Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နျူကလီးယားဆောင်းဥတု ဆိုသည်မှာ

by Thutamm
August 8, 2019
Reading Time: 1min read
0
နျူကလီးယားဆောင်းဥတု ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – Ko Kyaw Min Aung

နျူကလီးယားဆောင်းဥတု(Nuclear Winter) ဆိုတာ နျူကလီယားစစ်ပွဲတစ်ခု ဖြစ်ပြီးတဲ့နောက်မှာ နျူကလီးယားပေါက်ကွဲမူတွေနဲ့ မီးမုန်တိုင်းတွေက လွင့်ပျံထွက်ပေါ်လာတဲ့ ပြာမူန်တွေ၊ မီးခိုးတိမ်တိုက်တွေရဲ့ ကာဆီးမူကြောင့် လပေါင်းများစွာကြာအောင် နေရောင်ကိုမမြင်တွေ့ရဘဲ အမှောင်ကာလရှည်ထဲမှာ အပူချိန်ကျဆင်းမှုကို ရင်ဆိုင်ရမယ့် ကမ္ဘာလုံးဆိုင်ရာ ဘေးဆိုးကြီးတခုဖြစ်ပါတယ်။ နျူကလီးယားဆောင်းဥတုရဲ့ပေါ်လွင်တဲ့ ဝိသေသလက္ခဏာကတော့ မှောင်မိုက်ခြင်းနဲ့ အေးစက်ခြင်း ဖြစ်ပါတယ်။

နျူကလီးယားဆောင်းဥတု ဆိုတဲ့ အယူအဆကို ၁၉၈၃ ခုနှစ်မှာအမေရိကန် သိပ္ပံပညာရှင် Carl Saganက parade စာစောင်ထဲမှာစပြီးဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နျူကလီးယားဆောင်းဥတု သီအိုရီနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ ဂယက်ထအောင် ဆွေးနွေးငြင်းခုံ ခဲ့ကြပါတယ်။ အထူးသဖြင့် သမ္မတရေဂင် ရဲ့ စတားဝါးမဟာဗျူ ဟာလက်နက်စီမံကိန်းမှာပါဝင်တဲ့ သိပ္ပံပညာရှင်တွေက ဒီသီအိုရီကိုဆန့်ကျင် ကြပါတယ်။ နောက်ပိုင်းမှာတော့ Sagan ရဲ့သီအိုရီကို တော်တော်များများက လက်ခံလာကြပါတယ်။

ယခင်က နျူကလီးယားစစ်ပွဲမှာ အနိုင်ရရှိသူ ရှိမယ် လို့လက်ခံထားကြပါတယ်။ အဲဒါကြောင့် အမေရိကန်နဲ့ ဆိုဗီယက် နှစ်နိုင်ငံ အပြိုင်အဆိုင်နျူကလီးယားလက်နက်တွေ ထုတ်လုပ်ခဲ့ကြပါတယ်။ အရေအတွက်မှာသူ့ထက်ကိုယ်ကသာအောင် ကြိုးစားကြရုံမက ဗုံးတလုံးချင်းရဲ့ ဖျက်ဆီးနိုင်တဲ့စွမ်းရည်ကိုလည်း တိုးသထက်တိုးလာအာင်လုပ်ကြပါတယ်။

ဒုံးပျံတစင်းက အနုမြူထိပ်ဖူးပေါင်းမြောက်မြားစွာကိုသယ်ဆောင်နိုင်ရုံမျှမကထိပ်ဖူးတလုံးက ပစ်မှတ်တခုစီကိုသီးခြားထိမှန်အောင်ထိန်းချုပ်နိုင်ပါတယ်။ ဒုံးပျံတွေကိုလည်းပိုဝေးဝေးသွားနိုင်အောင် တိုးတက်ကြံဆောင်ကြပါတယ်။ သမုဒ္ဒရာရေအောက်မှာ ငုပ်လျိုးနေတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းဟာ မြို့ကြီးပေါင်း ၁၀၀လောက်ကိုပြာကျသွားစေနိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေတပ်ဆင်ထားပါတယ်။

လက်ဦးမူရတဲ့သူက နျူကလီးယားစစ်ပွဲမှာ အနိုင်ရလိမ့်မယ် လို့ယုံကြည်ယူဆထားတဲ့အတွက် နှစ်ဖက်စလုံးက တဦးကိုတဦး အလွတ်မပေး ၂၄နာရီအမြဲစောင့်ကြည့်နေကြပါတယ်၊ ကိုယ့်ရဲ့ နျူထိပ်ဖူးတပ်လက်နက်တွေကို တစ်ဖက်နိုင်ငံကမြို့ကြီးတွေကို အသင့်ချိန်ရွယ်ထားကြပြီး တစ်ဖက်က လူပ်တာနဲ့ ပစ်လွှတ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ စစ်အေးခေတ်တလျှောက်လုံး ဘယ်နေ့ နျူကလီးယားစစ်ပွဲဖြစ်မလဲဆိုပြီး ရင်တမမ စိုးတထိတ်ထိတ်နဲ့ နေနေကြရပြီး နျူကလီးယားအိပ်မက်ဆိုးကြီးရဲ့ ခြောက်လှန့့်မူကို အစဉ်အမြဲခံနေရပါတယ်။

