(Unicode)
အသက် ၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကင်ညာနိုင်ငံက ကလေးငယ် တစ်ဦးဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ သစ်သားလက်ဆေးစက်အတွက် သမ္မတကပေးအပ်တဲ့ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ လက်ဆေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုကို တားဆီးစေချင်တာကြောင့် အခုလို ဖန်တီးရတာလို့ သူက ဆိုပါတယ်။
ကလေးငယ်ရဲ့ အမည်ကတော့ စတီဖင်ဝမ်မူကိုတာ ဖြစ်ပြီး ကင်ညာအနောက်ပိုင်း ဘွန်ဂိုမာဒေသမှာ နေထိုင်သူဖြစ်ပါတယ်။ ကလေးငယ်ဟာ ဒီဆုအတွက် လူပေါင်း ၆၈ ယောက်ရွေးချယ်ခဲ့ရာမှာ ပါဝင်ခဲ့ပြီး အသက်အငယ်ဆုံး ဆုချီးမြှင့်ခံရသူဖြစ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၇၀၀ကျော် ရှိသွားပြီဖြစ်တဲ့ ကင်ညာနိုင်ငံမှာ ကိုဗစ်နိုင်တင်းကို တားဆီးနိုင်ဖို့အတွက် ဝမ်မူကိုတာ ဟာ သူတတ်နိုင်သလောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ဝမ်မူကိုတာ ရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ကတော့ သားဖြစ်သူဟာ တီဗီအစီအစဉ်ကနေလာတဲ့ ကိုဗစ်နိုင်တင်းကူးစက်မှုကို တားဆီးဖို့ ဘယ်လိုနေထိုင်ရမလဲ ဆိုတဲ့အစီအစဉ်ကို ကြည့်ခဲ့ပြီးတဲ့နောက်မှာ အခုလိုအကြံဉာဏ်ကို ရရှိခဲ့တာလို့ ဆိုပါတယ်။
ကျွန်တော်တို့နိုင်ငံကို ကိုဗစ်နိုင်တင်း စတင်ကူးစက်ကတည်းက ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ လူတိုင်းမဖြစ်မနေ လက်ပုံမှန်ဆေးကြရမယ်လို့ သမ္မတကြီးက ကြေငြာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သားဖြစ်သူဟာ လူတွေကို ကူညီဖို့ ပိုမိုလွယ်ကူတဲ့ လက်ဆေးစက်တည်ဆောက်သွားမယ်ဆိုတာ သူ့ကိုပြောခဲ့ကြောင်း ဖခင်ဖြစ်သူက ထပ်ပြောခဲ့ပါတယ်။
လက်ဆေးစက်တည်ဆောက်ဖို့ အတွက် ဝမ်မူကိုတာ ဟာ အနီးအနားမှာ ရှိတဲ့ အတိုအစတွေကိုပဲ အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံး သစ်သားတွေ သံတွေနဲ့အတူ စည်ပိုင်းငယ် တလုံးကို ရှာဖွေစုဆောင်းခဲ့ပါတယ်။
အီလက်ထရောနစ် စက်ပြင်သမားတယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူ အပြင်က ပြန်လာချိန်မှာ သားဖြစ်သူ ဝမ်မူကိုတာ ဟာ ပြတင်းပေါက်လုပ်တုန်းက ပိုတဲ့သစ်တွေနဲ့ လက်ဆေးစက် လုပ်နေခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။
သူ့ရဲ့လက်ဆေးစက်ကို သစ်သားတွေနဲ့ပဲ အဓိကဖန်တီးထားတာဖြစ်ပြီး သစ်သားခြေနင်း နှစ်ခုပါရှိပါတယ်။ ခြေနင်းတခုက ဆပ်ပြာကို ညှစ်ပေးဖို့ဖြစ်ပြီး နောက်တခုက ရေကိုဖွင့်ပေးဖို့ဖြစ်ပါတယ်။
