဆွဲနေသည့် e320 ရထားများ၏ အမြန်နှုန်းထက် တစ်နာရီလျှင် ၂၀ ကီလိုမီတာ (၁၂ ဒသမ ၄၂ မိုင်) ပိုမို လျင်မြန်သည့် လက်ရှိမီးရထားများသည် ပြေးဆွဲချိန် ၁၅ မိနစ် အချိန်သက်သာခဲ့ကာ ဘရပ်ဆဲလ်၊ ပါရီနှင့် လန်ဒန်မြို့များသို့ နှစ်နာရီ ဝန်းကျင်ဖြင့် သွားရောက်နိုင်သည်။ ယူရိုစတား ရထားများသည် ခရီးသည်များကို သက်ဆိုင်ရာမြို့တော်များ၏ မြို့လယ်သို့ ပို့ဆောင်ပေးကာ ခရီးစဉ်တစ် ကြောင်းလျှင် ဒေါ်လာ ၇၀ ကျသင့်ကာ ရထား၏ လျင်မြန်မှုကို လေယာဉ်စီးခရီးသည်များ အံ့သြကြရပေသည်။

၅။ Deutsche Bahn ICE: 205 mph

အစဉ်အလာမှ သိသိသာသာ ခွဲထွက်၍ ခေတ်ဆန်လွန်းသော အဖြူနှင့် ငွေရောင် အမြန်ရထားလိုင်း(ICE)သည်ဂျာမနီနိုင်ငံ၏ လှပသော ရှုမျှော်ခင်းများရှိသည့် ကျေးလက်ဒေသများတွင် အရှိန်အဟုန်ဖြင့် ခုတ်မောင်းနေသည်။ မီးရထား၏နှစ်ခြိုက်ဖွယ် မြင်ကွင်း ကို အနီရောင် ရထားသံလမ်းများဖြင့် ပေါင်းစပ်ထားသည်။ စပိန်နိုင်ငံတွင်ပြေးဆွဲနေသည့် ရန်ဖေးလ် ရထားများကဲ့သို့ပင် ဂျာမနီ နိုင်ငံ၏ အမြန်ဆုံး မီးရထားသည် ဆီးမန်းကုမ္ပဏီကပင် ထုတ်လုပ်ခဲ့သည့် ဒီဇိုင်း the Velaro D ဖြစ်သည်။

ရထားဒီဇိုင်းကို ရေ လက်ကြား ဥမင်လိုဏ်အတွင်း ဖြတ်သန်း ခုတ်မောင်းရာတွင် သင့်လျော်သော ပုံစံဖြစ်စေရန် တည်ဆောက်ခဲ့သည်။ ဂျာမနီနိုင်ငံမှ အမြန်ဆုံးမီးရထား ဒျုချီဘန်သည် တစ်နာရီလျှင် ၂၀၅ မိုင် မောင်းနှင်နိုင်သည်။ ဒျုချီဘန် မီးရထားများကို အနာဂတ်တွင် ဂျာမနီနိုင်ငံဖရန့်ဖတ်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ ပြေးဆွဲ နိုင်ရန် မျှော်လင့်ထားခြင်းသည် အရေးကြီးသော အချက်တစ်ခုဖြစ်ပေသည်။

၄။ ရန်ဖေးလ် Renfe AVE: 217 mph

စပိန်နိုင်ငံတွင်ပြေးဆွဲနေသည့် မီးရထားများအနက် အမြန်ဆုံးရထားသည် ဂျာမနီနိုင်ငံ ဆီးမန်း ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် Velaro E ဖြစ်သည်။ ယင်းရထားကို စပိန်နိုင်ငံအတွင်း တစ်မြို့နှင့် တစ်မြို့ ခရီးဝေးကွာသည့် မြို့ကြီးများနှင့် စပိန်နိုင်ငံပြင်ပ နိုင်ငံများ မှ မြို့ကြီးများသို့ဆက်သွယ်ပြေးဆွဲလျက်ရှိသည်။ တစ်နာရီလျှင် ၂၁၇ မိုင်ပြေးဆွဲနိုင်သည့် ရန်ဖေးလ် ရထားသည် ဘာစီလိုနာမှ မဒဂရစ်မြို့ကို နှစ်နာရီခွဲသာမောင်းနှင်သကဲ့သို့ ဘာစီလိုနာမှ ပြင်သစ်နိုင်ငံပါရီမြို့သို့ ပြေးဆွဲချိန် ခြောက်နာရီသာ ကြာမြင့်သည်။