သိပ္ပံပညာရှင် Sagan က သူ့သီအိုရီအရ နျူကလီးယားစစ်ပွဲမှာ အနိုင်ရရှိသူမရှိနိုင်ဘူး လို့ဆိုပါတယ်။ အစွမ်းကုန်တိုက်ကြမယ့် နျူကလီးယားစစ်ပွဲ မဆိုထားနဲ့ ကန့်သတ် နျူကလီးယားစစ်ပွဲအသေးစားတခု (ဥပမာ ကမ္ဘာ့ နျူလက်နက် အရေအတွက်ရဲ့ တစ်ရာခိုင်နူန်းပြည့်အောင်တောင် မပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ပါကစ္စတန်ကြားဖြစ်ပွားနိုင်တဲ့ နျူကလီးယားစစ်ပွဲမျိုး)ကတောင်ဒေသတခွင် လွှမ်းခြုံနိုင်မယ့်နျူကလီးယားဆောင်းဥတုကို ဖန်တီးနိုင်ပါတယ် တဲ့။

ဥပမာအားဖြင့် ဟီရိုရှီးမားမှာကြဲချခဲ့တဲ့အနုမြူဗုံးအလုံး ၅၀ လောက် သုံးရင်ကို နျူကလီးယားဆောင်း ဥတုဖြစ်ပေါ်ဖို့လုံလောက်ပြီလို့ဆိုပါတယ်။ ဒါဆိုရင်မေးစရာတခုရှိပါတယ်။ ဟီရိုရှီမားအနုမြူ ဗုံးထက်အဆ ၁၅၀၀လောက် စွမ်းအားကြီးတဲ့Tsar Bomba အနုမြူဗုံးကြီးကိုရုှရားတို့စမ်းခဲ့တုန်းက ဘာဖြစ်လို့ နျူကလီးယားဆောင်းဥတုမဖြစ်ပေါ်ခဲ့တာလဲ။

အဓိက နျူကလီးယားဆောင်းဥတုကိုဖြစ်ပေါ်စေတဲ့အရာက ဗုံးရဲ့ ပြင်းအားမဟုတ်ပါဘူး။ ကြဲချတဲ့နေရာနဲ့လောင်ကျွမ်းမူက ထွက်ပေါ်လာတဲ့မီးခိုးတွေ၊ပြာမူန်တွေရဲ့ အမျိုးအစား၊ ထုထည်ပေါ်မူတည်ပါတယ်။ မြို့ကြီးပြကြီးတခုနဲ့အနီးအနားတောအုပ်တွေ လောင်ကျွမ်းပျက်စီးလို့ထွက်ပေါ်လာမယ့် မီးခိုးတွေ၊ ပြာမူန်တွေရဲ့ထုထည်က အဆမတန်ကြီးမှာပါ။ ရုရှားရဲ့ Tsar Bomba စမ်းသပ်ခဲ့တဲ့နေရာက လောင်ကျွမ်းစရာဘာမှမရှိတဲ့ရေခဲပြင် လွင်တီးခေါင်ကြီးဖြစ်ပါတယ်။ သီအိုရီအရ နျူကလီးယားဆောင်းဥတုကို နျူကလီးယားစစ်ပွဲကသာ ဖန်တီးနိုင်တာမဟုတ်ပါဘူး။

အလွန်ပြင်းထန်တဲ့ မီးတောင်ပေါက်ကွဲမူတွေ၊ တောမီးလောင်ကျွမ်းမူတွေကလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၆၅သန်းက ဒိုင်နိုဆောတွေကို မျိုးသုဉ်းစေခဲ့တဲ့ ဖြစ်ရပ်ဟာ ကမ္ဘာကို ဥက္ကာပျံဝင်တိုက်မူကြောင့် နျူကလီးယားဆောင်းဥတုပုံစံမျိုးဖြစ်ပေါ်ခဲ့တာကြောင့်လို့ သိပ္ပံပညာရှင်တွေလက်ခံထားကြပါတယ်။

