Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

by Thutamm
January 20, 2021
Reading Time: 3min read
0
ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Share on FacebookShare on Twitter

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။

ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင် ရေများဖြတ်သန်းစီးဆင်းရာမှ ပေါ်လာခြင်းဖြစ်သည်။ ထိုရေများသည် ရေခဲမြစ်ပေါ်တွင် စတင်ဖြစ်ပေါ်လာလေ့ရှိပြီး ရေခဲမြစ်တွင်းပေါက်ကြီးများမှ တဆင့် အောက်ခြေသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ထိုမှတဆင့် လေဝင်နိုင်သော ဥမင်များ ဖြစ်ပေါ်လာရသည်။

တချို့ရေခဲဂူများမှာမူ မြေပြင်အောက်ဘက်တွင်ရှိသော သဘာ၀ မြေအောက်အောင်း အပူကြောင့် ဖြစ်ပေါ်လာလေ့ရှိသည်။ ထိုဖြစ်စဉ်ကို Geothermal ဟု သိကြပြီး ကမ္ဘာမြေအောက်ဘက်ရှိ ကျောက်များ မီးတောင်ချော်ရည်များကြောင့် အပူဓာတ်ကို ရရှိလာခြင်းဖြစ်သည်။ အိုက်စလန်နိုင်ငံ Vatnajökull ရေခဲမြစ်တွင်ရှိသော Kverkfjöll ရေခဲဂူသည် ထိုသို့သောဂူ အမျိုးအစားဖြစ်ပြီး ဂူအလျား ၁.၇ မိုင်ခန့်အထိ ရှိသည်။

အချို့သောရေခဲဂူများသည် ရေခဲမြစ်များ အရည်ပျော်ခြင်း နှင့် ရွှေ့ရှားခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်လာတတ်သည်။ အမေရိကန်နိုင်ငံ Rainier တောင်ရှိ ပါရာဒိုက်ရေခဲဂူများသည် ထိုသို့သောဂူများဖြစ်သည်။ ၁၉၇၈ ခုနှစ်တိုင်းတာမှုများအရ ထိုဂူများ၏ ဂူလမ်းကြောင်းအလျားမှာ ၈မိုင်ကျော်ရှိသည်ဟုသိရပြီး ကမ္ဘာ့အရှည်လျားဆုံး ရေခဲဂူ ကွန်ယက် ဟု ဆိုကြသည်။

ရေခဲဂူများကို glaciologist များက လေ့လာကြ၍ ထိုသို့လေ့လာသည့် ပညာရပ်ကို glaciospeleology ဟု ခေါ်ကြလေ့ရှိသည်။ ကမ္ဘာပေါ်ရှိရေခဲလိုဏ်ဂူများကို ရုရှားနိုင်ငံ ၊ အမေရိကန်နိုင်ငံ အလက်စကားဒေသ နှင့် အိုက်စလန်နိုင်ငံတို့တွင် အများဆုံးတွေ့ရလေ့ရှိသည်။ အောက်တွင်တွေ့ရသည်မှာ ကမ္ဘာတလွှားမှ အလှဆုံးသော ရေခဲဂူအချို့၏ ပုံရိပ်များဖြစ်ပါသည်။

Kamchatka, Russia

Mendenhall Glacier in Juneau, Alaska

Eisriesenwelt ice cave, Werfen, Austria

Waterfall Ice Cave in Vatnajokull, Iceland

Sandy Glacier in Mt. Hood, Oregon

Ice cave in Skaftafell, Iceland

Ice cave near Granite Falls, Washington

Perito Moreno Glacier in Patagonia, Argentina

Ice cave in Vatnajökull, Iceland

Ice cave near the Mutnovsky Volcano in Russia

Tags: photosworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!