စပိန်နိုင်ငံ အမျိုးသာ မီးရထား သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ၂၀၀၁ ခုနှစ်တွင် ဂျာမနီနိုင်ငံမှ Velaro E ရထားများကို ဝယ်ယူပြေးဆွဲခဲ့သည်။ ဘာစီလိုနာမှ မဒရစ်မြို့ခရီးစဉ်ကို ၂၀၀၇ ခုနှစ်တွင်စတင်ပြေးဆွဲခဲ့သည်။ ယင်းရထားတွင်တွဲဆိုင်း ရှစ်တွဲပါရှိကာ ခရီးသည် ၄၀၄ ဦး တစ်ပြိုင်တည်း လိုက်ပါစီးနင်းနိုင်သည်။

၃။ အနီရောင်မြားရထား Trenitalia Frecciarossa 1000: 220 mph

အီတလီနိုင်ငံတွင် မီလန်မြို့မှ ဖလောရင့်စ် သို့မဟုတ် ရောမမြို့သို့ ပြေးဆွဲနေသည့် မီးရထားသည် ဥရောပတိုက်တွင် ပြေးဆွဲနေသည့် မီးရထားများအနက် အမြန်ဆုံးဖြစ်သည်။ အနီရောင်မြားဟု ထင်ရှားသည့် ယင်းရထားသည် ခရီးသည်များကို လွန်း ပျံပြေးဆွဲပေးနေကာ အချိန်သုံးနာရီမျှသာ ကြာမြင့်သည်။

၂၀၁၅ ခုနှစ်က မီလန်မြို့တွင်ကျင်းပခဲ့သည့် Expo 2015 ပြပွဲအတွင်း ဖွင့်လှစ်ခဲ့သည့် အနီရောင်မြားရထားသည် ရထား တည်ဆောက်ထားပုံစနစ်အရ အရှိန်မြင့်မားစွာ ပြေးဆွဲနိုင်သဖြင့် အလွန်ထူးခြားခဲ့သည်။ မီးရထားတည်ဆောက်ရာတွင် အသုံးပြုထားသည့် ပစ္စည်းများအားလုံးသည် ပြန်လည် မွမ်းမံနိုင်ကာ စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်သည်။ အနီရောင်မြားသည်တစ်နာရီလျှင် ၂၂၀ မိုင်နှုန်း ဖြင့် ပြေးဆွဲလျက်ရှိသည်။

၂။ ဟာမိုနီ စီမာအိပ်ချ် Harmony CRH 380 A: 236 mph

တရုတ် မီးရထားလုပ်ငန်းမှ ပြေးဆွဲသည့် ဟာမိုနီရထားသည် သံလိုက်စွမ်းအင်ဖြင့် ပြေးဆွဲခြင်းမဟုတ်သည့် ခရီးသည်တင် ရထားများတွင် အမြန်ဆုံးဖြစ်သည်။ဟာမိုနီသည် ၂၀၁၀ ပြည့်နှစ်မှစ၍ ရှန်ဟိုင်းနှင့် နန်ကျင်းမြို့အကြားပြေးဆွဲခဲ့သည်။ဟာမိုနီသည် တစ်နာရီလျှင် ၂၃၆ မိုင်နှုန်းဖြင့် မောင်းနှင်နေစဉ် တုန်ခါလှုပ်ရမ်းခြင်းမရှိသဖြင့် စီးနင်းသူများ အလွန် သက်တောင့်သက်သာ ရှိသည်။

