Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကိုယ့်အသက်ကို မငဲ့ပဲ ဂျူးလူမျိုး ၆၀၀၀ ကျော်ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့သူ

by Thutamm
November 23, 2020
Reading Time: 1min read
0
ကိုယ့်အသက်ကို မငဲ့ပဲ ဂျူးလူမျိုး ၆၀၀၀ ကျော်ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့သူ
Share on FacebookShare on Twitter

ရေးသားသူ – ဦးကိုကိုဦး ( သာယာဝတီ )

ကျုပ်က ကိုယ့်အစိုးရကိုယ်ဆန့်ကျင်ချင် ဆန့်ကျင်မယ် ။ ကိုယ့်ဘုရားသခင် ကိုယ်မဆန့်ကျင်နိုင်ဘူး လို့ ဆိုတဲ့သူ

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စက်မှုလုပ်ငန်းရှင် အော်စကာရှင်းဒလားဟာ သူ့ရဲ့ စက်ရုံလုပ်ငန်းမှာ ဂျူးလူမျ ို း ( ၁၂၀၀ ) ကျော်ကို အလုပ်ခန့်ထားပေးခြင်း အားဖြင့် နာဇီတို့ရဲ့ မျိုးဖြုတ် သုတ်သင်မှုဘေးက လွတ်မြောက်အောင် ကယ်တင်ခဲ့ပါတယ် ။ ဒီဖြစ်ရပ်မှန် ကို Schindler’s List ရုပ်ရှင်ကားနဲ့ ကမ္ဘာသိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဂျပန်သံတမန်တယောက် ဖြစ်တဲ့ ချိယုနဲ ဆုဂိဟယ ( Chiune Sugihara ) ကို ” ဂျပန် ရှင်းဒလား ” လို့ ခေါ်ဝေါ်သတ်မှတ်ကြပါတယ် ။ သူ့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း စွမ်းဆောင်ချက်တွေကိုတော့ လူသိနည်းနေတုန်း ပါပဲ။

ဆုဂိဟယ ကို ( ၂၀ ) ရာစုနှစ်ရဲ့ ပထမဆုံးနေ့မှာ ဖွားမြင်ပါတယ် ။ သူ့ဖခင်က ထင်ရှားတဲ့ အထူးကုဆရာဝန်ကြီး ပါ ။ ဖခင်ကြီး ဆန္ဒအတိုင်း ဆေးတက္ကသိုလ် တက်ရောက်နေတုန်းမှာပဲ သူဟာ နိုင်ငံခြားဘာသာစကားတွေမှာ ထူးချွ န်သူဖြစ်ပြီး သူ တကယ်ဖြစ်ချင်တဲ့ဘဝ က နိုင်ငံပေါင်းစုံကို လှည့်ပတ်သွားလာနေရတဲ့ ဘဝမျိုးပဲ ဆိုတာ သူ့ကိုယ်သူ ရှာဖွေတွေ့ရှိသွားတယ် ။ ဒါနဲ့ပဲ ဆေးတက္ကသိုလ်စာမေးပွဲကို တမင်ကျအောင် ဖြေလိုက်တယ် ။

ပြီးတော့ နိုင်ငံခြားသံတမန် သင်တန်းကျောင်းကို ပြောင်းတက်တယ် ။ ဆိုဗီယက်ရပ်ရှား ဆိုင်ရာ အထူးကျွ မ်းကျင်သူအဖြစ် လေ့လာသင်ယူခဲ့ရတယ် ။ ဒါပေမယ့် အလုပ်စဝင်ဝင်ချင်းမှာ ဆိုဗီယက်ရပ်ရှား ကို မသွားရသေးဘူး ။ အဲ့အချိန်က ဂျပန်လက်အောက်ခံ နယ်မြေဖြစ်တဲ့ တရုတ်ပြည်မန်ချူ းရီးယားနယ်က မန်ချူးကိုး ရုပ်သေးအစိုးရ ရဲ့ ဂျပန်သံရုံးမှာအမှုထမ်းရတယ် ။

