၁၉၄၅ခုနှစ် အောက်တိုဘာလ မှာဂျပန်စစ်တပ်ဟာ အသေးစားရေငုပ်သဘောၤ ၈၄စီးကို ကွဲပြားတဲ့ပုံစံ ၄ မျိုးနဲ့ထုတ်လုပ်ခဲ့ပါတယ်။ အဓိကထုတ်လုပ်ခဲ့တာတော့ Koryu အမျိုးအစားပါ။ ပုံရဲ့ဒုတိယတန်းညာဘက်မှာရှိတဲ့ သဘောၤနှစ်စီးမှာ ပိုကြီးတဲ့ပယ်ရီစကုပ်ပါ မျှော်စင်ခန်းပါရှိပြီး သဘောၤဧရာခန်းကို ပိုတိုအောင်တည်ဆောက်ထားပါတယ်။
ဂျပန်ရေတပ်ကထုတ်တဲ့ အသေးစားရေငုပ်သဘောၤတွေရဲ့အလေးချိန်ဟာ တန် ၁၅၀အောက်ပဲ ရှိပါတယ်။ ဒီသဘောၤတွေမှာ လူရှစ်ဦးထက်မပိုတဲ့ စစ်သည်တွေအမှုထမ်းနိုင်ပါတယ်။ ဒါပေမဲ့သက်သောင့်သက်သာနေနိုင်တဲ့ အကျယ်အဝန်းမရှိပါဘူး။ ဒါအပြင်တာဝန်ထမ်းဆောင်နေချိန် သတင်းပို့ခြင်းနဲ့ အခြားထောက်ပံ့မှုတွေပြုလုပ်နိုင်ဖို့ မိခင်စစ်သဘောၤနဲ့ အဆက်အသွယ်တွေကိုတော့ တပ်ဆင်ထားပါတယ်။
ဂျပန်ရေတပ်ဟာ ဖော်ပြထားတဲ့ သင်္ဘောတွေအပါအဝင် အသေးစားရေငုပ်သဘောၤအစီး စုစုပေါင်း ၈၀၀ ခန့်ကိုအမျိုးအစား ၇မျိုးခွဲပြီးထုတ်လုပ်ခဲ့ပါတယ်။ ဒီသဘောၤတွေဟာ အရွယ်အစားသေးငယ်ပေမဲ့ ရန်သူကိုကြီးကြီးမားမား ပျက်စီးအောင်တိုက်ခိုက်နိုင်လို့ အကျိုးအမြတ်ရှိတဲ့ထုတ်လုပ်မှုဖြစ်ခဲ့ပါတယ်။ ဒီသဘောၤတွေကို စတင်ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်က ရန်သူ့ရေတပ်အုပ်စုကို ဖျက်ဆီးဖို့ပါ။ဒါပေမဲ့ သူတို့ထင်ထားသလိုမဖြစ်ခဲ့ပဲ ရန်သူသဘောၤဆိပ်ကမ်းကိုတိုက်ခိုက်ဖို့နဲ့ ပင်လယ်ကမ်းခြေလုံခြုံရေးအတွက်ပဲ အသုံးပြုနိုင်ခဲ့ပါတယ်။
ဒီသဘောၤတွေမှာနာမည်မရှိဘဲ Ha ဆိုတဲ့အက္ခရာနဲ့ နံပါတ်တွေသာရှိပါတယ်။ ဥပမာ Ha=19။ ဒီနံပါတ်တွေဟာ ပြင်ပကာလမှာရော စစ်ဆင်ရေးကာလတွေမှာ ပါဖော်ပြခြင်းမရှိပါဘူး။ ဒီသဘောၤတွေရဲ့အမည်ဟာ သူတို့ရဲ့ပင်မစစ်သဘောၤကိုသာကိုယ်စားပြုပါတယ်။ ဥပမာ ပင်မစစ်သဘောၤI-24 ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ Ha-19 ကို I-24tou လို့ ခေါ်ရမှာပါ။ Ha ဆိုတဲ့အက္ခရာပဲပုံသေမရှိဘဲ D”s ဆိုတဲ့ အက္ခရာနဲ့လည်းရှိပြီး ဒီအမျိုးအစားဆိုရင်တော့ Ha-109,Ha-110 စတဲ့ ဂဏန်းသုံးလုံးတွဲ သဘောၤအမည်တွေကိုသုံးလေ့ရှိပါတယ်။