ရထားမောင်းခန်း၏အနီးတွင် ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှုနိုင်သည့် သီးသန့်ခန်းတစ်ခု ထည့်သွင်းထားသည်။ ရထားဝန်ဆောင်မှုအဖြစ် ရထားစီးနင်းသူများအား အစားအစာနှင့် အဖျော်ယအမကာတိုက်ကျွေးသည့်အပြင် ခရီးသည်တစ်ဦးစီအတွက် စာကြည့်မီးလုံး၊လျှပ်စစ်ဓာတ်အားပလပ်ပေါက်နှင့် အီလက်ထရောနစ် ဖန်သားပြင်တစ်ခုစီကို စီစဉ်ပေးထားသည်။ ဟာမိုနီ အမြန် ရထားသည် စီးနင်းသူများပြားသဖြင့် ရှန်ဟိုင်းမှ ဟန်ချူနှင့် ဝူဟန်မှ ကွမ်ကျိုးသို့ တိုးခဲ့ျပြေးဆွဲမည်ဖြစ်သည်။

၁။ ရှန်ဟိုင်းမဂ်လက်ဗ် Shanghai Maglev: 267 mph

ယနေ့ကမ္ဘာတွင် အမြန်ဆုံးမောင်းနှင်နေသည့် မီးရထားသည် အသစ်လွင်ဆုံး၊ အတောက်ပဆုံး၊စီးနင်းခ အကြီးဆုံးရထား တစ်စီး မဟုတ်ပါချေ။ ရှန်ဟိုင်း မဂ်လက်ဗ် မီးရထားသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း ပူဒေါင်းမှ ၁၉ မိုင် ကွာဝေးသည့် မြို့လယ် လောင်ဂျန်ဘူတာသို့ ခရီးသည်တစ်ဦး တစ်ကြိမ်စီးလျှင် ရှစ်ဒေါ်လာကောက်ခံသည်။

ယင်းခရီးကို သံလိုက် စွမ်းအားဖြင့် လေတွင်ကြွကာ မောင်းနှင်သည့် နည်းပညာ(magnetic levitation)ကို အသုံးပြုလျက် ခုနစ်မိနစ်သာ မောင်းနှင်ရ သည်။ ထို့ကြောင့် ယင်းရထားကို maglev ဟု အမည်ပေးခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ ခရီးသည်များသည် မဂ်လက်ဗ် မီးရထားဖြင့် ပူဒေါင်း လေဆိပ်သို့အသွား အပြန် စီးနင်းလိုက်ပါနိုင်ခဲ့ကြပြီး မီးရထား၏ အမြန်နှုန်းသည် တစ်နာရီလျှင် ၂၆၇ မိုင်ဖြစ်သည်။

၁၈၂၅ ခုနှစ်တွင် ဂျော့စတီဖင်ဆန် (၁၇၈၁-၁၈၄၈) တီထွင်သည့် ရေနွေးငွေ့သုံးစက်ခေါင်းသည် ရထားလမ်းပေါ်တွင် ကောင်းစွာမောင်းနှင်နိုင်ခဲ့ပြးီနောက် မီးရထား သယ်ယူပို့ဆောင်ရေးသည် ကမ္ဘာအနှံ့ ဖွံ့ဖြိုးကြီးထွားလာခဲ့သည်။မီးရထားများသည် အရှိန်နှုန်း မြန်သည်ထက် မြန်လာခဲ့ကြရာ ကျည်ဆန်ပြေးသည့် အရှိန်ဖြင့်ပင် နှိုင်းယှဉ်နိုင်သည်အထိတိုးတက်ခဲ့ပေသည်။ နောင်တွင် မီးရထားများသည် မည်သည့်မြန်နှုန်း အထိ ရောက်ရှိဦးမည်ဆိုသည်ကိုမူ မတွက်ချက်နိုင်ကြသေးပါချေ။

မှီငြမ်း
The 10 Fastest Trains in the World

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဇွန်လထုတ် သုတအလင်းမဂ္ဂဇင်းမှ

Tags: techworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!