၁၉၃၉ ခုနှစ် နိုဝင်ဘာလ ရောက်မှ အဲ့အချိန်က ဆိုဗီယက်ရပ်ရှားပြည်ထောင်စုရဲ့ ပြည်နယ်တခုဖြစ်တဲ့ လစ်သူယေးနီးယား ( ယနေ့ခေတ် လစ်သူယေးနီးယားနိုင်ငံ ) ရဲ့ မြို့တော် ကောနပ်စ် ကို ဂျပန် လက်ထောက်ကောင်စစ်ဝန် အဖြစ် ပြောင်းရွှေ့ အမှုထမ်းရတယ် ။ နောက် ၂ လ အကြာမှာ နာဇီဂျာမနီ က ပိုလန်နိုင်ငံကို ကျ ူ းကျော်သိမ်းပိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီး စတင်ပါတော့တယ် ။ ဆုဂိဟယ ဟာ ကိုယ့်သဘောနဲ့ ကိုယ် နာဇီဆန့်ကျင်ရေး ပိုလန်မြေအောက် တော်လှန်ရေးသမားတွေနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တယ် ။

အဲ့အချိန်က ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ ဝင်မပါသေးဘူး ။ ဒါကြောင့် နာဇီဂျာမနီနဲ့ရော ။ ဆိုဗီယက်ရပ်ရှားနဲ့ရော သင့်မြတ်အောင် ဆက်ဆံဖို့ ဆုဂိဟယ ကို သူ့အထက်အရာရှိတွေက ညွှန်ကြားထားတယ် ။ ဒါပေမယ့် ဆုဂိဟယ က နာဇီလက်က လွတ်အောင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပိုလန်တော်လှန်ရေးသမား တချို့ကို ဂျ ပန်ပြည်ဝင်ခွင့် ဗီဇာ ရရှိအောင် သူ့လုပ်ပိုင်ခွင့်ဘောင်အတွင်းက ကူညီလိုက်တယ် ။ ဒီသတင်းဟာ နာဇီလက်က လွတ်အောင် သေပြေးရှင်ပြေးတိမ်းရှောင်နေရတဲ့ ဂျူးဒုက္ခသည်တွေ ဆီကို ရောက်သွားတယ် ။

မကြာခင်မှာပဲ ဆုဂိဟယ ရဲ့ လစ်သူယေးနီးယား ဂျပန်ကောင်စစ်ဝန်ရုံးရှေ့မှာ ဂျပန်ဗီဇာ လာလျှောက်တဲ့ ဂျူးလူမျိုးတွေ စုပြုံ နေတော့တယ် ။ အဲ့အချိန်က နာဇီလက်အောက် ကျ ရောက်သွားပြီဖြစ်တဲ့ ပိုလန် ။ ဟော်လန် စတဲ့ တိုင်းပြည်တွေက ဂျူးလူမျို းတွေဟာ နာဇီရန်က လွတ်အောင် ဘဲလ်တစ်ဒေသ ကို စုပြုံ ပြေးလာကြတယ်။ နောက်က ထပ်ချပ်မကွာလိုက်လာနေတဲ့ နာဇီဂျာမနီရန် ကြောင့် လတ်ဗီးယား ။ လစ်သူယေးနီးယား စတဲ့ ဘဲလ်တစ်ဂျူး တွေဟာလည်း ပြည်ပကို ထွက်ပြေးချ င်နေကြတယ်။ ဒါပေမယ့် သူတို့ကို ဘယ်သူကမှ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးကြဘူး။ လုပ်ပေးတဲ့သူဟာ အသက်နိုင်တဲ့အထိ ကြီးလေးတဲ့ပြစ်ဒဏ်ခံရနိုင်ပါတယ်။