နျူကလီးယားဆောင်းဥတုကာလမှာ ဖုန်မူန့်တွေ၊ မီးခိုးမြူတိမ်တိုက်တွေ ကောင်းကင်တခွင်အုံ့ဆိုင်းနေမှာဖြစ်လို့ လပေါင်းများစွာကြာအောင်နေရောင်ခြည်ကို မြင်တွေ့ရမှမဟုတ်ပါဘူး။ နေရောင်မရတဲ့အတွက် အပင်တွေရဲ့ နေရဲ့အလင်းနဲ့ အစာချက်လုပ်တဲ့ဖြစ်စဉ်ကို ထိခိုက်မှာဖြစ်ပါတယ်။ သီးနှံအထွက်နူန်းတွေ ကျဆင်း၊ အစာကွင်းဆက်တွေ ကမောက်ကမဖြစ်ကာ တကမ္ဘာလုံး မဟာအငတ်ဘေးကြီး ဆိုက်ရောက်ကြမှာပါ၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်စီဂျင်ကိုထုတ်ပေးမယ့် အပင်တွေသေကုန်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်တွေလေထဲမှာပိုများလာမှာ ဖြစ်ပါတယ်။ လူတွေ ရူဖို့အောင်စီဂျင်ကိုတောင် လုံလုံလောက်လောက် မရနိင်တော့ဘူး။ နေရောင်နဲ့မထိတွေ့ရတဲ့အတွက် ဗီတာမင်ဒီချို့တဲ့မူတွေကြုံလာကြမယ်။

နျူကလီးယားပေါက်ကွဲမူတွေကြောင့် အိုဇုန်းလွှာပေါက်ပြဲပျက်စီးကုန်တဲ့အတွက် နေကလာတဲခရမ်းလွန်ရောင်ခြည်ကို တိုက်ရိုက်ထိတွေ့ရတော့မှာဖြစ်တဲ့အတွက် အရေပြားနဲ့ မျက်လုံးထိခိုက်မူတွေပိုဖြစ်လာကြမယ်။ အစားအစာငတ်မွတ်ခေါင်းပါးမူတွေနေ မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမူတွေ ကင်းမဲ့လာမယ်။ မင်းမဲ့စရိုက်တွေဆန်လာမယ်။ အထိန်းအကွပ်မရှိတော့တဲ့ လူ့အဖွဲ့အစည်းလည်း တစတစပြိုကွဲပျက်စီးသွားမယ်။ နျူကလီးယားစစ်ပွဲအတွင်းမှာရှင်သန် ကျန်ခဲ့သူတွေဟာ စစ်ပွဲအပြီးတွေ့ကြုံရမယ့်နျူကလီးယားဆောင်းဥတုကနေ အသက်ရှင်လွတ်မြောက်ဖို့လမ်းမရှိလှပါဘူး။

Nuclear Winter သီအိုရီ မပေါ်ခင်ကတည်းက အနုမြူ စွမ်းအင်ဖော်မြူလာကို ဖော်ထုတ်ခဲ့သူ အိုင်းစတိုင်းက အခုလိုပြောခဲ့ဖူးပါတယ်။ “တတိယကမ္ဘာစစ်မှာ ဘာလက်နက်တွေသုံးမယ်ဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် စတုတ္ထကမ္ဘာစစ်မှာတော့လူတွေ တစ်ယောက်ကိုတစ်ယောက် ကျောက်တုံးတွေနဲ့ပစ်ပေါက်ကြလိမ့်မယ်။”
ဒါဟာ အနုမြူစစ်ပွဲကြောင့်လူ့ယဉ်ကျေးမူ ပျက်သုဉ်းသွားနိုင်တယ်ဆိုတာ သတိပေးခဲ့တာပါ။

နျူကလီးယားဆောင်းဥတုဟာ ကမ္ဘာပေါ်ကသက်ရှိအများစုကို မျိုးသုဉ်း သွားစေမယ့်အပြင် လူ့ယဉ်ကျေးမူနဲ့ လူသားမျိုးနွယ် တခုလုံးကိုပါပျောက်ကွယ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီသီအိုရီရဲ့ မှန်ကန်နိုင်မူအပေါ်အငြင်း ပွားမူတွေရှိပေမယ့် အနည်းဆုံးတော့ ဒီသီအိုရီကြောင့် နျူကလီးယားစစ်ပွဲကိုရှောင်လွှဲနိုင်စေခဲ့တယ်လို့ပြောနိုင်ပါတယ်။ နျူကလီးယားစစ်ပွဲမှာအနိုင်ရရှိသူ မရှိနိုင်ဘူးလို့ အမေရိကန်နဲ့ရုရှားကခေါင်းဆောင်တွေကပါ နောက်ပိုင်းမှာယုံကြည် လက်ခံလာကြပြီး နျူကလီးယားလက်နက်ကန့်သတ်လျှော့ချရေး၊ စမ်းသပ်မှုပိတ်ပင်ရေးတွေလုပ်ကြဖို့ နှစ်နိုင်ငံသဘောတူညီချက်တွေရလာခဲ့ပါတယ်။

Written by Kyaw Min Aung

Tags: science knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!