၁၉၄၄ခုနှစ်ကာလတွေမှာ ဂျပန်ရေတပ်အတွက် ကမ်းရိုးတန်းကာကွယ်ရေးလုပ်ငန်းတွေကို အဆောင်တလျင်ပြုလုပ်ရန်လိုအပ်လာတဲ့အတွက် ဂျပန်ရေတပ်ဟာ Koryu Tei Gata အမည်ရှိType-D အမျိုးအစားသဘောၤတွေ တည်ဆောက်လာကြပါတယ်။ ဒီသဘောၤတွေဟာ ပထမထုတ်တဲ့ Koryu Type-A တွေထက် အလေးချိန်နည်းပေမဲ့ နည်းပညာပိုင်းသာလွန်ပါတယ်။
ပိုလျှင်မြန်မှုရှိအောင် အလေးချိန်လျော့ပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ TypeD ရေငုပ်သဘောၤတွေဟာ အလေးချိန် ၆၀တန် အလျား၈၆ပေ ရှိကာ စစ်သည်ငါးဦးကို တင်ဆောင်နိုင်ပြီး ပိုကောင်းတဲ့အင်ဂျင်ပါဝါ တပ်ဆင်ပေးထားပါတယ်။ ဒီသဘောၤတွေဟာ စစ်ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့ပြီး အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကာလတွင် ရေကြောင်းတိုက်ခိုက်မှုတွေမှာ နာမည်ကြီးခဲ့တာပါ။
Koryu ရေငုပ်သဘောၤတွေမှာ လက်နက်ကြီးအဖြစ် ၁၇.၇လက်မ တော်ပီဒိုဒုံးကျည်လက်နက် နှစ်စင်းကို တပ်ဆင်ထားပါတယ်။ အစောပိုင်းထုတ်လုပ်တဲ့သဘောၤတွေမှာ အက္ခရာနံပါတ်တွေပါရှိပြီး Ha အက္ခရာစီးရီးအနေနဲ့ Ha-101 စပြီး ရှိပါတယ်။ ဒီအထဲက ရေငုပ်သဘောၤ ၁၁၅စင်းကိုစစ်မြေပြင်ကိုပို့ပြီးတဲ့နောက် ၁၉၄၅ခုနှစ် သြဂုတ်လမှာတော့ဂျပန်တွေ လက်နက်ချခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာတော့မဟာမိတ်တပ်တွေ ဂျပန်နိုင်ငံတွင်းဝင်ရောက်လာတဲ့အခါ တည်ဆောက်ပြီးရေငုပ်သဘောၤတွေနဲ့ တည်ဆောက်ဆဲ ရေငုပ်သဘောၤ ရာပေါင်းများစွာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီအထဲမှာ Korya အမျိုးအစားရေငုပ်သဘောၤ အစီး ၅၀၀နီးပါးလည်း ပါဝင်ပါတယ်။
ဒီအထဲက အချို့ကိုတော့ Kaiten အမျိုးအစား အသေခံ တော်ပီဒို ရေငုပ်သဘောၤတွေအတွက် လေ့ကျင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။ ခိုင်တန်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဂျပန်လို”ကောင်းကင်ဘုံသို့ပြန်လည်ရောက်ရှိခြင်း” (Return to Heaven) လို့အဓိပ္ပာယ်ရပါတယ်။ ခိုင်တန်နဲ့အတူပစ်လွှတ်လိုက်တဲ့သူဟာ သေဆုံးသွားမယ်ဆိုတာကို စကားလှအောင်သုံးထားတဲ့သဘောဖြစ်ပြီး တကယ်တော့ ဂျပန်ဧကရာဇ်ရေတပ်မတော်ရဲ့ suicide craft တစ်မျိုးသာဖြစ်ပါတယ်။