ဆုဂိဟယ ဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အထက်ကို ၃ ကြိမ်တိုင်တိုင် အစီရင်ခံခဲ့တယ် ။ တိကျတဲ့ ညွှန်ကြားချက်မရတဲ့အဆုံး ကိုယ့်သဘောနဲ့ ကိုယ် ဂျူးတွေကို ဂျပန်ဗီဇာ ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ် ။ တော်ရုံသတ္တိနဲ့တော့ ဒီလိုစွန့်စားဖို့ဆိုတာ မလွယ်ကူလှပါဘူး။
” ကျု ပ်က ကိုယ့်အစိုးရကိုယ် ဆန့်ကျင်ချင် ဆန့်ကျင်မယ် ။ ကိုယ့် ဘုရားသခင် ကိုယ် မဆန့်ကျင်နိုင်ဘူး “ လို့သူ့ကိုယ်ရေးမှတ်တမ်း စာအုပ်မှာ ရေးခဲ့တယ် ။

ဒါနဲ့ပဲ ဆုဂိဟယ ဟာ ၁၉၄၀ ခုနှစ် ဇွန်လ က စက်တင်ဘာလ အတွင်း ဂျူးတွေအတွက် ဂျပန်ပြည်ဝင်ခွင့်ဗီဇာကို မရပ်မနား ထုတ်ပေးပါတော့တယ် ။ ဗီဇာ စာရွက်စာတမ်းတွေ အပေါ်မှာ လက်မှတ်ထိုးဖို့ နေ့ရော ညရော အလုပ်လုပ်ရတယ် ။ တနေ့ကို ၄ နာရီက ၆ နာရီပဲ အိပ်စက်အနားယူပြီး ဗီဇာစာရွက်စာတမ်းတွေ အပေါ်မှာ မနေမနား လက်မှတ်ထိုးပေးခဲ့တယ်လို့ ဆိုပါတယ် ။

ဗီဇာ ရဖို့ မဖြစ်နိုင်တဲ့ ဂျူးတွေကိုလည်း ဆိုဗီယက်ရပ်ရှား အရာရှိတချို့နဲ့ ညှိနှိုင်းပြီး ဆိုက်ဘေးရီးယားဖြတ် ရထား စီးနင်းခွင့်လက်မှတ်ရအောင် ကူညီပေးခဲ့ပါသေးတယ် ။ သူတို့ဟာ အဲ့ဒီရထား စီးနင်းပြီး ဆိုဗီယက်ရပ်ရှားပြည်ထောင်စု အရှေ့ခြမ်း ပစိဖိတ်သမုဒ္ဒရာကမ်းခြေ ဗလာဒီဗော့စတော့မြို့ကို အရောက်သွားနိုင်ကြလို့ စစ်အတွင်း နာဇီဘေးရန်က ဝေးရာကို ရောက်သွားနိုင်ခဲ့ကြတယ် ။

၁၉၄၀ စက်တင်ဘာလမှာ ဆိုးဝါးလာတဲ့ ကမ္ဘာစစ်အခြေအနေ ကြောင့် လစ်သူယေးနီးယားက ကောင်စစ်ဝန်ရုံးကို ပိတ်လိုက်ဖို့ ဂျပန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ် ။ ဆုဂိဟယ ဟာ ပြည်တော်ပြန်ဖို့ ရထားဘူတာရုံကို သွားနေချ ိန်အထိ ဗီဇာစာရွက်တွေ အပေါ်မှာ လက်မှတ်ထိုးပေးနေတုန်းပဲလို့ မျက်မြင်တွေ့ဖူးသူတွေက ပြောပြပါတယ် ။