ဒါဟာ လူတွေကို လက်ဆေးတဲ့အခါမှာ ဘယ်အစိတ်အပိုင်းကိုမှ လက်နဲ့ထိစရာမလိုပဲ ခြေနင်းရုံနဲ့ ဆေးနိုင်မှာဖြစ်တာကြောင့် တဆင့် ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ကလေးငယ်ဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ ဒီလိုတည်ဆောက်နိုင်ရခြင်းအကြောင်းကတော့ သူတို့ကျောင်းတွေမှာသင်တဲ့ ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ခြင်း ဆိုတဲ့ လက်တွေ့သင်ခန်းစာကြောင့် ဖြစ်ပါတယ်။ အရင်ကတည်းက သစ်သားအစိတ်အပိုင်းတွေ သံ နဲ့ တူတွေကို အသုံးပြုဖူးတာကြောင့် သူ့ရဲ့အိုင်ဒီယာကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒေသအုပ်ချုပ်ရေးမှူးကလည်း ဒီလိုဖန်တီးမှုအတွက် ဝမ်မူကိုတာကို မူလတန်း နဲ့ အလယ်တန်းအတွက် ပညာသင်ဆုပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ဝမ်မူကိုတာ ရဲ့ ရည်မှန်းချက်ကတော့ တည်ဆောက်ရေး အင်ဂျင်နီယာတယောက်ဖြစ်လာဖို့ပါ။ ဖခင်ဖြစ်သူကလည်း သမ္မတကိုယ်တိုင်ပေးအပ်တဲ့ ဆုကို ရရှိခဲ့တာဟာ ကြီးမားတဲ့အထောက်အပံ့တခုဖြစ်ခဲ့ပြီး သားဖြစ်သူကို နိုင်ငံအတွက် ထင်ရှားတဲ့သူတယောက်ဖြစ်လာဖို့ မျှော်လင့်ထားတယ် လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့်ဆိုရင်တော့ လက်ဆေးစက်တည်ဆောက်တယ် ဆိုတာ သိပ်မထူးခြားပေမယ့် သမ္မတချီးမြှင့်တဲ့ဆုကို ရရှိခဲ့တဲ့အကြောင်းအရင်းကတော့ အသင်ငယ်ရွယ်ပေမယ့် နိုင်ငံအတွက် သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးခဲ့လို့ ဖြစ်ပါတယ်။
VIDEO
—– ——— ——–
(Zawgyi)
ကင္ညာက လက္ေဆးစက္တည္ေဆာက္တဲ့ ၉ႏွစ္ အ႐ြယ္ကေလးငယ္
အသက္ ၉ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကင္ညာႏုိင္ငံက ကေလးငယ္ တစ္ဦးဟာ သူကုိယ္တုိင္ဖန္တီးထားတဲ့ သစ္သားလက္ေဆးစက္အတြက္ သမၼတကေပးအပ္တဲ့ဆု ခ်ီးျမွင့္ျခင္းခံခဲ့ရပါတယ္။ လက္ေဆးျခင္းအားျဖင့္ ကိုရုိနာဗုိင္းရပ္စ္ပ်ံ႕ႏွံမႈကို တားဆီးေစခ်င္တာေၾကာင့္ အခုလုိ ဖန္တီးရတာလုိ႔ သူက ဆုိပါတယ္။
ကေလးငယ္ရဲ႕ အမည္ကေတာ့ စတီဖင္၀မ္မူကိုတာ ျဖစ္ၿပီး ကင္ညာအေနာက္ပုိင္း ဘြန္ဂုိမာေဒသမွာ ေနထုိင္သူျဖစ္ပါတယ္။ ကေလးငယ္ဟာ ဒီဆုအတြက္ လူေပါင္း ၆၈ ေယာက္ေရြးခ်ယ္ခဲ့ရာမွာ ပါ၀င္ခဲ့ၿပီး အသက္အငယ္ဆုံး ဆုခ်ီးျမွင့္ခံရသူျဖစ္ခဲ့ပါတယ္။
ကိုရုိနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း ၂၇၀၀ေက်ာ္ ရွိသြားၿပီျဖစ္တဲ့ ကင္ညာႏုိင္ငံမွာ ကိုဗစ္ႏုိင္တင္းကို တားဆီးႏုိင္ဖုိ႔အတြက္ ၀မ္မူကိုတာ ဟာ သူတတ္ႏုိင္သေလာက္လုပ္ခဲ့တာျဖစ္ပါတယ္။
၀မ္မူကိုတာ ရဲ႕ဖခင္ျဖစ္သူ ဂ်ိမ္းစ္ကေတာ့ သားျဖစ္သူဟာ တီဗီအစီအစဥ္ကေနလာတဲ့ ကိုဗစ္ႏုိင္တင္းကူးစက္မႈကို တားဆီးဖုိ႔ ဘယ္လုိေနထုိင္ရမလဲ ဆုိတဲ့အစီအစဥ္ကို ၾကည့္ခဲ့ၿပီးတဲ့ေနာက္မွာ အခုလုိအႀကံဥာဏ္ကို ရရွိခဲ့တာလုိ႔ ဆုိပါတယ္။