ရထားထွက်တဲ့အခါ သူ လက်မှတ်ထိုးပြီး နောက်ဆုံးကျ န်တဲ့ ဗီဇာစာရွက်စာတမ်း တချို့ကို စောင့်ဆိုင်းနေတဲ့ ဂျူးဒုက္ခသည် လူအုပ်ကြီးထဲ ကြဲချ ပေးခဲ့တယ် ။ ပြီးတော့ လူအုပ်ကြီးဘက် ဦးညွှတ်နှုတ်ဆက်ပြီး ” ခွင့်လွှတ်ပါဗျာ ။ ကျွန်တော် ဒီထက်ပိုပြီး မကူညီနိုင်တော့ပါဘူး ” လို့ နှုတ်ဆက်စကား ပြောခဲ့တယ် ဆိုပါတယ် ။

ဒီအချိန်တိုလေးအတွင်းမှာ ဆုဂိဟယ ဟာ ဂျ ပန် ပြည်ဝင်ခွင့်ဗီဇာ ( ၂၁၃၉ ) စောင် ထုတ်ပေးနိုင်ခဲ့တယ် ။ သူ့သဘောနဲ့ သူ ထုတ်ပေးလိုက်တဲ့ ဒီ ဗီဇာတွေကြောင့် ခလေးငယ်တွေ အပါအဝင် ဂျူးလူမျို း ( ၆၀၀၀ ) ကျော် ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။ဒုတိယကမ္ဘာစစ် အပြီးမှာ သူဟာ မဟာမိတ်စစ်သုံ့ပန်း စခန်းမှာ ( ၁၈ ) လကြာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ် ။

အဲဒီနောက် ဒုတိယကမ္ဘာစစ်မတိုင်ခင် ကာလက အထက်ကခွင့်ပြုချက် မရှိပဲ မိမိတဦးတည်းသဘောနဲ့ပြည်ဝင်ခွင့်ဗီဇာတွေ ထုတ်ပေးခဲ့တဲ့အတွက် ဆိုပြီး နိုင်ငံခြားရေးဌာနက သူ့ကို အလုပ်ထုတ်ပစ်လိုက်တယ်။ ဆုဂိဟယ ဟာ သူ့ဘဝ ကျန်ရှိတဲ့အချိန်တွေမှာ တဝမ်းတခါးအတွက် လျှပ်စစ်မီးသီးတွေ တအိမ်ဝင်တအိမ်ထွက် ရောင်းရတဲ့ အရောင်းသမားအဖြစ် ခက်ခဲပင်ပန်းစွာ အသက်မွေးခဲ့ရပါတယ် ။

ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ချက်အတွက် အသိအမှတ်ပြု ဂုဏ်ပြုမှု ကို ဆုဂိဟယ မသေမီ တွေ့မြင်ခွင့်ရသွားခဲ့တယ် ။ ၁၉၈၄ ခုနှစ်မှာ အစ္စရေးနိုင်ငံက သူ့ကို ဂုဏ်ထူးဆောင်နိုင်ငံသား အဖြစ် ဂုဏ်ပြု ခဲ့တာဖြစ်တယ် ။ ကျန်းမာရေးဆိုးရွားနေတာကြောင့် ဇနီးနဲ့သား သာ သူ့ကိုယ်စားတက်ရောက် ဆုယူနိုင်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ သူကွယ်လွန် ခဲ့ပါတယ် ။

သူကွယ်လွန်ချိန်အထိ ဂျပန်နိုင်ငံသားတွေဟာ သူ့ရဲ့မေတ္တာစေတနာကြီးမြတ်မှုတွေကို မသိကြသေးပါဘူး။ ကွယ်လွန်ပြီးမှသာ သူ့ရဲ့ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်ချက်များကို သိရှိခဲ့ရကြပြီး ဘဝကိုခက်ခဲစွာဖြတ်သန်းခဲ့တဲ့ သူ့အတွက် ယူကြုံးမရဖြစ်ခဲ့ကြပါတယ်။

VIDEO-

ဦးကိုကိုဦး ( သာယာဝတီ )
( ref : The Daily Beast ” Lessons from Japan’s Schindler ” )

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!