ကြ်န္ေတာ္တုိ႔ႏုိင္ငံကို ကုိဗစ္ႏုိင္တင္း စတင္ကူးစက္ကတည္းက ဗုိင္းရပ္စ္ကုိ ကာကြယ္ဖုိ႔ လူတုိင္းမျဖစ္မေန လက္ပုံမွန္ေဆးၾကရမယ္လုိ႔ သမၼတႀကီးက ေၾကျငာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ သားျဖစ္သူဟာ လူေတြကို ကူညီဖို႔ ပုိမုိလြယ္ကူတဲ့ လက္ေဆးစက္တည္ေဆာက္သြားမယ္ဆုိတာ သူ႔ကိုေျပာခဲ့ေၾကာင္း ဖခင္ျဖစ္သူက ထပ္ေျပာခဲ့ပါတယ္။
လက္ေဆးစက္တည္ေဆာက္ဖုိ႔ အတြက္ ၀မ္မူကိုတာ ဟာ အနီးအနားမွာ ရွိတဲ့ အတုိအစေတြကိုပဲ အသုံးျပဳခဲ့ျခင္းျဖစ္ပါတယ္။ ပထမဆုံး သစ္သားေတြ သံေတြနဲ႔အတူ စည္ပုိင္းငယ္ တလုံးကို ရွာေဖြစုေဆာင္းခဲ့ပါတယ္။
အီလက္ထေရာနစ္ စက္ျပင္သမားတေယာက္ျဖစ္တဲ့ ဖခင္ျဖစ္သူ အျပင္က ျပန္လာခ်ိန္မွာ သားျဖစ္သူ ၀မ္မူကိုတာ ဟာ ျပတင္းေပါက္လုပ္တုန္းက ပိုတဲ့သစ္ေတြနဲ႔ လက္ေဆးစက္ လုပ္ေနခဲ့ေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။
သူ႔ရဲ႕လက္ေဆးစက္ကို သစ္သားေတြနဲ႔ပဲ အဓိကဖန္တီးထားတာျဖစ္ၿပီး သစ္သားေျခနင္း ႏွစ္ခုပါရွိပါတယ္။ ေျခနင္းတခုက ဆပ္ျပာကို ညွစ္ေပးဖုိ႔ျဖစ္ၿပီး ေနာက္တခုက ေရကိုဖြင့္ေပးဖို႔ျဖစ္ပါတယ္။
ဒါဟာ လူေတြကို လက္ေဆးတဲ့အခါမွာ ဘယ္အစိတ္အပုိင္းကုိမွ လက္နဲ႔ထိစရာမလုိပဲ ေျခနင္းရုံနဲ႔ ေဆးႏုိင္မွာျဖစ္တာေၾကာင့္ တဆင့္ ေရာဂါကူးစက္မႈကုိ ကာကြယ္ေပးႏုိင္လိမ့္မယ္လုိ႔ ဆုိပါတယ္။
ကေလးငယ္ဟာ ငယ္ငယ္ရြယ္ရြယ္ နဲ႔ ဒီလုိတည္ေဆာက္ႏုိင္ရျခင္းအေၾကာင္းကေတာ့ သူတုိ႔ေက်ာင္းေတြမွာသင္တဲ့ ပစၥည္းအစိတ္အပုိင္းမ်ား တပ္ဆင္ျခင္း ဆိုတဲ့ လက္ေတြ႔သင္ခန္းစာေၾကာင့္ ျဖစ္ပါတယ္။ အရင္ကတည္းက သစ္သားအစိတ္အပုိင္းေတြ သံ နဲ႔ တူေတြကို အသုံးျပဳဖူးတာေၾကာင့္ သူ႔ရဲ႕အုိင္ဒီယာကို လက္ေတြ႔အေကာင္အထည္ေဖာ္ႏုိင္ခဲ့တာျဖစ္ပါတယ္။
ေဒသအုပ္ခ်ဳပ္ေရးမွဴးကလည္း ဒီလိုဖန္တီးမႈအတြက္ ၀မ္မူကိုတာကို မူလတန္း နဲ႔ အလယ္တန္းအတြက္ ပညာသင္ဆုေပးမယ္လုိ႔ ကတိေပးခဲ့ပါတယ္။
၀မ္မူကိုတာ ရဲ႕ ရည္မွန္းခ်က္ကေတာ့ တည္ေဆာက္ေရး အင္ဂ်င္နီယာတေယာက္ျဖစ္လာဖုိ႔ပါ။ ဖခင္ျဖစ္သူကလည္း သမၼတကုိယ္တုိင္ေပးအပ္တဲ့ ဆုကို ရရွိခဲ့တာဟာ ႀကီးမားတဲ့အေထာက္အပံ့တခုျဖစ္ခဲ့ၿပီး သားျဖစ္သူကို ႏုိင္ငံအတြက္ ထင္ရွားတဲ့သူတေယာက္ျဖစ္လာဖုိ႔ ေမွ်ာ္လင့္ထားတယ္ လုိ႔ ဆုိပါတယ္။
ပုံမွန္အားျဖင့္ဆုိရင္ေတာ့ လက္ေဆးစက္တည္ေဆာက္တယ္ ဆုိတာ သိပ္မထူးျခားေပမယ့္ သမၼတခ်ီးျမွင့္တဲ့ဆုကို ရရွိခဲ့တဲ့အေၾကာင္းအရင္းကေတာ့ အသင္ငယ္ရြယ္ေပမယ့္ ႏုိင္ငံအတြက္ သူတတ္ႏုိင္တဲ့ဘက္ကေန ပါ၀င္ေပးခဲ့လုိ႔ ျဖစ္ပါတယ္။